ဩစီမှာ ကျားနှင့်သမင် လယ်ပြင်မှာ တွေ့ကြပြီပေါ့၊ဘောင်ချာအဆုပ်ခံရတော့မယ်၊ သိပြီးကြပြီလား

မဖြစ်မနေ ဖြိုလှဲရမည့် ဒေါက်တိုင်များကို ဖော်ထုတ်သွားမှာ ဖြစ်ပါတယ်။

©ေႏြဦးအသံ ( The Voice Of Spring )

◼BMW မွ စီးခ်င္သူ

ဩစတေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာ လူငယ်ဆရာဝန်တဦးက အပြင်ဆေးခန်းဖွင့်ပြီး ပိုက်ဆံရှာနေတဲ့ကိစ္စက စိတ်ဝင်စားစရာ မရှိပါဘူး။

မြန်မာနိုင်ငံက လာပြီး မြန်မာစကားနဲ့လည်း ပြောဆိုကုသလို့ရတဲ့ဆရာဝန်တဦး ဆိုရင် ပုံမှန်အားဖြင့် ဩစတေးလျနိုင်ငံက မြန်မာပြည်ဖွားတွေအနေနဲ့ အားပေးကြမှာ သေချာပါတယ်။

ဒါပေမဲ့ ဒီလူငယ် ဆရာဝန်လေးကတော့ ထူးခြားပါတယ်။ဩစတေးလျနိုင်ငံကို ရောက်တယ်ဆိုရင်ပဲ မော်ဒယ်မြင့် BMW ကားသစ်

တစီးကို ချက်ချင်း ကောက်ခါငင်ခါ ဝယ်စီးနိုင်သူပါ။ပြည်ပနိုင်ငံကြီးတခုမှာ အလုပ်လာလုပ်ပြီး အနာဂတ်အတွက် ကြိုးစားရုန်းကန်တာမှ ဟုတ်ပါ့မလား။

ဒါက ရွယ်တူဘဝတူလူငယ်ဆရာဝန်တွေအကြား စဉ်းစားစရာပါပဲ။သူ့နာမည်က မင်းရဲမြတ်ဘုန်းခိုင် ပါ။ တကယ်တော့ သူက ဘယ်သူပါလဲ။

‌ကျေးဇူးမသိတတ်သည့် မိခင်သူ့ကို လူသိပ်မသိကြပေမဲ့ သူ့ရဲ့ မိခင်ကိုတော့ ပြည်သူများက သိကြပါလိမ့်မယ်။

လက်ရှိ အကြမ်းဖက် စကစရဲ့ တရားရေးဝန်ကြီး လို့ ဆိုနိုင်တဲ့ ရှေ့နေချုပ်ရာထူးကို လက်ခံခဲ့သူ သီတာဦး ပဲ ဖြစ်ပါတယ်။

ရာထူးအားဖြင့် မြန်မာနိုင်ငံရဲ့ ဥပဒေအရာရှိအားလုံးရဲ့ အထက်မှာ သီတာဦးက ရှိနေတာပါ။

တကယ်တော့ သီတာဦး က ပြည်သူ့အစိုးရ ဖြစ်တဲ့ NLD အစိုးရလက်ထက်မှာ တောက်ပြောင်လာခဲ့တာ ဆိုရင် ငြင်းမရပါဘူး။

အတွင်းဝန်ရာထူးကို တိုးမြှင့်ပေးခြင်းခံရတဲ့အပြင် ICJ အမှုကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဦးဆောင်တဲ့အဖွဲ့မှာ သူ ပါဝင်ခဲ့ရာကစပြီး အများပြည်သူရှေ့မှာ လူသိများခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံက ရှေ့နေတွေကို နိုင်ငံတကာက ဥပေဒတွေနဲ့ ရင်းနှီး ကျွမ်းဝင်လာအောင် လုပ်ပေးဖို့ကိုလည်း တာဝန်ပေးခြင်း ခံခဲ့ရသူပါ။

စစ်အာဏာသိမ်းအပြီးမှာတော့ ပြည်သူကို ပထမဦးဆုံး ကျေးဇူးကန်းပြီး သစ္စာဖောက်သူ ဖြစ်လာပါတော့တယ်။

