မန္တလေးမှာ လူသ-တ်ပြီး ကားလုယက်လာသူတွေကို တောင်ကြီးမှာ ဖမ်းမိ
မဲခေါင်၊ အောက်တိုဘာ ၄
မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်မှာ လူသတ်ပြီး ကားလုယက်လာသူတွေကို ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ အောက်တိုဘာလ ၃ရက်၊ ညပိုင်းအချိန်က ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီဝါဒဖြန့်သတင်းဌာနတွေက ရေးသားဖော်ပြထားပါတယ်။
ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုပန်းခြံလမ်းနဲ့ ၁၂၈ လမ်းထောင့်မှာ အောက်တိုဘာလ ၂ရက်၊ ညပိုင်းက အမျိုးသားအလောင်း တွေ့ရှိခဲ့တာဖြစ်ပြီး သေဆုံးသူဟာ အဲဒီနေ့မနက်ပိုင်းက ဘုရားဖူးဖို့ ကားအငှား လိုက်သွားတဲ့ ကားဆရာ ကိုပြည့်ဆိုသူဖြစ်ကာ ကားငှားသူတွေက လူသတ်ကာ ကားလုယက်သွားတာ ဖြစ်တယ်လို့ သိရပါတယ်။
သေဆုံးသူ ကိုပြည်က အောက်တိုဘာလ ၂ရက်၊ နံနက် ၇ နာရီက ဘုရားဖူးဖို့ ကားငှားတဲ့ အတွက် အိမ်ကနေ ထွက်သွားပြီး ည ၈ နာရီကျော်မှာ ဒဏ်ရာအချို့နဲ့ သေဆုံးနေတဲ့ အလောင်းကို တွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အဲဒီလိုဖြစ်ပွားပြီးနောက် ကားလုယက်သွားသူတွေကို မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့က စုံစမ်းပြီး ရန်ကုန်တိုင်းရဲတပ်ဖွဲ့၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့နဲ့ ချိတ်ဆက်ကာ တောင်ကြီးမှာ ဖမ်းဆီးရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါပေမယ့်လည်း ကားလုယက်သူဦးရေ၊ အမည်နဲ့ ကိုယ်ရေးအချက်အလက်တွေ၊ ဖမ်းဆီးရမိမှုဖြစ်စဉ်အသေးစိတ်လို့ပါတ်သက်လို့ အသိပေးထုတ်ပြန်တာမျိုး မရှိသေးကြောင်း သိရပါတယ်။
MeKongNews

crd