အကျပ်ကိုင်ခံရသော ကြံ့ဖွတ်ဥက္ကဋ္ဌ သန်းဌေး မင်းအောင်လှိုင်အလိုကျ ဥက္ကဋ္ဌ ရာထူး ထပ်မပြိုင်တော့ဟု ကြေညာ၊

ရန္ပုံေငြ အလြဲသုံးစားမႈ၊ စီမံခန႔္ခြဲမႈ ညံ့ဖ်င္းမႈမ်ားျဖင့္ အက်ပ္ကိုင္ခံရေသာ ႀကံ့ဖြတ္ဥကၠ႒ သန္းေဌး မင္းေအာင္လႈိင္အလိုက် ဥကၠ႒ ရာထူး ထပ္မၿပိဳင္ေတာ့ဟု ေၾကညာ၊ ခင္ရီ ဥကၠ႒ ျဖစ္လာရန္ ရာႏႈန္းျပည့္ေသခ်ာေန

ရန္ကုန္၊ ေအာက္တိုဘာ ၄

ႀကံ့ဖြတ္ပါတီတြင္ ရန္ပုံေငြ အလြဲသုံးစားမႈ၊ စီမံခန႔္ခြဲမႈ ညံ့ဖ်င္းမႈမ်ားျဖင့္ အက်ပ္ ကိုင္ခံေနရေသာ သန္းဌးသည္ မင္းေအာင္လႈိင္၏ အလိုက် အတိုင္း ႀကံ့ဖြတ္ ဥကၠ႒ ရာထူးကို ထပ္မံ မယွဥ္ၿပိဳင္ေတာ့ေၾကာင္း ယေန႔ ႀကံ့ဖြတ္ ညီလာခံတြင္ တရားဝင္ ေၾကညာသြားၿပီျဖစ္သည္

“ဥကၠ႒ ရာထူးအတြက္ ယွဥ္ၿပိဳင္ဖို႔ အမည္စာရင္း ထပ္မတင္ေတာ့ဘူးဆိုတာ သူ အနားယူပါၿပီလို႔ ေျပာတာ။ သူမပါေတာ့ဘူးလို႔ ေျပာတာပါ။ တပ္ခ်ဳပ္ ေထာက္ခံတဲ့ အုပ္စု သေဘာအတိုင္း ၊ တပ္ခ်ဳပ္ သေဘာအတိုင္းပါလို႔ ေျပာခ်င္တာပါပဲ။ ဦးသန္းေဌးက လက္ေလွ်ာ့လိုက္ၿပီလို႔ေျပာလို႔ရတယ္။ ဦးခင္ရီ ဥကၠ႒ ျဖစ္ဖို႔က ၁၀၀ ရာခိုင္ႏႈန္းေသခ်ာပါတယ္” ဟု ေနျပည္ေတာ္သတင္းရင္းျမစ္က ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုသည္

လက္ရွိ ရရွိထားေသာ စာရင္းမ်ားအရ ႀကံ့ဖြတ္ပါတီ ဦးေဆာင္မည့္သူမ်ားတြင္ ခင္ရီ၊ ျမင့္လႈိင္၊ ေသာင္းေအး၊ ေမာင္ျမင့္၊ လွေဆြ၊ သူရျမင့္ေမာင္မ်ားသည္ ဗဟိုအလုပ္အမႈေဆာင္အသစ္မ်ားအျဖစ္ စာရင္းတြင္ပါဝင္ေနေၾကာင္း၊ စစ္သားမဟုတ္သည့္ သူတခ်ိဳ႕လည္း ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕တြင္ ပါဝင္ ဖြယ္ရွိေၾကာင္း သိရွိရသည္

ေ႐ြးေကာက္ပြဲအႏိုင္မရတာ၊ ပါတီဝင္ေတြသတ္ျဖတ္ခံေနရတာ၊ က်န္းမာေရးမေကာင္းတာရယ္ေၾကာင့္ ပါတီဥကၠဌတာဝန္ကနားတာလို႔ ဦးသန္းေဌးေျပာ

