တောထဲမှာခက်ခဲပင်ပန်းတာတွေ ရှိပေမယ့် အားတင်းထားတယ်ဆိုတဲ့ မင်းသမီး မြနှင်းရည်လွင်
ပရိသတ်ကြီးရေ MRTV-4 ဇာတ်လမ်းတွဲတွေမှာ သရုပ်ဆောင်ရင်း ပရိသတ်ချစ်ခင်အားပေးမှု့ကို ရရှိထားသူကတော့ သရုပ်ဆောင်မင်းသမီးချောလေး မြနှင်းရည်လွင် ပဲ
ဖြစ်ပါတယ်။ သူမရဲ့ထူးခြားချက်ကတော့ မြန်မာဝတ်စုံလေးတွေကို စွဲစွဲမြဲမြဲဝတ်ဆင်သူဖြစ်ပြီး လိုက်ဖက်တင့်တယ်ပြီး အမြဲတမ်းကျက်သရေရှိလှပနေသူလေး တစ်ဦးပဲ
ဖြစ်ပါတယ်။ မြ ပါဝင်သရုပ်ဆောင်ထားတဲ့ အဆိပ်သွေးဇာတ်လမ်းတွဲမှာ သူမရဲ့သရုပ်ဆောင်ချက်တွေက ပရိသတ်ရင်ထဲကိုရောက်ရှိခဲ့ပြီး ပိုမိုလူသိများအောင်မြင်ခဲ့တဲ့
ဇာတ်လမ်းတွဲကောင်းဖြစ်ခဲ့ပါတယ်။ မြနှင်းရည်လွင် က ပြည်သူတွေနဲ့အတူ အမှန်တရားဘက်ကအတူတကွ တိုက်ပွဲဝင်ခဲ့တာကြောင့် ပုဒ်မ ၅၀၅ နဲ့ တရားစွဲဆိုခံထားရပြီးနောက်
အခုချိန်မှာတော့ လွတ်မြောက်နယ်မြေမှာ စစ်သင်တန်းတတ် လက်နက်ကိုင်ပြီး အာဏာရှင်ကိုတွန်းလှန်ဖို့ အစွမ်းကုန်ကြိုးစားနေပါတယ်။ ဒါအပြင် တော်လှန်ရေးအတွက်
ရန်ပုံငွေရှာဖွေတဲ့ပွဲတွေမှာလဲ ပါဝင်ဆောင်ရွက်နေတာကိုလဲ တွေ့ရပါတယ်။ မြနှင်းရည်လွင် ဟာ အမျိုးသမီးဖြစ်ပေမယ့် ခက်ခဲကြမ်းတမ်းတဲ့လွတ်မြောက်နယ်မြေမှာ
အတတ်နိုင်ဆုံးကြိုးစားနေတာပါ။ ဒါပေမယ့်လဲ တစ်ခါတရံ အခက်အခဲတွေရှိတဲ့အခါ မိသားစုနဲ့ဝေးရာမှာ ရောက်ရှိနေတာကြောင့် အားငယ်ကြရပါတယ် ။ သရုပ်ဆောင်
မြနှင်းရည်လွင် ကတော့ ခက်ခဲပင်ပန်းလာတဲ့အခါတိုင်း ကိုယ့်ဘာသာအားပေးနေတတ်ပါတယ်။ ဒါကြောင့်လဲ စိတ်ဓာတ်ခိုင်မာတဲ့ သူမကို ပရိသတ်တွေက
ပိုမိုချစ်ခင်လေးစားကြရတာ အမှန်ပါ။ ကဲ…စာဖတ်ပရိသတ်ကြီးရေ မြနှင်းရည်လွင် အတွက် အားပေးစကာလေးတွေကို ကောမန့်မှာ ရေးသားသွားပေးခဲ့အုန်းနော်။
Crd
Zawgyi
