ကျောက်ဆည်တွင် လူသတ်မှု ၂ ခုဖြင့် ထောင်ဒဏ် တစ်သက် ကျခံနေရာမှ ပြန်လွတ်သော လူမိုက် မြတ်ထွန်း ပျူစောထီးအဖြစ် စစ်တပ်အတွက် အလုပ်လုပ်နေစဉ် ပစ်ခတ်ခံရ ၊ သေ၊ မသေ မသိရသေး
ရန်ကုန်၊ အောက်တိုဘာ ၂
မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်၊ သံချပ်ကုန်းကျေးရွာတွင် လူသတ်မှု ၂ ခုဖြင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်းကျခံရာမှ စစ်တပ်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာသူ လူမိုက် မြတ်ထွန်းသည် ပျူစောထီးအဖြစ် စစ်တပ်အတွက် အလုပ်လုပ်နေစဉ် ယနေ့ ပစ်ခတ်ခံရကြောင်း ဒေသခံများထံမှသိရှိရသည်။
အောက်တိုဘာ ၂ ရက်နေ့ နံနက် ၁၁ နာရီ အချိန်တွင် လူမိုက် ထောင်ထွက် ပျူစောထီး မြတ်ထွန်းကို သေနတ်သမားတချို့က သေနတ်ဖြင့် ၆ ချက်ပစ်ခတ်ခံခံရကြောင်း၊ လက်ရှိတွင် မန္တလေးဆေးရုံသို့ တင်ပို့ ကုသနေရပြီး သေဆုံးသွားသည်ဆိုသော သတင်းများလည်း ထွက်ပေါ်လျက်ရှိကြောင်း သိရှိရသည်။
“လူသတ်မှုနှစ်မှုနဲ့ ထောင်တစ်သတ်တစ်ကျွန်းကျနေတဲ့လူပါ။ ခေတ်ကာလမကောင်းတဲ့အချိန် စစ်တပ်နဲ့ပေါင်းပြီးထောင်ကလွတ်လာပါတယ်။ ထောင်ကလွတ်ပြီး စကစတွေနဲ့ပေါင်းပြီး ရွာသူရွာသားတွေကို နှိပ်စက်နေတာပါ
လောင်းကစားဝိုင်း ၊အရက်ဝိုင်းတွေကိုလည်း စကစနဲ့ပေါင်းပြီး ဆက်ကြေးကောက်နေတဲ့ ပျူစောထီးခေါင်းဆောင်ပါ ။ ပစ်ခတ်ခံရပြီး မန္တလေးဆေးရုံကြီးမှာ အရေးပေါ်တင်ထားရတယ်လို့တော့သတင်းရင်းမြစ်ကပြောတယ်။ တချို့ကလည်း သေပြီလို့ပြောတယ်။ သေချာတာကတော့ အပစ်ခံလိုက်ရတယ် ထိသွားတယ် ” ဟု ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိတွင် လူမိုက်ထောင်ထွက် ပျူစောထီး မြတ်ထွန်းကို မည်သည့်အဖွဲ့က ပစ်ခတ်မှတ် မသိရှိရသေးပေ။

crd