◼မရှက်မကြောက် ယူဝံ့သူ
မင်းအောင်လှိုင် က စစ်အာဏာသိမ်းအပြီး ဗိုလ်ချုပ်ထွန်းထွန်းဦး ကို ရှေ့နေချုပ်ရာထူးဆက်ပေးခဲ့ပါတယ်။

ထူးခြားတာက ဗိုလ်ချုပ်ထွန်းထွန်းဦးဟာ စစ်တပ်ကလာပေမဲ့ မင်းအောင်လှိုင်ဆီမှာ ဆက်လက်အမှုထမ်းဖို့ ငြင်းဆန်ခဲ့ပါတယ်။

အဲဒီအခါ သီတာဦး ကို မင်းအောင်လှိုင်က လက်ရှိ အတွင်းဝန်ရာထူးရဲ့ နှစ်ဆင့်မြင့်တဲ့ ရှေ့နေချုပ်ရာထူးကို ချီးမြှင့်လိုက်ပါတယ်။

ဒါကို လက်ခံလိုက်တဲ့ သီတာဦး ကိုလည်း တရားရေးဌာနက တအံ့တဩ ဖြစ်ခဲ့ကြတာပါ။

◼သီတာဦး ရဲ့ တာဝန်တွေကဘာလဲ
လက်ရှိ အထိန်းသိမ်းခံထားရတဲ့ သမ္မတကြီး အပါအဝင် အတိုင်ပင်ခံပုဂ္ဂိုလ်က စလို့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ဘယ်ဥပဒေ၊ ဘယ်ပုဒ်မ တပ်၍ ဘယ်လိုပြစ်ဒဏ်စီရင် အစရှိတာတွေကို စီမံရသူပါ။

စစ်ဗိုလ်ချုပ်တွေရဲ့ စိတ်ကူးယဉ်ဖန်တီးပြီး တည်ဆောက်ထားသမျှ ဥပဒေနဲ့ ဆန့်ကျင်တာတွေကို ဗြောင်ကျကျ ဥပဒေပုဒ်မတွေ စီစဉ်နေရာချတဲ့အဓိကတာဝန်ကို ယူထားရသူပါပဲ။

နေပြည်တော်မှာ ဝန်ကြီး အဆင့် အဆောင်အယောင်၊ လစာအပြင် အခြားဝင်ငွေလမ်းကြောင်းတွေ အခိုင်အခန့် သီတာဦးက ပိုင်ဆိုင်ထားပါတယ်။

တဖက်မှာ စစ်အာဏာရှင်ပေးတဲ့ အဆင့်မြင့် ရာထူးကို ယူပြီး ဒေါက်တိုင်အဖြစ် စိတ်တိုင်းကျ အသုံးတော်ခံနေပေမဲ့ သူ့သားသမီးကိုတော့ စစ်အာဏာရှင်စနစ်ရဲ့ အဝေးဆုံးကို ပို့ထားနိုင်သူပါ။

◼အရှောင်အတိမ်း သားမောင်ယိမ်း

သီတာဦး ရဲ့ သားက ဩစတေးဩနိုင်ငံရောက်အပြီး အရင် Queensland Mackay Hospital မှာ အလုပ်ဝင်ခဲ့ပါတယ်။

ဒါပေမဲ့ စစ်အာဏာသိမ်းအပြီးနောက်ပိုင်းမှာ စကစ ဝန်ကြီး ရဲ့ သားမှန်း သိရှိသွားကြပြီး လုပ်ဖော်ကိုင်ဖက်တွေက စကားပြောဆို ဆက်ဆံတာတွေ မလုပ်ကြတော့ပါဘူး။

ဒါကြောင့် အဲဒီဆေးရုံကနေ အလုပ် ထွက်လိုက်ပါတယ်။အခုတော့ ပြင်ပဆေးခန်းမှာ အလုပ်လုပ်နေပါပြီ။

ဆရာဝန်တယောက်က ဘယ်နိုင်ငံရောက်ရောက် ဆေးကုသတဲ့အလုပ်နဲ့ အသက်မွေးတာ ပြဿနာ မရှိပါဘူး။

မြန်မာပြည်မှာကတော့ ကျန်းမာရေးလောကရဲ့ ဒဏ်ရာက ပြင်းထန်ပါတယ်။

ဆေးကျောင်းသားလူငယ်တွေအပါအဝင် ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေးဝန်ထမ်းတွေကို အကြမ်းဖက်စကစတပ်က ခေါင်းတည့်တည့်ချိန်ပြီး သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့ကြတာပါ။

