PDF ကတိမတည္သူတစ္ေယာက္၏ အထၳဳပၸတၱိ
ကြၽန္မကိုလိမ္ညာသြားတဲ့ PDF လူလိမ္တစ္ေယာက္အေၾကာင္းကိုေျပာျပခ်င္ပါတယ္ ။
သူနဲ႔ကြၽန္မဟာ တစ္ၿမိဳ႕တည္းအတူေနတဲ့ေက်ာင္းေနဖက္ သူငယ္ခ်င္းေတြပါ ။
ငယ္စဥ္ကတည္းက အတူသြား ၊ အတူလာခဲ့ၾကၿပီး 2018 မွာ ၁၀ တန္းကိုအတူေအာင္ခဲ့ၾကပါတယ္ ။
ဒါ့ေၾကာင့္လည္း အႀကိဳက္လည္းတူ , စ႐ိုက္လည္းတူတဲ့ကြၽန္မတို႔ႏွစ္ေယာက္ဟာ တကၠသိုလ္တစ္ခုတည္းမွာ အတူတူတက္ခဲ့ၾကတယ္ေလ ။
ဒီလိုနဲ႔သူနဲ႔ကြၽန္မဟာ တကၠသိုလ္ဒုတိယႏွစ္အေရာက္တစ္ေန႔မွာေပါ့ ။
ဟုတ္တယ္ ။ အဲ့ဒီ့ေန႔ဟာကြၽန္မဘဝမွာ ဘယ္ေသာအခါမွေမ့လို႔မရတဲ့ ေန႔တစ္ေန႔ ။
တကၠသိုလ္ႀကီးထဲမွာရွိတဲ့ ထိုင္ေနၾကထိုင္ခုံမွာအတူထိုင္ရင္း သူကကြၽန္မကို ….ငါ နင့္ကိုအရမ္းခ်စ္တယ္ဟာ ….
ငါ့ကို သူငယ္ခ်င္းအဆင့္ထက္ေက်ာ္လြန္ၿပီး ခ်စ္သူအျဖစ္လက္ခံေပးပါ ….. လို႔ေျပာလာခဲ့တယ္ ။
ဪ ….. ကြၽန္မလား ?သူ ကြၽန္မကို ခ်စ္ခြင့္ပန္တာမအံ့ဩပါဘူး ….ကြၽန္မ သိတာေပါ့ …
လြန္ခဲ့တဲ့ ၃ လေလာက္ကတည္းက ကြၽန္မႀကိဳသိေနတယ္ေလ ….
သူ႔မ်က္ဝန္းထဲက ကြၽန္မကိုၾကည့္တဲ့အၾကည့္ေတြဟာသူငယ္ခ်င္းအဆင့္ထက္ ေက်ာ္လြန္ေနၿပီဆိုတာကိုေပါ့ ….
သူနဲ႔ကြၽန္မဟာ ငယ္ေပါင္းႀကီးေဖာ္ေတြဆိုေတာ့သူ႔အေၾကာင္းကို ကြၽန္မေကာင္းေကာင္းသိတယ္ေလ ။
သူဟာ ႐ိုးသားတယ္ ။တစ္ဖက္သားကိုကူညီတတ္တယ္ ။သနားၾကင္နာတတ္တယ္ ။အမွန္တရားကိုျမတ္ႏိုးတယ္ ။
မတရားလုပ္တာေတြကို အရမ္းမုန္းတယ္ ။မတရားမႈ႕မွန္သမွ်ကိုလည္း တြန္းလွန္တတ္တယ္ ။
အထူးသျဖင့္သူဟာ ေျပာရင္ ေျပာတဲ့အတိုင္းလုပ္တတ္ၿပီးအန္မတန္ကတိတည္တဲ့လူဆိုတာ ကြၽန္မေကာင္းေကာင္းသိပါတယ္ ။
ဒီလိုလူမ်ိဳးကိုမွ ကြၽန္မရဲ႕ဘဝၾကင္ေဖာ္အျဖစ္မေ႐ြးရင္ဘယ္လိုေယာက္်ားမ်ိဳးကို ကြၽန္မေ႐ြးရမွာလဲ ?
ကြၽန္မလည္း သူ႔ကိုအရမ္းခ်စ္တာေပါ့ ။
ဒါေပမဲ့ ကြၽန္မကမိန္းမသားဆိုေတာ့ခ်က္ျခင္းအေျဖျပန္မေပးခဲ့ဘူး ။
မိန္းခေလးတို႔ရဲ႕သဘာဝ ဟန္လုပ္ရေသးတယ္ေလ ….