ေတာထဲမွာခက္ခဲပင္ပန္းတာေတြ ရွိေပမယ့္ အားတင္းထားတယ္ဆိုတဲ့ မင္းသမီး ျမႏွင္းရည္လြင္
ပရိသတ္ႀကီးေရ MRTV-4 ဇာတ္လမ္းတြဲေတြမွာ သ႐ုပ္ေဆာင္ရင္း ပရိသတ္ခ်စ္ခင္အားေပးမႈ႕ကို ရရွိထားသူကေတာ့ သ႐ုပ္ေဆာင္မင္းသမီးေခ်ာေလး ျမႏွင္းရည္လြင္ ပဲ
ျဖစ္ပါတယ္။ သူမရဲ႕ထူးျခားခ်က္ကေတာ့ ျမန္မာဝတ္စုံေလးေတြကို စြဲစြဲၿမဲၿမဲဝတ္ဆင္သူျဖစ္ၿပီး လိုက္ဖက္တင့္တယ္ၿပီး အၿမဲတမ္းက်က္သေရရွိလွပေနသူေလး တစ္ဦးပဲ
ျဖစ္ပါတယ္။ ျမ ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ အဆိပ္ေသြးဇာတ္လမ္းတြဲမွာ သူမရဲ႕သ႐ုပ္ေဆာင္ခ်က္ေတြက ပရိသတ္ရင္ထဲကိုေရာက္ရွိခဲ့ၿပီး ပိုမိုလူသိမ်ားေအာင္ျမင္ခဲ့တဲ့
ဇာတ္လမ္းတြဲေကာင္းျဖစ္ခဲ့ပါတယ္။ ျမႏွင္းရည္လြင္ က ျပည္သူေတြနဲ႔အတူ အမွန္တရားဘက္ကအတူတကြ တိုက္ပြဲဝင္ခဲ့တာေၾကာင့္ ပုဒ္မ ၅၀၅ နဲ႔ တရားစြဲဆိုခံထားရၿပီးေနာက္
အခုခ်ိန္မွာေတာ့ လြတ္ေျမာက္နယ္ေျမမွာ စစ္သင္တန္းတတ္ လက္နက္ကိုင္ၿပီး အာဏာရွင္ကိုတြန္းလွန္ဖို႔ အစြမ္းကုန္ႀကိဳးစားေနပါတယ္။ ဒါအျပင္ ေတာ္လွန္ေရးအတြက္
ရန္ပုံေငြရွာေဖြတဲ့ပြဲေတြမွာလဲ ပါဝင္ေဆာင္႐ြက္ေနတာကိုလဲ ေတြ႕ရပါတယ္။ ျမႏွင္းရည္လြင္ ဟာ အမ်ိဳးသမီးျဖစ္ေပမယ့္ ခက္ခဲၾကမ္းတမ္းတဲ့လြတ္ေျမာက္နယ္ေျမမွာ
အတတ္ႏိုင္ဆုံးႀကိဳးစားေနတာပါ။ ဒါေပမယ့္လဲ တစ္ခါတရံ အခက္အခဲေတြရွိတဲ့အခါ မိသားစုနဲ႔ေဝးရာမွာ ေရာက္ရွိေနတာေၾကာင့္ အားငယ္ၾကရပါတယ္ ။ သ႐ုပ္ေဆာင္
ျမႏွင္းရည္လြင္ ကေတာ့ ခက္ခဲပင္ပန္းလာတဲ့အခါတိုင္း ကိုယ့္ဘာသာအားေပးေနတတ္ပါတယ္။ ဒါေၾကာင့္လဲ စိတ္ဓာတ္ခိုင္မာတဲ့ သူမကို ပရိသတ္ေတြက
ပိုမိုခ်စ္ခင္ေလးစားၾကရတာ အမွန္ပါ။ ကဲ…စာဖတ္ပရိသတ္ႀကီးေရ ျမႏွင္းရည္လြင္ အတြက္ အားေပးစကာေလးေတြကို ေကာမန႔္မွာ ေရးသားသြားေပးခဲ့အုန္းေနာ္။
Crd