ဒါကို လည်စင်းခံခဲ့ရတဲ့သမိုင်းက သွေးမခြောက်သေးပါဘူး။လက်ရှိမှာလည်း ရွာစဉ်တိုက် မီးရှို့ပြီး စကစ ဟာ အစုအပြုံလိုက်သတ်ဖြတ်မှုတွေကို ကျူးလွန်လျက်ရှိပါတယ်။

တချိန်တည်းမှာ စကစဒေါက်တိုင် ရှေ့နေချုပ် သီတာဦး ရဲ့ သားဖြစ်သူက ဒီမိုကရေစီ နိုင်ငံကြီးဖြစ်တဲ့ ဩစတေးလျမှာ လုံခြုံငြိမ်းချမ်းစွာ ပြင်ပဆရာဝန်တဦးအဖြစ် စီးပွားရှာ ရပ်တည်လျက်ရှိပါတယ်။

ဒါကို ပုံမှန်လို့ ထင်မြင်ယူဆပါသလား။ဒီသတင်းကို သိလိုက်ရတဲ့အခါ ဩစတေးလျနိုင်ငံ၊ ဆစ်ဒနီမှာရှိတဲ့ မြန်မာပြည်ဖွားတွေအပြင် မြန်မာနိုင်ငံသားတွေရဲ့ တုန့်ပြန်မှုက ဘယ်လိုရှိနိုင်မလဲ။

ဒါက စိတ်ဝင်စားဖို့ ကောင်းပါတယ်။သူလက်ရှိ အလုပ်လုပ်နေတဲ့ ပြင်ပဆေးခန်းတွေရဲ့ Website စာမျက်နှာကို Comment မှာဖော်ပြပေးထားပါတယ်၊ အခြားလိုအပ်တဲ့သတင်းအချက်အလက်တွေ ကူညီဖြည့်စွက်နိုင်ပါတယ်

©အောင်နွေထက်

unicode

မဖြစ်မနေ ဖြိုလှဲရမည့် ဒေါက်တိုင်များကို ဖော်ထုတ်သွားမှာ ဖြစ်ပါတယ်။

©နွေဦးအသံ ( The Voice Of Spring )

◼BMW မှ စီးချင်သူ

ဩစတေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာ လူငယ်ဆရာဝန်တဦးက အပြင်ဆေးခန်းဖွင့်ပြီး ပိုက်ဆံရှာနေတဲ့ကိစ္စက စိတ်ဝင်စားစရာ မရှိပါဘူး။

မြန်မာနိုင်ငံက လာပြီး မြန်မာစကားနဲ့လည်း ပြောဆိုကုသလို့ရတဲ့ဆရာဝန်တဦး ဆိုရင် ပုံမှန်အားဖြင့် ဩစတေးလျနိုင်ငံက မြန်မာပြည်ဖွားတွေအနေနဲ့ အားပေးကြမှာ သေချာပါတယ်။

ဒါပေမဲ့ ဒီလူငယ် ဆရာဝန်လေးကတော့ ထူးခြားပါတယ်။ဩစတေးလျနိုင်ငံကို ရောက်တယ်ဆိုရင်ပဲ မော်ဒယ်မြင့် BMW ကားသစ်

တစီးကို ချက်ချင်း ကောက်ခါငင်ခါ ဝယ်စီးနိုင်သူပါ။ပြည်ပနိုင်ငံကြီးတခုမှာ အလုပ်လာလုပ်ပြီး အနာဂတ်အတွက် ကြိုးစားရုန်းကန်တာမှ ဟုတ်ပါ့မလား။

ဒါက ရွယ်တူဘဝတူလူငယ်ဆရာဝန်တွေအကြား စဉ်းစားစရာပါပဲ။
သူ့နာမည်က မင်းရဲမြတ်ဘုန်းခိုင် ပါ။ တကယ်တော့ သူက ဘယ်သူပါလဲ။