ငါ့ကို စဥ္းစားခ်ိန္ ၁ လေလာက္ေတာ့ေပးပါဟာ …… ဆိုၿပီးမူျပရတာလဲ မိန္းမသားတို႔ရဲ႕သဘာဝမဟုတ္ပါလားရွင္ ။
ဒီလိုနဲ႔ေနာက္တစ္လၾကာေတာ့ သူနဲ႔ကြၽန္မဟာ ခ်စ္သူေတြ ျဖစ္သြားၾကတယ္ေလ ။
2021 ေဖေဖာ္ဝါရီလမွာ စစ္တပ္ကျပည္သူ႔အာဏာကိုလုယူလိုက္ေတာ့ကြၽန္မတို႔ေက်ာင္းေတြဟာလည္းပိတ္ထားခဲ့ရတယ္ေပါ့ ။
2021 , May 5 ရက္ေန႔မွာ သူနဲ႔ကြၽန္မ ေတြ႕ခဲ့ၾကခ်ိန္မွာ သူက …..ငါ နင့္ကိုအရမ္းခ်စ္တယ္ဟာ…နင့္ကိုလည္း ငါမခြဲႏိုင္ဘူး ….
ဒါေပမဲ့ ငါ့ရဲ႕ယုံၾကည္ရာနဲ႔အမွန္တရားအတြက္ေတာ္လွန္ေရးလုပ္ဖို႔ ငါဆုံးျဖတ္ၿပီးၿပီ ….နင္ …. ငါနဲ႔တပါတည္းလိုက္ခဲ့ပါေနာ္ …..
ဒီအေရးေတာ္ပုံႀကီးၿပီးရင္ ငါ နင့္ကိုခမ္းခမ္းနားနားနဲ႔လက္ထပ္ယူပါ့မယ္ ….
ငါ့ဘဝႀကီးထဲက နင့္ကိုဘယ္ေတာ့မွထားမသြားပါဘူးဆိုတာ ငါ ကတိေပးပါတယ္ ……..
သူ႔ရဲ႕စကားအၿပီးမွာေတာ့ ကြၽန္မသူ႔ကိုေခါင္းၿငိမ့္ခဲ့တယ္ …
ဟုတ္တယ္ ။ သူ႔ကိုကြၽန္မအႂကြင္းမဲ့ယုံတယ္ ။
ရည္းစားဘဝမွာ ကြၽန္မအေပၚဘာအခြင့္အေရးမွမယူတဲ့သူ ….
ကြၽန္မရဲ႕လက္ေလးကို မရဲ , တရဲကိုင္ခဲ့တဲ့သူ ….
ကြၽန္မအေပၚမွာေျပာခဲ့သလို သူဟာ မုသားမေျပာတတ္တဲ့သူ …
ကတိတည္တဲ့ေယာက္်ားေကာင္း ေယာက္်ားျမတ္တစ္ေယာက္ ….
ဒီလိုနဲ႔ သူနဲ႔ကြၽန္မဟာ အာဏာရွင္ကိုအျမစ္ႏႈပ္ဖို႔အတြက္လြတ္ေျမႇာက္နယ္ေျမတစ္ခုကို အတူသြားခဲ့ၾကတယ္ ။
ဟိုေရာက္ေတာ့ သူလည္းစစ္သင္တန္းတက္သလိုကြၽန္မလည္း သင္တန္းတက္ခဲ့ၾကတယ္ေလ ။
တစ္ပတ္မွ တစ္ရက္သာေတြ႕ခြင့္ရခ်ိန္ေလးမွာကြၽန္မကို သူဘယ္ေလာက္ခ်စ္ေၾကာင္းေျပာတဲ့သူ …
သူဘယ္လိုလြမ္းေၾကာင္း အလြမ္းေတြဖြဲ႕တတ္တဲ့သူ ။
ဒီလ 10 ရက့္ေန႔က သူေရွ႕တန္းစစ္မ်က္ႏွာထြက္ခြါရေတာ့မဲ့အခ်ိန္ …သူက ကြၽန္မကိုအေမႊးပြအ႐ုပ္တစ္ခုကိုေပးၿပီး ….
