၁၉၇၇ ခုနှစ်တုန်းက အနုပညာလောကကို ပြဇာတ်ကရင်း ဝင်ရောက်လာခဲ့ပေမယ့် လူကြမ်း၊ဗီလိန်ဖြစ်ခဲ့တဲ့ သရုပ်ဆောင် ဦးကျင်ဝမ်း ကိုတော့ အားလုံးပဲ မှတ်မိကြအုန်းမယ် ထင်ပါတယ်နော်။လက်ရှိမှာ အနုပညာသက်တမ်း ၄၄ နှစ်ရှိပြီဖြစ်ပါတယ်။
၁၉၇၇ နှစ်လောက်က ငလျင်ရန်ပုံငွေပွဲအတွက် ရှမ်းတိုင်းရင်းသားနေရာကနေ ပြဇာတ်ကခဲ့ရာမှ မင်းသမီးကြီး ဒေါ်ဝါဝါဝင်းရွှေ က ပြဇာတ်ကတဲ့
လူပေါင်းများစွာထဲမှ ဦးကျင်ဝမ်း ကို ဇာတ်ကားရိုက်ဖို့ လာရောက်ဆက်သွယ်လို့ အဲ့ကနေ ရုပ်ရှင်လောကထဲကို ရောက်ရှိလာခဲ့တာပါ။အဲ့ကနေစပြီး အနုပညာလုပ်လာတာ တောက်လျှောက် အခြားဘာအလုပ်မှမလုပ်ပဲ
ဒီအလုပ်ပေါ်မှာပဲ မြှပ်နှံခဲ့တာ။
တက္ကသိုလ်တုန်းက သိုင်းသင်တန်းတတ်ခဲ့ဖူးတာကြောင့် ဦးကျော်ဟိန်းရဲ့ စနေမဇာတ်ကားမှာ သိုင်းသမား ဗီလိန်အနေနဲ့ စတင်ပါဝင်ခဲ့ပါတယ်။ အဲ့ကနေစပြီးတော့
လူကြမ်းသရုပ်ဆောင်အနေနဲ့ အခုထိတောက်လျှောက် ရိုက်ကူးလာခဲ့တာပါ။ လူကြမ်းသရုပ်ဆောင်ဆိုရင် လူတွေက မှိုချိုးမျှစ်ချိုးပြောကြတယ်၊အရင်ကဆို လက်ညိုးနဲ့ထိုးပြီး ပက်ပက်စက်စက်ပြောခံရဖူးတယ်။
လူကြမ်းတွေကို မမုန်းကြပါနဲ့လို မေတ္တာရပ်ခံချင်ပါတယ်နော်။
သရုပ်ဆောင်တာပီပြင်လို့ သူတို့မုန်းခဲ့တာပေါ့ဆိုပြီး စိတ်ကိုပြန်ဖြေရတယ်။ ရုပ်ရှင်ကားကောင်းရင်ပဲ ကျေနပ်တယ် မုန်းချင်သလောက်မုန်းကြပါစေတော့။
အခုဆိုရင်တော့ ပရိသတ်တွေက နားလည်သွားကြတော့ အားလုံးကချစ်နေကြပါပြီ၊အဲ့အတွက်လဲ ရှေ့ကမုန်းခဲ့တဲ့လူတွေကို စိတ်မဆိုးနိုင်တော့ပါဘူး…။ လူကြမ်းသရုပ်ဆောင်ကြီး ဦးကျင်ဝမ်း ဟာ
သူ့ရဲ့စိတ်နေသဘောထားကို သိတဲ့သူတွေကတော့ အရမ်းချစ်ကြပါတယ်တဲ့။
ရုပ်ရှင်ထဲမှာပဲ ဗီလိန်ပါ အပြင်မှာတွေ့တော့ စိတ်နေသဘောထားကိုသိပြီး
ချစ်လာလိမ့်မယ်လို့လဲ ပြောထားပါသေးတယ်။ ပရိသတ်တွေကို အခုလိုကာလကြီးမှာ ဘေးကင်းကျန်းမာကြပါစေလို့ ဆုတောင်းပေးထားပါတယ်။
MyanmCelebrit