‌ကျေးဇူးမသိတတ်သည့် မိခင်သူ့ကို လူသိပ်မသိကြပေမဲ့ သူ့ရဲ့ မိခင်ကိုတော့ ပြည်သူများက သိကြပါလိမ့်မယ်။

လက်ရှိ အကြမ်းဖက် စကစရဲ့ တရားရေးဝန်ကြီး လို့ ဆိုနိုင်တဲ့ ရှေ့နေချုပ်ရာထူးကို လက်ခံခဲ့သူ သီတာဦး ပဲ ဖြစ်ပါတယ်။

ရာထူးအားဖြင့် မြန်မာနိုင်ငံရဲ့ ဥပဒေအရာရှိအားလုံးရဲ့ အထက်မှာ သီတာဦးက ရှိနေတာပါ။

တကယ်တော့ သီတာဦး က ပြည်သူ့အစိုးရ ဖြစ်တဲ့ NLD အစိုးရလက်ထက်မှာ တောက်ပြောင်လာခဲ့တာ ဆိုရင် ငြင်းမရပါဘူး။

အတွင်းဝန်ရာထူးကို တိုးမြှင့်ပေးခြင်းခံရတဲ့အပြင် ICJ အမှုကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဦးဆောင်တဲ့အဖွဲ့မှာ သူ ပါဝင်ခဲ့ရာကစပြီး အများပြည်သူရှေ့မှာ လူသိများခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံက ရှေ့နေတွေကို နိုင်ငံတကာက ဥပေဒတွေနဲ့ ရင်းနှီး ကျွမ်းဝင်လာအောင် လုပ်ပေးဖို့ကိုလည်း တာဝန်ပေးခြင်း ခံခဲ့ရသူပါ။

စစ်အာဏာသိမ်းအပြီးမှာတော့ ပြည်သူကို ပထမဦးဆုံး ကျေးဇူးကန်းပြီး သစ္စာဖောက်သူ ဖြစ်လာပါတော့တယ်။

◼မရှက်မကြောက် ယူဝံ့သူ
မင်းအောင်လှိုင် က စစ်အာဏာသိမ်းအပြီး ဗိုလ်ချုပ်ထွန်းထွန်းဦး ကို ရှေ့နေချုပ်ရာထူးဆက်ပေးခဲ့ပါတယ်။

ထူးခြားတာက ဗိုလ်ချုပ်ထွန်းထွန်းဦးဟာ စစ်တပ်ကလာပေမဲ့ မင်းအောင်လှိုင်ဆီမှာ ဆက်လက်အမှုထမ်းဖို့ ငြင်းဆန်ခဲ့ပါတယ်။

အဲဒီအခါ သီတာဦး ကို မင်းအောင်လှိုင်က လက်ရှိ အတွင်းဝန်ရာထူးရဲ့ နှစ်ဆင့်မြင့်တဲ့ ရှေ့နေချုပ်ရာထူးကို ချီးမြှင့်လိုက်ပါတယ်။

ဒါကို လက်ခံလိုက်တဲ့ သီတာဦး ကိုလည်း တရားရေးဌာနက တအံ့တဩ ဖြစ်ခဲ့ကြတာပါ။

◼သီတာဦး ရဲ့ တာဝန်တွေကဘာလဲ
လက်ရှိ အထိန်းသိမ်းခံထားရတဲ့ သမ္မတကြီး အပါအဝင် အတိုင်ပင်ခံပုဂ္ဂိုလ်က စလို့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ဘယ်ဥပဒေ၊ ဘယ်ပုဒ်မ တပ်၍ ဘယ်လိုပြစ်ဒဏ်စီရင် အစရှိတာတွေကို စီမံရသူပါ။

စစ်ဗိုလ်ချုပ်တွေရဲ့ စိတ်ကူးယဉ်ဖန်တီးပြီး တည်ဆောက်ထားသမျှ ဥပဒေနဲ့ ဆန့်ကျင်တာတွေကို ဗြောင်ကျကျ ဥပဒေပုဒ်မတွေ စီစဉ်နေရာချတဲ့အဓိကတာဝန်ကို ယူထားရသူပါပဲ။