ငါ ေရွ႕တန္းထြက္တဲ့အခ်ိန္မွာ ငါ့ရဲ႕ကိုယ္စား ဒီအ႐ုပ္ေလးကိုေပးခဲ့မယ္ …
ငါ ျပန္လာတဲ့အခါ ငါ့ကိုအရင္ဆုံးလာေတြ႕ပါေနာ္ ….
ေအာင္ပြဲေတြနဲ႔ျပန္လာတဲ့အခ်ိန္မွာ အရင္ဆုံး ငါျမင္ခ်င္တဲ့သူဟာ နင္ပါေနာ္ ….
ကြၽန္မရဲ႕လက္ကိုဖြဖြေလးကိုင္းၿပီး သူေျပာခဲ့တယ္ ။
ဒီလ 28 ရက္ေန႔မွာ သူျပန္ေရာက္ၿပီဆိုတဲ့သတင္းၾကားလို႔ ကြၽန္မ သူ႔ဆီသြားခဲ့တယ္ေလ ။
သူဟာ အရမ္းပင္ပန္းေနလို႔လားေတာ့မသိ ။ မလႈပ္ မယွက္အိပ္စက္ေနတယ္ ။ ကြၽန္မ သူ႔ကိုအသံျပဳလိုက္တယ္။
ဟဲ့ …. ငါေရာက္ေနၿပီေလ … ငါ့ကို စကားထေျပာပါဦး …. ကြၽန္မရဲ႕ ငို႔မဲ့မဲ့စကားသံေတြကို
သူဟာ မၾကားဟန္ေဆာင္ကာ ဆက္ၿပီးအိပ္စက္ေနတယ္ ….
ဒါ့ေၾကာင့္လည္း ကြၽန္မခံႏိုင္ရည္စြမ္းအားမရွိေတာ့တာေၾကာင့္ရင္ထဲရွိတာေတြကိုေျပာရင္း အားပါးတရငိုေႂကြးလိုက္ပါေတာ့တယ္ ။
နင္ …. လူလိမ္ … ေတာ္လွန္ေရးၿပီးရင္ ငါကိုလက္ထပ္ပါ့မယ္လို႔ကတိေပးၿပီး ကတိဖ်က္ခဲ့တဲ့ လူလိမ္ …
ငါ့ကို , နင့္ ဘဝႀကီးထဲကေန ဘယ္ေတာ့မွထားမသြားပါဘူးလို႔ ေျပာခဲ့တဲ့ လူညာ …
ၿငိမ္သက္စြာလဲေလွာင္းအိပ္စက္ေနတဲ့သူ႔ရဲ႕ရင္ဘတ္ကိုလႈပ္ႏႈိးကာေအာ္ဟစ္ငိုေႂကြးေျပာဆိုေနတဲ့ကြၽန္မရဲ႕အသံေတြကို သူကေတာ့ ဥပကၡာ ျပဳေနဆဲပါ ။
ကြၽန္မေျပာသလို …ေတာ္လွန္ေရးႀကီးၿပီးရင္ ကြၽန္မကိုလက္ထပ္မယ္လို႔လိမ္ေျပာခဲ့တဲ့လူလိမ္ …
ကြၽန္မကို သူ႔ဘဝႀကီးထဲက ထားမသြားပါဘူးလို႔ ညာေျပာခဲ့တဲ့ လူညာ ….ကြၽန္မရဲ႕ အေမးကိုရွင္တို႔အားလုံးေျဖေပးၾကပါ ။
ကြၽန္မ သူ႔ကိုယိုးစြပ္သလို သူဟာကြၽန္မအေပၚမွာ လိမ္ခဲ့ ညာခဲ့သူဆိုတာမွားေနပါသလား ?
ဒီေလာကႀကီးမွာ ထားရစ္ခဲ့တဲ့သူနဲ႔ က်န္ရစ္ခဲ့တဲ့သူ ဘယ္သူကပိုၿပီးခံစားရပါသလဲ ?
