မူဆယ်မြို့နယ် တရားသူကြီး ရာဇာမင်းစိုး ပ-စ်ခ-တ်ခံရပြီး ပွဲချ-င်းပြီး

မူဆယ္ၿမိဳ႕နယ္ တရားသူႀကီး ရာဇာမင္းစိုး ပစ္ခတ္ခံရၿပီး ပြဲခ်င္းၿပီး ေသဆုံး၊ မရမ္းကုန္းၿမိဳ႕နယ္တြင္ စစ္ဗိုလ္ေဟာင္းတစ္ဦး ပစ္ခတ္ခံရ၊ ေက်ာက္မဲခ႐ိုင္႐ုံးတြင္ ဗုံးေပါက္

ရန္ကုန္၊ ေအာက္တိုဘာ ၆

ရွမ္းျပည္နယ္၊ မူဆယ္ၿမိဳ႕နယ္မွ ၿမိဳ႕နယ္တရားသူႀကီး ရာဇာမင္းစိုးသည္ ယေန႔ ညေနပိုင္း ပစ္ခတ္ခံရၿပီး ေသဆုံးသြားေၾကာင္း ေဒသခံမ်ားႏွင့္ ရဲသတင္းရင္းျမစ္ထံမွ သိရွိရသည္

ေအာက္တိုဘာလ ၆ ရက္ေန႔ ညေန ၅ နာရီအခ်ိန္ မူဆယ္ၿမိဳ႕နယ္တရား႐ုံးမွ ျပန္လာေသာ တရားသူႀကီး ရာဇာမင္းစိုးသည္ မူဆယ္ ၿမိဳ႕လယ္ေခါင္တြင္ ေသ နတ္ျဖင့္ ၄ ခ်က္ အပစ္ခတ္ခံရၿပီး ေသဆုံးျခင္းျဖစ္ေၾကာင္း ေဒသခံမ်ားက ဆို သည္

“ေခါင္းရယ္၊ ရင္ဘတ္နဲ႔ ဗိုက္ကို ၄ ခ်က္အပစ္ခံရပါတယ္။ ဆိုင္ကယ္နဲ႔ပဲ ပစ္သြားတာ။ အပစ္ခံရကတည္းက ေဆး႐ုံပို႔ေပမယ့္ ဆုံးသြားပါတယ္။ ဘယ္အဖြဲ႕ကလဲေတာ့ မသိပါဘူး” ဟု ေဒသခံတစ္ဦးက ဆိုသည္

အလားတူ ရန္ကုန္တိုင္း၊ မရမ္းကုန္းၿမိဳနယ္၊ ဘုရင့္ေနာင္ (၁) ရပ္ကြက္၊ တပင္ေ႐ႊထီးလမ္းတြင္ စစ္အရာရွိေဟာင္း သိန္းျမင့္ဦး ယေန႔ ညေန ၅ နာရီ ၄၀ မိနစ္အခ်ိန္တြင္ ပစ္ခတ္ခံရသျဖင့္ လဲက်သြားေၾကာင္း၊ လက္ရွိတြင္ စစ္တပ္ႏွင့္ရဲမ်ားက တပင္ေ႐ႊထီးလမ္းအပါအဝင္ ပတ္ဝန္းက်င္တစ္ခုလုံးကို လမ္းမ်ား ပိတ္ဆို႔ထားေၾကာင္း သိရွိရသည္

“ေသ၊ မေသေတာ့ မသိရေသးဘူး။ ဒါေပမယ့္ ပစ္ခတ္ခံရ‌ၿပီး လဲက်သြားတယ္။ ၿငိမ္ေနတာ မလႈပ္ေတာ့ဘူး။ ေသေလာက္မယ္ထင္တယ္။ အခုေတာ့ စစ္တပ္ေရာ ရဲေရာ အမ်ားႀကီးပဲ တပင္ေ႐ႊထီးလမ္းကို ပိတ္ခ်လိုက္တယ္။ စစ္လည္း စစ္ေနတယ္” ဟု ေဒသခံတစ္ဦးက ေျပာသည္


ထို႔ျပင္ ရွမ္းျပည္နယ္၊ ေက်ာက္မဲၿမိဳ႕ခ႐ိုင္႐ုံးအတြင္း ယမန္ေန႔ ညပိုင္း ဗုံးေပါက္ ကြဲမႈျဖစ္ပြားခဲ့လူထိခိုက္မႈမရွိေၾကာင္း ေဒသခံမ်ားထံမွ သိရွိရသည္