ဧရာဝတီတိုင္းမ္


ေအာက္တိုဘာလ ၄ ရက္

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီဥကၠ႒တာဝန္မွ တရားဝင္ရပ္နားေၾကာင္း ပါတီဥကၠဌ ဦးသန္းေဌးက ယေန႔က်င္းပျပဳလုပ္သည့္ ႀကံ့ခိုင္ေရး ပါတီညီလာခံတြင္ တရားဝင္ေျပာဆိုခဲ့ေၾကာင္း ပါတီအသိုင္းအဝိုင္းထံကသိရသည္

ေနျပည္ေတာ္ႀကံ့ခိုင္ေရးပါတီဌာနခ်ဳပ္တြင္ျပဳလုပ္သည့္ တတိယအႀကိမ္ ပါတီညီလာခံအဖြင့္မိန္႔ခြန္းတြင္ ၎ကိုေဝဖန္မႈမ်ားေၾကာင့္ ပါတီကိုစြန္႔ခြာျခင္းမဟုတ္ဘဲ ၂၀၂၀ ေ႐ြးေကာက္ပြဲအႏိုင္ရရွိေအာင္မစြမ္းေဆာင္ႏိုင္ျခင္းႏွင့္ က်န္းမာေရးအရျဖစ္ ေၾကာင္း ေျပာဆိုခဲ့သည္

၎က”ၿပီးခဲ့တဲ့ ေ႐ြးေကာက္ပြဲမွာ အႏိုင္ရေအာင္မလုပ္ႏိုင္ခဲ့တာရယ္၊ က်န္းမာေရးေၾကာင့္ရယ္ ၿပီးေတာ့ ၿမိဳ႕နယ္နဲ႔တိုင္းေဒသႀကီးအသီးသီးက ပါတီဝင္ေတြ သတ္ျဖတ္ခံရတာေတြကို ကြၽန္ေတာ့္ဘက္က ဘာမွ လုပ္ေဆာင္ႏိုင္ျခင္းမရွိတာေၾကာင့္ ခုလိုႏုတ္ထြက္ ရျခင္းျဖစ္ပါတယ္”ဟု ေျပာဆိုခဲ့ျခင္းျဖစ္သည္


လက္ရွိက်င္းပေနသည့္ ညီလာခံႏွင့္ပါတီဥကၠဌျပန္ေ႐ြး ခ်ယ္ပြဲတြင္လည္း ဦးသန္းေဌးအေနျဖင့္ျပန္လည္ေ႐ြးခ်ယ္ခံေတာ့မည္မဟုတ္ဘဲ ​အၿပီးတိုင္အနားယူမည္ျဖစ္ေၾကာင္းသိရသည္

USDP ပါတီဥကၠ႒ဦးသန္းေဌးသည္ ပါတီရန္ပုံေငြမ်ားကို အလြဲသုံးစားျပဳလုပ္ျခင္း၊ တစ္ဦးတည္း သေဘာျဖင့္ ပါတီစည္းမ်ဥ္းမ်ားေျပာင္းလဲမႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း ေဝဖန္သံမ်ားထြက္ေပၚၿပီးေနာက္ ဥကၠ႒ရာထူးမွ ရပ္နားေတာ့မည္ဟု သတင္းမ်ားထြက္ေပၚခဲ့ၿပီးေနာက္ ဒုဥကၠ႒ ဦးခင္ရီမွ လက္ရွိတြင္ ယာယီဥကၠ႒အျဖစ္ တာဝန္ယူထားသည္