သူကလည္း မၾကားဟန္ေဆာင္ၿပီး ၿငိမ္သက္စြာ မလႈပ္မယွက္အိပ္စက္ေနဆဲ ။
ကြၽန္မကလည္း သူ႔ကိုယ္စား သူေပးခဲ့တဲ့ အေမႊးပြအ႐ုပ္ေလးကိုေပြ႕ဖက္ထားဆဲ ။
ထို႔အတူ … ကြၽန္မမ်က္ဝန္းထဲက မ်က္ရည္ေတြဟာလည္း မိုးနဲ႔အၿပိဳင္ ႐ြာသြန္းေနဆဲေပါ့ရွင္ ။
စာႂကြင္း – ယခုလ ၂၈ ရက္ေန႔တြင္ တိုင္းျပည္အတြက္ အသက္ေပးသြားခဲ့ေသာ PDF ရဲေဘာ္ေလးအားရည္ၫႊန္း၍ဂုဏ္ျပဳေရးသားလိုက္ပါသည္ ။
Ko Nay Win
unicode
PDF ကတိမတည်သူတစ်ယောက်၏ အထ္ထုပ္ပတ္တိ
ကျွန်မကိုလိမ်ညာသွားတဲ့ PDF လူလိမ်တစ်ယောက်အကြောင်းကိုပြောပြချင်ပါတယ် ။
သူနဲ့ကျွန်မဟာ တစ်မြို့တည်းအတူနေတဲ့ကျောင်းနေဖက် သူငယ်ချင်းတွေပါ ။
ငယ်စဉ်ကတည်းက အတူသွား ၊ အတူလာခဲ့ကြပြီး 2018 မှာ ၁၀ တန်းကိုအတူအောင်ခဲ့ကြပါတယ် ။
ဒါ့ကြောင့်လည်း အကြိုက်လည်းတူ , စရိုက်လည်းတူတဲ့ကျွန်မတို့နှစ်ယောက်ဟာ တက္ကသိုလ်တစ်ခုတည်းမှာ အတူတူတက်ခဲ့ကြတယ်လေ ။
ဒီလိုနဲ့သူနဲ့ကျွန်မဟာ တက္ကသိုလ်ဒုတိယနှစ်အရောက်တစ်နေ့မှာပေါ့ ။
ဟုတ်တယ် ။ အဲ့ဒီ့နေ့ဟာကျွန်မဘဝမှာ ဘယ်သောအခါမှမေ့လို့မရတဲ့ နေ့တစ်နေ့ ။
တက္ကသိုလ်ကြီးထဲမှာရှိတဲ့ ထိုင်နေကြထိုင်ခုံမှာအတူထိုင်ရင်း သူကကျွန်မကို ….ငါ နင့်ကိုအရမ်းချစ်တယ်ဟာ ….
ငါ့ကို သူငယ်ချင်းအဆင့်ထက်ကျော်လွန်ပြီး ချစ်သူအဖြစ်လက်ခံပေးပါ ….. လို့ပြောလာခဲ့တယ် ။
ဪ ….. ကျွန်မလား ?သူ ကျွန်မကို ချစ်ခွင့်ပန်တာမအံ့ဩပါဘူး ….ကျွန်မ သိတာပေါ့ …
လွန်ခဲ့တဲ့ ၃ လလောက်ကတည်းက ကျွန်မကြိုသိနေတယ်လေ ….
သူ့မျက်ဝန်းထဲက ကျွန်မကိုကြည့်တဲ့အကြည့်တွေဟာသူငယ်ချင်းအဆင့်ထက် ကျော်လွန်နေပြီဆိုတာကိုပေါ့ ….
သူနဲ့ကျွန်မဟာ ငယ်ပေါင်းကြီးဖော်တွေဆိုတော့သူ့အကြောင်းကို ကျွန်မကောင်းကောင်းသိတယ်လေ ။
သူဟာ ရိုးသားတယ် ။တစ်ဖက်သားကိုကူညီတတ်တယ် ။သနားကြင်နာတတ်တယ် ။အမှန်တရားကိုမြတ်နိုးတယ် ။
မတရားလုပ်တာတွေကို အရမ်းမုန်းတယ် ။မတရားမှု့မှန်သမျှကိုလည်း တွန်းလှန်တတ်တယ် ။
အထူးသဖြင့်သူဟာ ပြောရင် ပြောတဲ့အတိုင်းလုပ်တတ်ပြီးအန်မတန်ကတိတည်တဲ့လူဆိုတာ ကျွန်မကောင်းကောင်းသိပါတယ် ။
ဒီလိုလူမျိုးကိုမှ ကျွန်မရဲ့ဘဝကြင်ဖော်အဖြစ်မရွေးရင်ဘယ်လိုယောက်ျားမျိုးကို ကျွန်မရွေးရမှာလဲ ?