ယမန္ေန႔ ေအာက္တိုဘာ ၅ ရက္ေန႔ ည ၉ နာရီ ဝန္းက်င္တြင္ ေက်ာက္မဲခ႐ိုင္႐ုံးအတြင္း ဗုံးေပါက္ကြဲမႈျဖစ္ပြားၿပီး အနည္းငယ္ပ်က္စီးမႈမွ အပ မည္သည့္ထိခိုက္မႈမွ မရွိေၾကာင္း၊ ယေန႔တြင္ ေက်ာက္မဲၿမိဳ႕တစ္ခုလုံး စစ္တပ္ႏွင့္ရဲက လုံၿခဳံေရးတိုးျမႇင့္ထားေၾကာင္း သိရွိရသည္

မူဆယ်မြို့နယ် တရားသူကြီး ရာဇာမင်းစိုး ပစ်ခတ်ခံရပြီး ပွဲချင်းပြီး သေဆုံး၊ မရမ်းကုန်းမြို့နယ်တွင် စစ်ဗိုလ်ဟောင်းတစ်ဦး ပစ်ခတ်ခံရ၊ ကျောက်မဲခရိုင်ရုံးတွင် ဗုံးပေါက်


ရန်ကုန်၊ အောက်တိုဘာ ၆

ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်မှ မြို့နယ်တရားသူကြီး ရာဇာမင်းစိုးသည် ယနေ့ ညနေပိုင်း ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများနှင့် ရဲသတင်းရင်းမြစ်ထံမှ သိရှိရသည်

အောက်တိုဘာလ ၆ ရက်နေ့ ညနေ ၅ နာရီအချိန် မူဆယ်မြို့နယ်တရားရုံးမှ ပြန်လာသော တရားသူကြီး ရာဇာမင်းစိုးသည် မူဆယ် မြို့လယ်ခေါင်တွင် သေ နတ်ဖြင့် ၄ ချက် အပစ်ခတ်ခံရပြီး သေဆုံးခြင်းဖြစ်ကြောင်း ဒေသခံများက ဆို သည်


“ခေါင်းရယ်၊ ရင်ဘတ်နဲ့ ဗိုက်ကို ၄ ချက်အပစ်ခံရပါတယ်။ ဆိုင်ကယ်နဲ့ပဲ ပစ်သွားတာ။ အပစ်ခံရကတည်းက ဆေးရုံပို့ပေမယ့် ဆုံးသွားပါတယ်။ ဘယ်အဖွဲ့ကလဲတော့ မသိပါဘူး” ဟု ဒေသခံတစ်ဦးက ဆိုသည်

အလားတူ ရန်ကုန်တိုင်း၊ မရမ်းကုန်းမြိုနယ်၊ ဘုရင့်နောင် (၁) ရပ်ကွက်၊ တပင်ရွှေထီးလမ်းတွင် စစ်အရာရှိဟောင်း သိန်းမြင့်ဦး ယနေ့ ညနေ ၅ နာရီ ၄၀ မိနစ်အချိန်တွင် ပစ်ခတ်ခံရသဖြင့် လဲကျသွားကြောင်း၊ လက်ရှိတွင် စစ်တပ်နှင့်ရဲများက တပင်ရွှေထီးလမ်းအပါအဝင် ပတ်ဝန်းကျင်တစ်ခုလုံးကို လမ်းများ ပိတ်ဆို့ထားကြောင်း သိရှိရသည်

“သေ၊ မသေတော့ မသိရသေးဘူး။ ဒါပေမယ့် ပစ်ခတ်ခံရ‌ပြီး လဲကျသွားတယ်။ ငြိမ်နေတာ မလှုပ်တော့ဘူး။ သေလောက်မယ်ထင်တယ်။ အခုတော့ စစ်တပ်ရော ရဲရော အများကြီးပဲ တပင်ရွှေထီးလမ်းကို ပိတ်ချလိုက်တယ်။ စစ်လည်း စစ်နေတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်


ထို့ပြင် ရှမ်းပြည်နယ်၊ ကျောက်မဲမြို့ခရိုင်ရုံးအတွင်း ယမန်နေ့ ညပိုင်း ဗုံးပေါက် ကွဲမှုဖြစ်ပွားခဲ့လူထိခိုက်မှုမရှိကြောင်း ဒေသခံများထံမှ သိရှိရသည်


ယမန်နေ့ အောက်တိုဘာ ၅ ရက်နေ့ ည ၉ နာရီ ဝန်းကျင်တွင် ကျောက်မဲခရိုင်ရုံးအတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး အနည်းငယ်ပျက်စီးမှုမှ အပ မည်သည့်ထိခိုက်မှုမှ မရှိကြောင်း၊ ယနေ့တွင် ကျောက်မဲမြို့တစ်ခုလုံး စစ်တပ်နှင့်ရဲက လုံခြုံရေးတိုးမြှင့်ထားကြောင်း သိရှိရ

crd

Leave a Reply

Your email address will not be published. Required fields are marked *