ဦးခင္ရီသည္ ယခင္က ရဲခ်ဳပ္ေဟာင္းျဖစ္သလို ဗိုလ္မႉးခ်ဳပ္ေဟာင္းလည္းျဖစ္ၿပီး စစ္အာဏာသိမ္းၿပီးေနာက္ စစ္ေကာင္စီ၏ လဝကဝန္ႀကီး အျဖစ္ခန္႔အပ္ျခင္းခံခဲ့ရသူျဖစ္ၿပီး ၾသဂုတ္လ ၁၉ ရက္ေန႔က အဆိုပါလဝကဝန္ ႀကီးတာဝန္မွအနားေပးခံရကာ ႀကံ့ခိုင္ေရးပါတီသို႔ျပန္ လည္ေရာက္ရွိလာခဲ့ၿပီး စက္တင္ဘာလ တတိယအပတ္အတြင္းက ႀကံ့ခိုင္ေရးပါတီယာယီဥကၠဌျဖစ္လာခဲ့ျခင္းျဖစ္သည္

Unicode

ရန်ပုံငွေ အလွဲသုံးစားမှု၊ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုများဖြင့် အကျပ်ကိုင်ခံရသော ကြံ့ဖွတ်ဥက္ကဋ္ဌ သန်းဌေး မင်းအောင်လှိုင်အလိုကျ ဥက္ကဋ္ဌ ရာထူး ထပ်မပြိုင်တော့ဟု ကြေညာ၊ ခင်ရီ ဥက္ကဋ္ဌ ဖြစ်လာရန် ရာနှုန်းပြည့်သေချာနေ


ရန်ကုန်၊ အောက်တိုဘာ ၄

ကြံ့ဖွတ်ပါတီတွင် ရန်ပုံငွေ အလွဲသုံးစားမှု၊ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုများဖြင့် အကျပ် ကိုင်ခံနေရသော သန်းဌးသည် မင်းအောင်လှိုင်၏ အလိုကျ အတိုင်း ကြံ့ဖွတ် ဥက္ကဋ္ဌ ရာထူးကို ထပ်မံ မယှဉ်ပြိုင်တော့ကြောင်း ယနေ့ ကြံ့ဖွတ် ညီလာခံတွင် တရားဝင် ကြေညာသွားပြီဖြစ်သည်

“ဥက္ကဋ္ဌ ရာထူးအတွက် ယှဉ်ပြိုင်ဖို့ အမည်စာရင်း ထပ်မတင်တော့ဘူးဆိုတာ သူ အနားယူပါပြီလို့ ပြောတာ။ သူမပါတော့ဘူးလို့ ပြောတာပါ။ တပ်ချုပ် ထောက်ခံတဲ့ အုပ်စု သဘောအတိုင်း ၊ တပ်ချုပ် သဘောအတိုင်းပါလို့ ပြောချင်တာပါပဲ။ ဦးသန်းဌေးက လက်လျှော့လိုက်ပြီလို့ပြောလို့ရတယ်။ ဦးခင်ရီ ဥက္ကဋ္ဌ ဖြစ်ဖို့က ၁၀၀ ရာခိုင်နှုန်းသေချာပါတယ်” ဟု နေပြည်တော်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်

လက်ရှိ ရရှိထားသော စာရင်းများအရ ကြံ့ဖွတ်ပါတီ ဦးဆောင်မည့်သူများတွင် ခင်ရီ၊ မြင့်လှိုင်၊ သောင်းအေး၊ မောင်မြင့်၊ လှဆွေ၊ သူရမြင့်မောင်များသည် ဗဟိုအလုပ်အမှုဆောင်အသစ်များအဖြစ် စာရင်းတွင်ပါဝင်နေကြောင်း၊ စစ်သားမဟုတ်သည့် သူတချို့လည်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့တွင် ပါဝင် ဖွယ်ရှိကြောင်း သိရှိရသည်

ရွေးကောက်ပွဲအနိုင်မရတာ၊ ပါတီဝင်တွေသတ်ဖြတ်ခံနေရတာ၊ ကျန်းမာရေးမကောင်းတာရယ်ကြောင့် ပါတီဥက္ကဌတာဝန်ကနားတာလို့ ဦးသန်းဌေးပြော