ကျွန်မလည်း သူ့ကိုအရမ်းချစ်တာပေါ့ ။
ဒါပေမဲ့ ကျွန်မကမိန်းမသားဆိုတော့ချက်ခြင်းအဖြေပြန်မပေးခဲ့ဘူး ။
မိန်းခလေးတို့ရဲ့သဘာဝ ဟန်လုပ်ရသေးတယ်လေ ….
ငါ့ကို စဉ်းစားချိန် ၁ လလောက်တော့ပေးပါဟာ …… ဆိုပြီးမူပြရတာလဲ မိန်းမသားတို့ရဲ့သဘာဝမဟုတ်ပါလားရှင် ။
ဒီလိုနဲ့နောက်တစ်လကြာတော့ သူနဲ့ကျွန်မဟာ ချစ်သူတွေ ဖြစ်သွားကြတယ်လေ ။
2021 ဖေဖော်ဝါရီလမှာ စစ်တပ်ကပြည်သူ့အာဏာကိုလုယူလိုက်တော့ကျွန်မတို့ကျောင်းတွေဟာလည်းပိတ်ထားခဲ့ရတယ်ပေါ့ ။
2021 , May 5 ရက်နေ့မှာ သူနဲ့ကျွန်မ တွေ့ခဲ့ကြချိန်မှာ သူက …..ငါ နင့်ကိုအရမ်းချစ်တယ်ဟာ…နင့်ကိုလည်း ငါမခွဲနိုင်ဘူး ….
ဒါပေမဲ့ ငါ့ရဲ့ယုံကြည်ရာနဲ့အမှန်တရားအတွက်တော်လှန်ရေးလုပ်ဖို့ ငါဆုံးဖြတ်ပြီးပြီ ….နင် …. ငါနဲ့တပါတည်းလိုက်ခဲ့ပါနော် …..
ဒီအရေးတော်ပုံကြီးပြီးရင် ငါ နင့်ကိုခမ်းခမ်းနားနားနဲ့လက်ထပ်ယူပါ့မယ် ….
ငါ့ဘဝကြီးထဲက နင့်ကိုဘယ်တော့မှထားမသွားပါဘူးဆိုတာ ငါ ကတိပေးပါတယ် ……..
သူ့ရဲ့စကားအပြီးမှာတော့ ကျွန်မသူ့ကိုခေါင်းငြိမ့်ခဲ့တယ် …
ဟုတ်တယ် ။ သူ့ကိုကျွန်မအကြွင်းမဲ့ယုံတယ် ။
ရည်းစားဘဝမှာ ကျွန်မအပေါ်ဘာအခွင့်အရေးမှမယူတဲ့သူ ….
ကျွန်မရဲ့လက်လေးကို မရဲ , တရဲကိုင်ခဲ့တဲ့သူ ….
ကျွန်မအပေါ်မှာပြောခဲ့သလို သူဟာ မုသားမပြောတတ်တဲ့သူ …
ကတိတည်တဲ့ယောက်ျားကောင်း ယောက်ျားမြတ်တစ်ယောက် ….
ဒီလိုနဲ့ သူနဲ့ကျွန်မဟာ အာဏာရှင်ကိုအမြစ်နှုပ်ဖို့အတွက်လွတ်မြှောက်နယ်မြေတစ်ခုကို အတူသွားခဲ့ကြတယ် ။
ဟိုရောက်တော့ သူလည်းစစ်သင်တန်းတက်သလိုကျွန်မလည်း သင်တန်းတက်ခဲ့ကြတယ်လေ ။
တစ်ပတ်မှ တစ်ရက်သာတွေ့ခွင့်ရချိန်လေးမှာကျွန်မကို သူဘယ်လောက်ချစ်ကြောင်းပြောတဲ့သူ …
သူဘယ်လိုလွမ်းကြောင်း အလွမ်းတွေဖွဲ့တတ်တဲ့သူ ။
ဒီလ 10 ရက့်နေ့က သူရှေ့တန်းစစ်မျက်နှာထွက်ခွါရတော့မဲ့အချိန် …သူက ကျွန်မကိုအမွှေးပွအရုပ်တစ်ခုကိုပေးပြီး ….
ငါ ရှေ့တန်းထွက်တဲ့အချိန်မှာ ငါ့ရဲ့ကိုယ်စား ဒီအရုပ်လေးကိုပေးခဲ့မယ် …
ငါ ပြန်လာတဲ့အခါ ငါ့ကိုအရင်ဆုံးလာတွေ့ပါနော် ….
