နျူကလီးယား စွမ်းအင် မကြာခင် အသုံးပြုတော့မယ်လို့ ကြုံးဝါး၊

နျူကလီးယား စွမ်းအင် မကြာခင် အသုံးပြုတော့မယ်လို့ မင်းအောင်လှိုင် ကြုံးဝါး၊

MFP ၊ စက်တင်ဘာ – ၃၀

တစ်နိုင်ငံလုံးမှာ စက်မှုဇုန်တွေ တည်ဆောက်မယ်လို့ နေပြည်တော်မှာ ပြောဆိုခဲ့တဲ့ မင်းအောင်လှိုင်က မနေ့က မန္တလေးက စီးပွားရေးသမားတွေနဲ့ တွေ့ဆုံရာမှာလည်း စက်မှုလုပ်ငန်းတွေအတွက် အရေးကြီးတဲ့ လျှပ်စစ်ကို မကြာမီ နျူကလီးယားစွမ်းအင်က ရရှိပြီး အသုံးပြုတော့မယ်လို့ ကြုံးဝါးပြောဆိုသွားကြောင်း စစ်လော်ဘီ သတင်းစာတွေက ဖော်ပြထားပါတယ်။


ပြီးခဲ့တဲ့ ရက်ပိုင်းက မင်အောင်လှိုင်ရဲ့ ရှရှားခရီးစဉ်မှာ ပူတင်နဲ့ လက်ဆွဲနှုတ်ဆက်ခွင့် ရခဲ့သလို မြန်မာနိုင်ငံတွင်း ဓာတ်အားထုတ်လုပ်မယ့် နူးကလီးယား စက်ရုံ အသေးစားတစ်ခု တည်ဆောက်ဖို့အထိ ပါဝင်တဲ့ ရှရှား – မြန်မာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တစ်ခု လက်မှတ်ရေးထိုးနိုင်ခဲ့ပြီးနောက် မင်းအောင်လှိုင်က အခုလို မြန်မာနိုင်ငံတွင်း နူးကလီးယားကနေ ဓာတ်အားထုတ်လုပ်ဖို့ စိတ်ကူးယဉ်နေတာ ဖြစ်ပါတယ်။

မနေ့က မန္တလေးက စီးပွားရေးသမားတွေနဲ့ တွေ့ဆုံရာမှာ မင်းအောင်လှိုင်က နူးကလီးယား စွမ်းအင်ကိစ္စ ထည့်ပြောသွားသလို ပြည်တွင်းမှာ ဝါအထွက်နှုန်းတိုးအောင် ဆောင်ရွက်နိုင်မယ်ဆိုရင် ပြည်သူတွေရဲ့ ဝတ်ရေးမှာ များစွာ အထောက်အကူဖြစ်မှာမို့လို့ မန္တလေးတိုင်းမှာ ဝါကို အခြေခံတဲ့ စက်မှုလုပ်ငန်းတွေ အောင်မြင်အောင် ဆောင်ရွက်ကြဖို့ ပြောသွားတယ်လို့ ဆိုပါတယ်။


မန္တလေးကို ရောက်လာတဲ့ မင်းအောင်လှိုင် ကို မန္တလေးတိုင်း ကုန်သည်နဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း – MRCCI ၊ မန္တလေးစက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ၊ မြန်မာနိုင်ငံ ဝါ လုပ်ငန်းရှင်များအသင်း၊ အသေးစား စက်မှုလက်မှု လုပ်ငန်းရှင်များ ကိုယ်စား ကျောက်ဆစ်လုပ်ငန်း အသင်း၊ ရှင်သန်ဆဲ ဒြပ်မဲ့ မျက်ပါးရွှေဆိုင်းအသင်း စတဲ့ အသင်းအဖွဲ့တွေက စီးပွားရေးသမားတွေက မင်းအောင်လှိုင်ကို ဂါရဝပြု တွေ့ဆုံကြပြီး ဆွေးနွေးပွဲ လုပ်ခဲ့တယ်လို့ စစ်လော်ဘီ သတင်းစာတွေက ဖော်ပြပါတယ်။