ဧရာဝတီတိုင်းမ်

အောက်တိုဘာလ ၄ ရက်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌတာဝန်မှ တရားဝင်ရပ်နားကြောင်း ပါတီဥက္ကဌ ဦးသန်းဌေးက ယနေ့ကျင်းပပြုလုပ်သည့် ကြံ့ခိုင်ရေး ပါတီညီလာခံတွင် တရားဝင်ပြောဆိုခဲ့ကြောင်း ပါတီအသိုင်းအဝိုင်းထံကသိရသည်

နေပြည်တော်ကြံ့ခိုင်ရေးပါတီဌာနချုပ်တွင်ပြုလုပ်သည့် တတိယအကြိမ် ပါတီညီလာခံအဖွင့်မိန့်ခွန်းတွင် ၎င်းကိုဝေဖန်မှုများကြောင့် ပါတီကိုစွန့်ခွာခြင်းမဟုတ်ဘဲ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရရှိအောင်မစွမ်းဆောင်နိုင်ခြင်းနှင့် ကျန်းမာရေးအရဖြစ် ကြောင်း ပြောဆိုခဲ့သည်

၎င်းက”ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရအောင်မလုပ်နိုင်ခဲ့တာရယ်၊ ကျန်းမာရေးကြောင့်ရယ် ပြီးတော့ မြို့နယ်နဲ့တိုင်းဒေသကြီးအသီးသီးက ပါတီဝင်တွေ သတ်ဖြတ်ခံရတာတွေကို ကျွန်တော့်ဘက်က ဘာမှ လုပ်ဆောင်နိုင်ခြင်းမရှိတာကြောင့် ခုလိုနုတ်ထွက် ရခြင်းဖြစ်ပါတယ်”ဟု ပြောဆိုခဲ့ခြင်းဖြစ်သည်


လက်ရှိကျင်းပနေသည့် ညီလာခံနှင့်ပါတီဥက္ကဌပြန်ရွေး ချယ်ပွဲတွင်လည်း ဦးသန်းဌေးအနေဖြင့်ပြန်လည်ရွေးချယ်ခံတော့မည်မဟုတ်ဘဲ ​အပြီးတိုင်အနားယူမည်ဖြစ်ကြောင်းသိရသည်

USDP ပါတီဥက္ကဋ္ဌဦးသန်းဌေးသည် ပါတီရန်ပုံငွေများကို အလွဲသုံးစားပြုလုပ်ခြင်း၊ တစ်ဦးတည်း သဘောဖြင့် ပါတီစည်းမျဥ်းများပြောင်းလဲမှုများ ပြုလုပ်ခဲ့ကြောင်း ဝေဖန်သံများထွက်ပေါ်ပြီးနောက် ဥက္ကဋ္ဌရာထူးမှ ရပ်နားတော့မည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီးနောက် ဒုဥက္ကဋ္ဌ ဦးခင်ရီမှ လက်ရှိတွင် ယာယီဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည်


ဦးခင်ရီသည် ယခင်က ရဲချုပ်ဟောင်းဖြစ်သလို ဗိုလ်မှူးချုပ်ဟောင်းလည်းဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ လဝကဝန်ကြီး အဖြစ်ခန့်အပ်ခြင်းခံခဲ့ရသူဖြစ်ပြီး သြဂုတ်လ ၁၉ ရက်နေ့က အဆိုပါလဝကဝန် ကြီးတာဝန်မှအနားပေးခံရကာ ကြံ့ခိုင်ရေးပါတီသို့ပြန် လည်ရောက်ရှိလာခဲ့ပြီး စက်တင်ဘာလ တတိယအပတ်အတွင်းက ကြံ့ခိုင်ရေးပါတီယာယီဥက္ကဌဖြစ်လာခဲ့ခြင်းဖြစ်သည်

crd

Leave a Reply

Your email address will not be published. Required fields are marked *