အောင်ပွဲတွေနဲ့ပြန်လာတဲ့အချိန်မှာ အရင်ဆုံး ငါမြင်ချင်တဲ့သူဟာ နင်ပါနော် ….
ကျွန်မရဲ့လက်ကိုဖွဖွလေးကိုင်းပြီး သူပြောခဲ့တယ် ။
ဒီလ 28 ရက်နေ့မှာ သူပြန်ရောက်ပြီဆိုတဲ့သတင်းကြားလို့ ကျွန်မ သူ့ဆီသွားခဲ့တယ်လေ ။
သူဟာ အရမ်းပင်ပန်းနေလို့လားတော့မသိ ။ မလှုပ် မယှက်အိပ်စက်နေတယ် ။ ကျွန်မ သူ့ကိုအသံပြုလိုက်တယ်။
ဟဲ့ …. ငါရောက်နေပြီလေ … ငါ့ကို စကားထပြောပါဦး …. ကျွန်မရဲ့ ငို့မဲ့မဲ့စကားသံတွေကို
သူဟာ မကြားဟန်ဆောင်ကာ ဆက်ပြီးအိပ်စက်နေတယ် ….
ဒါ့ကြောင့်လည်း ကျွန်မခံနိုင်ရည်စွမ်းအားမရှိတော့တာကြောင့်ရင်ထဲရှိတာတွေကိုပြောရင်း အားပါးတရငိုကြွေးလိုက်ပါတော့တယ် ။
နင် …. လူလိမ် … တော်လှန်ရေးပြီးရင် ငါကိုလက်ထပ်ပါ့မယ်လို့ကတိပေးပြီး ကတိဖျက်ခဲ့တဲ့ လူလိမ် …
ငါ့ကို , နင့် ဘဝကြီးထဲကနေ ဘယ်တော့မှထားမသွားပါဘူးလို့ ပြောခဲ့တဲ့ လူညာ …
ငြိမ်သက်စွာလဲလှောင်းအိပ်စက်နေတဲ့သူ့ရဲ့ရင်ဘတ်ကိုလှုပ်နှိုးကာအော်ဟစ်ငိုကြွေးပြောဆိုနေတဲ့ကျွန်မရဲ့အသံတွေကို သူကတော့ ဥပက္ခာ ပြုနေဆဲပါ ။
ကျွန်မပြောသလို …တော်လှန်ရေးကြီးပြီးရင် ကျွန်မကိုလက်ထပ်မယ်လို့လိမ်ပြောခဲ့တဲ့လူလိမ် …
ကျွန်မကို သူ့ဘဝကြီးထဲက ထားမသွားပါဘူးလို့ ညာပြောခဲ့တဲ့ လူညာ ….ကျွန်မရဲ့ အမေးကိုရှင်တို့အားလုံးဖြေပေးကြပါ ။
ကျွန်မ သူ့ကိုယိုးစွပ်သလို သူဟာကျွန်မအပေါ်မှာ လိမ်ခဲ့ ညာခဲ့သူဆိုတာမှားနေပါသလား ?
ဒီလောကကြီးမှာ ထားရစ်ခဲ့တဲ့သူနဲ့ ကျန်ရစ်ခဲ့တဲ့သူ ဘယ်သူကပိုပြီးခံစားရပါသလဲ ?
သူကလည်း မကြားဟန်ဆောင်ပြီး ငြိမ်သက်စွာ မလှုပ်မယှက်အိပ်စက်နေဆဲ ။
ကျွန်မကလည်း သူ့ကိုယ်စား သူပေးခဲ့တဲ့ အမွှေးပွအရုပ်လေးကိုပွေ့ဖက်ထားဆဲ ။
ထို့အတူ … ကျွန်မမျက်ဝန်းထဲက မျက်ရည်တွေဟာလည်း မိုးနဲ့အပြိုင် ရွာသွန်းနေဆဲပေါ့ရှင် ။
စာကြွင်း – ယခုလ ၂၈ ရက်နေ့တွင် တိုင်းပြည်အတွက် အသက်ပေးသွားခဲ့သော PDF ရဲဘော်လေးအားရည်ညွှန်း၍ဂုဏ်ပြုရေးသားလိုက်ပါသည် ။
crd