န်ဴကလီးယား စြမ္းအင္ မၾကာခင္ အသုံးျပဳေတာ့မယ္လို႔ မင္းေအာင္လွိုင္ ၾကဳံးဝါး၊

MFP ၊ စက္တင္ဘာ – ၃၀

တစ္နိုင္ငံလုံးမွာ စက္မႈဇုန္ေတြ တည္ေဆာက္မယ္လို႔ ေနျပည္ေတာ္မွာ ေျပာဆိုခဲ့တဲ့ မင္းေအာင္လွိုင္က မေန႔က မႏၲေလးက စီးပြားေရးသမားေတြနဲ႔ ေတြ႕ဆုံရာမွာလည္း စက္မႈလုပ္ငန္းေတြအတြက္ အေရးႀကီးတဲ့ လၽွပ္စစ္ကို မၾကာမီ န်ဴကလီးယားစြမ္းအင္က ရရွိၿပီး အသုံးျပဳေတာ့မယ္လို႔ ၾကဳံးဝါးေျပာဆိုသြားေၾကာင္း စစ္ေလာ္ဘီ သတင္းစာေတြက ေဖာ္ျပထားပါတယ္။

ၿပီးခဲ့တဲ့ ရက္ပိုင္းက မင္ေအာင္လွိုင္ရဲ့ ရွရွားခရီးစဥ္မွာ ပူတင္နဲ႔ လက္ဆြဲႏႈတ္ဆက္ခြင့္ ရခဲ့သလို ျမန္မာနိုင္ငံတြင္း ဓာတ္အားထုတ္လုပ္မယ့္ ႏူးကလီးယား စက္႐ုံ အေသးစားတစ္ခု တည္ေဆာက္ဖို႔အထိ ပါဝင္တဲ့ ရွရွား – ျမန္မာ ပူးေပါင္းေဆာင္ရြက္ေရး သေဘာတူညီခ်က္တစ္ခု လက္မွတ္ေရးထိုးနိုင္ခဲ့ၿပီးေနာက္ မင္းေအာင္လွိုင္က အခုလို ျမန္မာနိုင္ငံတြင္း ႏူးကလီးယားကေန ဓာတ္အားထုတ္လုပ္ဖို႔ စိတ္ကူးယဥ္ေနတာ ျဖစ္ပါတယ္။


မေန႔က မႏၲေလးက စီးပြားေရးသမားေတြနဲ႔ ေတြ႕ဆုံရာမွာ မင္းေအာင္လွိုင္က ႏူးကလီးယား စြမ္းအင္ကိစၥ ထည့္ေျပာသြားသလို ျပည္တြင္းမွာ ဝါအထြက္ႏႈန္းတိုးေအာင္ ေဆာင္ရြက္နိုင္မယ္ဆိုရင္ ျပည္သူေတြရဲ့ ဝတ္ေရးမွာ မ်ားစြာ အေထာက္အကူျဖစ္မွာမို႔လို႔ မႏၲေလးတိုင္းမွာ ဝါကို အေျခခံတဲ့ စက္မႈလုပ္ငန္းေတြ ေအာင္ျမင္ေအာင္ ေဆာင္ရြက္ၾကဖို႔ ေျပာသြားတယ္လို႔ ဆိုပါတယ္။

မႏၲေလးကို ေရာက္လာတဲ့ မင္းေအာင္လွိုင္ ကို မႏၲေလးတိုင္း ကုန္သည္နဲ႔ စက္မႈလက္မႈလုပ္ငန္းရွင္မ်ား အသင္း – MRCCI ၊ မႏၲေလးစက္မႈဇုန္ စီမံခန႔္ခြဲေရး ေကာ္မတီ၊ ျမန္မာနိုင္ငံ ဝါ လုပ္ငန္းရွင္မ်ားအသင္း၊ အေသးစား စက္မႈလက္မႈ လုပ္ငန္းရွင္မ်ား ကိုယ္စား ေက်ာက္ဆစ္လုပ္ငန္း အသင္း၊ ရွင္သန္ဆဲ ျဒပ္မဲ့ မ်က္ပါးေရႊဆိုင္းအသင္း စတဲ့ အသင္းအဖြဲ႕ေတြက စီးပြားေရးသမားေတြက မင္းေအာင္လွိုင္ကို ဂါရဝျပဳ ေတြ႕ဆုံၾကၿပီး ေဆြးေႏြးပြဲ လုပ္ခဲ့တယ္လို႔ စစ္ေလာ္ဘီ သတင္းစာေတြက ေဖာ္ျပပါတယ္။

crd

Leave a Reply

Your email address will not be published. Required fields are marked *