လေးစားချစ်ခင်ရတဲ့ ဒွေးရဲ့ အတ္ထုပတ္တိအကြောင်းကို စာအုပ်အဖြစ် ရေးသားကာ ထုတ်ဝေသွားမယ်လို့ ပရိသတ်တို့အား အသိပေး ပြောကြားလာတဲ့ ညိုမင်းလွင်
ပရိသတ်တွေ ဘယ်တော့မှ မေ့မှာ မဟုတ်တဲ့ နိုင်ငံကျော် သရုပ်ဆောင်၊ အဆိုတော် ဒွေးကတော့ အောင်မြင်မှုတွေ လျှမ်းလျှမ်းတောက် ပိုက်ဆိုင်နေချိန်မှာပဲ
ရုတ်တရက် ကွယ်လွန် သွားခဲ့ ရတာပဲဖြစ် ပါတယ်။ ပရိသတ်အချစ်တော် သဘာဝမင်းသားကြီး ဒွေး ကွယ်လွန်သွားခဲ့တာ (၁၅) နှစ်ကျော် အချိန်ကာလတိုင် ရှိခဲ့ပြီဆိုပေမယ့်
ဒွေးကိုချစ်တဲ့ ပရိသတ်တွေနဲ့ အနုပညာမောင်နှမ သူငယ်ချင်းမိတ်ဆွေတွေ ကတော့ ဒီနေ့ဒီအချိန်ထိ သူတို့ချစ်ရသော ဒွေးအား တမ်းတအောက်မေ့နေဆဲပဲ ဖြစ်ပါတယ်နော်။
ဒွေးရဲ့ ညီငယ်လေး တစ်ယောက်လို ချစ်ခင်ရတဲ့ သရုပ်ဆောင် ဒါရိုက်တာညိုမင်းလွင်ကလည်း အစ်ကိုတစ်ယောက်လို ခင်မင်ချစ်ခင်ရတဲ့ ဒွေးနဲ့ပတ်သက်ပြီး
သူကိုယ်တိုင် ရေးသားမယ့် စာအုပ်ကို ထုတ်ဝေသွားမယ့် အကြောင်း ဒီကနေ့မှာ အခုလိုပဲ ပြောလာပါတယ်။ ညိုမင်းလွင်က “Birthday Special Announcement–
သူ့ကိုသိတဲ့လူတိုင်းက သူ့အကြောင်းဟာ စာအုပ်တစ်အုပ်အဖြစ်ရှိခဲ့သင့်တယ် လို့လက်ခံကြပါ လိမ့်မယ်။ အဲဒီစာအုပ်ကို ရေးသင့်တဲ့ လက်ချိုးရေလို့ ရတဲ့ လူနည်းစုထဲမှာ ကျွန်တော်ပါတယ် လို့လည်း လက်ခံနိုင် ကြပါလိမ့်မယ်။
အခြေအနေအကြောင်းကြောင်း တွေကြောင့် တကယ်ရေးချင်ခဲ့တဲ့ အချိန်ထက် နောက်ကျနေပေမယ့် ဖြစ်အောင်ရေးပါ့မယ်။ ကျွန်တော် အဲဒီစာအုပ်ရေးဖို့အတွက် သက်ဆိုင်တဲ့လူတွေ အများကြီးကို အချိန်ပေးပြီး လိုက်တွေ့ပါမယ်၊
အဲဒီလူတွေနဲ့ interview ပေါင်းများစွာ လုပ်ပါမယ်။ စာအုပ်ရဲ့နောက်ဆုံးဇာတ်သိမ်းပိုင်းကို ပြင်ဦးလွင်မှာ တက်ရေးပါမယ်။ ဒီနှစ်ကျွန်တော့်မွေးနေ့မှာ ပရိသတ်ကို အသိပေးပြီး
တစ်နှစ်လောက်တော့ အချိန်ယူရမယ် ထင်ပါတယ်၊ နောက်နှစ်မှာ ထွက်ရှိနိုင်အောင် ကြိုးစားပါ့မယ်။ ညိုမင်းလွင် ရေးသားတင်ပြသည်။ စာအုပ်အမည်– ဒွေး” ဆိုပြီး
သူနှင့်ဇာတ်ကားများစွာ တွဲဖက်ကာ အနုပညာအလုပ်တွေ လုပ်ခဲ့သလို ညီရင်းအစ်ကိုပမာ ဆက်ဆံရေး နွေးထွေးခဲ့ကြရသော သူလေးစားရသော ဒွေးရဲ့အကြောင်းကို
သူကိုယ်တိုင် အမှတ်တရအနေနဲ့ စာအုပ်ရေးသား ထုတ်ဝေသွားမယ် ဆိုတဲ့အကြောင်းကို ပရိသတ်ပြည်သူများအား အသိပေးပြောကြား လာခဲ့တာဖြစ်ပါ တယ်။
သရုပ်ဆောင်ဒါရိုက်တာ ညိုမင်းလွင်ကတော့ ဒွေးရှိစဉ်ကာလတွေက ဒွေးနဲ့အတူ ပြင်ဦးလွင်မြို့မှာ အများဆုံး ဇာတ်ကားတွေ ရိုက်ကူးခဲ့ကြတာမို့
ဒွေးအကြောင်းစာအုပ်ရဲ့ ဇာတ်သိမ်းပိုင်းကို ဒွေးနှင့်ပတ်သက်ပြီး အမှတ်တရပေါင်း များစွာရှိရာ ပြင်ဦးလွင်မြို့မှာ သွားရောက် ရေးသားမယ်လို့ ပြောလာ ခဲ့တာပဲဖြစ်ပါတယ်။
ပရိသတ်ကြီးတို့အနေနဲ့လည်း ချစ်ရတဲ့သရုပ်ဆောင် ဒွေးအကြောင်းတွေကို ဖတ်ရှု့အားပေးချင်နေကြမှာမို့ ဒီသတင်းလေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။
Crd