KNU တပ်မဟာ ၁ နယ်မြေအတွင်းရှိ PDF အဖွဲ့ ၂၅ ဖွဲ့ပေါင်းပြီး တပ်ပေါင်းစုဖွဲ့ကာ စစ်အာဏာရှင်ကို တို-က်ခို-က်မည်

KNU တပ်မဟာ ၁ နယ်မြေအတွင်းရှိ PDF အဖွဲ့ ၂၅ ဖွဲ့ပေါင်းပြီး တပ်ပေါင်းစုဖွဲ့ကာ စစ်အာဏာရှင်ကို တိုက်ခိုက်မည်

ရန်ကုန်၊ အောက်တိုဘာ ၃


ကရင်အမျိုးသားအစည်းအရုံး KNU၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ တပ်မဟာ ၁ သထုံခရိုင်အတွင်းရှိ စစ်အာဏာရှင်ကို တော်လှန်နေသော ကာကွယ်ရေးအဖွဲ့ ၂၅ ဖွဲ့ပေါင်းစည်းပြီး KNU သထုံခရိုင် တပ်မဟာ(၁) မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစု အဖြစ်ဖွဲ့စည်းကြောင်း သတင်းရရှိသည်။

ဒေသတွင်း ပြန့်ကျဲနေသော PDF များ၊ ပကဖ များ၊ ပြောက်ကျားအဖွဲ့များပေါင်းစည်းကာ ဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး တစ်ခုတည်းသော ကွပ်ကဲမှု (စုပေါင်းဦးဆောင်မှု) ဖြင့် စစ်ကောင်စီကို ညီညွတ်စွာ တော်လှန်သွားမည်ဖြစ်ကြောင်း မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှုကော်မတီ၊ KNU သထုံခရိုင် တပ်မဟာ ၁ က အောက်တိုဘာလ ၃ ရက် ယနေ့ ထုတ်ပြန်သည်။

အောက်တိုဘာလ ၂၁ ရက်မှ ၂၄ ရက်နေ့အထိ အဖွဲ့အစည်း ခေါင်းဆောင်၊ တာဝန်ခံများအားလုံးပါဝင်သည့် တတိယအကြိမ် မျက်နှာစုံညီ အစည်းအဝေး ကျင်းပခဲ့ပြီး မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစုအဖြစ် ဖွဲ့စည်းကာ မှတ်ပုံတင်ကတ်ပြားစိစစ်ထုတ်ဝေခြင်းနှင့် ရှေ့လုပ်ငန်းစဉ်အချို့ ချမှတ်နိုင်ခဲ့ကြောင်း သိရှိရသည်။


KNU တပ္မဟာ ၁ နယ္ေျမအတြင္းရွိ PDF အဖြဲ႕ ၂၅ ဖြဲ႕ေပါင္းၿပီး တပ္ေပါင္းစုဖြဲ႕ကာ စစ္အာဏာရွင္ကို တိုက္ခိုက္မည္

ရန္ကုန္၊ ေအာက္တိုဘာ ၃

ကရင္အမ်ိဳးသားအစည္းအ႐ုံး KNU၊ ေကာ္သူးေလအုပ္ခ်ဳပ္နယ္ေျမ၊ တပ္မဟာ ၁ သထုံခရိုင္အတြင္းရွိ စစ္အာဏာရွင္ကို ေတာ္လွန္ေနေသာ ကာကြယ္ေရးအဖြဲ႕ ၂၅ ဖြဲ႕ေပါင္းစည္းၿပီး KNU သထုံခရိုင္ တပ္မဟာ(၁) မိတ္ဖက္ေတာ္လွန္ေရးတပ္ေပါင္းစု အျဖစ္ဖြဲ႕စည္းေၾကာင္း သတင္းရရွိသည္။


ေဒသတြင္း ျပန႔္က်ဲေနေသာ PDF မ်ား၊ ပကဖ မ်ား၊ ေျပာက္က်ားအဖြဲ႕မ်ားေပါင္းစည္းကာ ဖြဲ႕စည္းလိုက္ျခင္းျဖစ္ၿပီး တစ္ခုတည္းေသာ ကြပ္ကဲမႈ (စုေပါင္းဦးေဆာင္မႈ) ျဖင့္ စစ္ေကာင္စီကို ညီညြတ္စြာ ေတာ္လွန္သြားမည္ျဖစ္ေၾကာင္း မိတ္ဖက္ေရးရာႀကီးၾကပ္ကြပ္ကဲမႈေကာ္မတီ၊ KNU သထုံခရိုင္ တပ္မဟာ ၁ က ေအာက္တိုဘာလ ၃ ရက္ ယေန႔ ထုတ္ျပန္သည္။


ေအာက္တိုဘာလ ၂၁ ရက္မွ ၂၄ ရက္ေန႔အထိ အဖြဲ႕အစည္း ေခါင္းေဆာင္၊ တာဝန္ခံမ်ားအားလုံးပါဝင္သည့္ တတိယအႀကိမ္ မ်က္ႏွာစုံညီ အစည္းအေဝး က်င္းပခဲ့ၿပီး မိတ္ဖက္ေတာ္လွန္ေရးတပ္ေပါင္းစုအျဖစ္ ဖြဲ႕စည္းကာ မွတ္ပုံတင္ကတ္ျပားစိစစ္ထုတ္ေဝျခင္းႏွင့္ ေရွ႕လုပ္ငန္းစဥ္အခ်ိဳ႕ ခ်မွတ္နိုင္ခဲ့ေၾကာင္း သိရွိရသည္။

crd

Leave a Reply

Your email address will not be published. Required fields are marked *