နေပြည်တော်မှာ ဝန်ကြီး အဆင့် အဆောင်အယောင်၊ လစာအပြင် အခြားဝင်ငွေလမ်းကြောင်းတွေ အခိုင်အခန့် သီတာဦးက ပိုင်ဆိုင်ထားပါတယ်။

တဖက်မှာ စစ်အာဏာရှင်ပေးတဲ့ အဆင့်မြင့် ရာထူးကို ယူပြီး ဒေါက်တိုင်အဖြစ် စိတ်တိုင်းကျ အသုံးတော်ခံနေပေမဲ့ သူ့သားသမီးကိုတော့ စစ်အာဏာရှင်စနစ်ရဲ့ အဝေးဆုံးကို ပို့ထားနိုင်သူပါ။

◼အရှောင်အတိမ်း သားမောင်ယိမ်း

သီတာဦး ရဲ့ သားက ဩစတေးဩနိုင်ငံရောက်အပြီး အရင် Queensland Mackay Hospital မှာ အလုပ်ဝင်ခဲ့ပါတယ်။

ဒါပေမဲ့ စစ်အာဏာသိမ်းအပြီးနောက်ပိုင်းမှာ စကစ ဝန်ကြီး ရဲ့ သားမှန်း သိရှိသွားကြပြီး လုပ်ဖော်ကိုင်ဖက်တွေက စကားပြောဆို ဆက်ဆံတာတွေ မလုပ်ကြတော့ပါဘူး။

ဒါကြောင့် အဲဒီဆေးရုံကနေ အလုပ် ထွက်လိုက်ပါတယ်။အခုတော့ ပြင်ပဆေးခန်းမှာ အလုပ်လုပ်နေပါပြီ။

ဆရာဝန်တယောက်က ဘယ်နိုင်ငံရောက်ရောက် ဆေးကုသတဲ့အလုပ်နဲ့ အသက်မွေးတာ ပြဿနာ မရှိပါဘူး။

မြန်မာပြည်မှာကတော့ ကျန်းမာရေးလောကရဲ့ ဒဏ်ရာက ပြင်းထန်ပါတယ်။

ဆေးကျောင်းသားလူငယ်တွေအပါအဝင် ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေးဝန်ထမ်းတွေကို အကြမ်းဖက်စကစတပ်က ခေါင်းတည့်တည့်ချိန်ပြီး သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့ကြတာပါ။

ဒါကို လည်စင်းခံခဲ့ရတဲ့သမိုင်းက သွေးမခြောက်သေးပါဘူး။လက်ရှိမှာလည်း ရွာစဉ်တိုက် မီးရှို့ပြီး စကစ ဟာ အစုအပြုံလိုက်သတ်ဖြတ်မှုတွေကို ကျူးလွန်လျက်ရှိပါတယ်။

တချိန်တည်းမှာ စကစဒေါက်တိုင် ရှေ့နေချုပ် သီတာဦး ရဲ့ သားဖြစ်သူက ဒီမိုကရေစီ နိုင်ငံကြီးဖြစ်တဲ့ ဩစတေးလျမှာ လုံခြုံငြိမ်းချမ်းစွာ ပြင်ပဆရာဝန်တဦးအဖြစ် စီးပွားရှာ ရပ်တည်လျက်ရှိပါတယ်။

ဒါကို ပုံမှန်လို့ ထင်မြင်ယူဆပါသလား။ဒီသတင်းကို သိလိုက်ရတဲ့အခါ ဩစတေးလျနိုင်ငံ၊ ဆစ်ဒနီမှာရှိတဲ့ မြန်မာပြည်ဖွားတွေအပြင် မြန်မာနိုင်ငံသားတွေရဲ့ တုန့်ပြန်မှုက ဘယ်လိုရှိနိုင်မလဲ။

ဒါက စိတ်ဝင်စားဖို့ ကောင်းပါတယ်။သူလက်ရှိ အလုပ်လုပ်နေတဲ့ ပြင်ပဆေးခန်းတွေရဲ့ Website စာမျက်နှာကို Comment မှာဖော်ပြပေးထားပါတယ်၊ အခြားလိုအပ်တဲ့သတင်းအချက်အလက်တွေ ကူညီဖြည့်စွက်နိုင်ပါတယ်

©အောင်နွေထက်

Leave a Reply

Your email address will not be published. Required fields are marked *