မော်လမြိုင် ဦးဇိနဘုရားမှာ ဖြစ်သွားတဲ့ ကြောက်စရာကောင်းတဲ့ ဖြစ်ရပ်…

မော်လမြိုင် ဦးဇိနဘုရားမှာ ဖြစ်သွားတဲ့ ကြောက်စရာကောင်းတဲ့ ဖြစ်ရပ်…

မော်လမြိုင် ဦးဇိနဘုရားတွင်

ဘိုးတော်တစ်ယောက် ဗေဒင်ဟောနေတာကို

ဘေးကလူငယ်အုပ်စု ၄/၅ယောက်က

လှောင်သလိုလို ပြောင်သလိုလိုနဲ့

မျက်နှာပြောင်နေကြ လေသည် …။

ကြာလာတော့ဘိုးတော်လဲ ဒေါသတွေ ထွက်လာပြီး …

`ဟေ့ကောင်တွေ

မင်းတို့ငါကိုဘာထင်နေလဲ?

ငါကျိန်စာတို-က်

အင်းခွက်ရေးလိုက်ရင် ….

မင်းတို့ဘဝတွေ ဘာဖြစ်သွားမယ်ထင်လဲ ?´´

အဲ့ဒါကို လူငယ်အုပ်စုက

မကြောက်တဲ့အပြင်

ခွက်ထိုးခွက်လန် ဟားတိုက်ရယ်မောပြီး

လှောင်ပြောင်နေကြသေးသည် …။

ဒါပေမယ်…

ချက်ချင်းဆိုသလိုပဲ

သူတို့မျက်လုံးတွေ ဘာမှမမြင်ရတော့ပဲ

တစ်လောကလုံးမှောင်မဲ သွားလေတော့သည် …။

အဲ့သည့်တော့မှ

သူတို့လဲ အသိတရားဝင်လာကြပြီး

`အဖိုးရယ်သားတို့ မှားသွားပါတယ် ။

သားတို့ကိုခွင် လွှတ်ပေးပါ´´ လို့အော်ကြဒါပေါ့။

အဲချိန်မှာ

ဘိုးတော်ပြန်ပြော လိုက်တဲ့စကားက

`မသာတွေ ငါဘာမှ မလုပ်ရသေးဘူး ….

မင်းတို့ ပထွေးEPC က မီးဖြတ်လိုက်တာကွ၊

ငါလဲ ဘာမှမမြင်ရတော့ဘူး ……´

အားလုံးရီမော ပျော်ရွှင်နိုင်ပါစေဗျာ…။

အားလုံး စိတ်သောကရောက်နေချိန်မှာ ခဏတာလောက် ရီမောပျော်ရွှင်စေချင်လို့ တင်လိုက်ခြင်းဖြစ်ပါသည်။

မဆဲရဖူးနော်။ ဟာသလေးကို နှစ်သက်တယ်ဆိုရင် ပြန်လည်ပီး မျှဝေလိုက်ပါ။

မူရင်းရေးသားသူအား လေးစားစွာဖြင့်

ခရက်ဒစ်

Zawgyi

ေမာ္လၿမိဳင္ ဦးဇိနဘုရားမွာ ျဖစ္သြားတဲ့ ေၾကာက္စရာေကာင္းတဲ့ ျဖစ္ရပ္…

ေမာ္လၿမိဳင္ ဦးဇိနဘုရားတြင္

ဘိုးေတာ္တစ္ေယာက္ ေဗဒင္ေဟာေနတာကို

ေဘးကလူငယ္အုပ္စု ၄/၅ေယာက္က

ေလွာင္သလိုလို ေျပာင္သလိုလိုနဲ႔

မ်က္ႏွာေျပာင္ေနၾက ေလသည္ …။

ၾကာလာေတာ့ဘိုးေတာ္လဲ ေဒါသေတြ ထြက္လာၿပီး …

`ေဟ့ေကာင္ေတြ

မင္းတို႔ငါကိုဘာထင္ေနလဲ?

ငါက်ိန္စာတို-က္

အင္းခြက္ေရးလိုက္ရင္ ….

မင္းတို႔ဘဝေတြ ဘာျဖစ္သြားမယ္ထင္လဲ ?´´

အဲ့ဒါကို လူငယ္အုပ္စုက

မေၾကာက္တဲ့အျပင္

ခြက္ထိုးခြက္လန္ ဟားတိုက္ရယ္ေမာၿပီး

ေလွာင္ေျပာင္ေနၾကေသးသည္ …။

ဒါေပမယ္…

ခ်က္ခ်င္းဆိုသလိုပဲ

သူတို႔မ်က္လုံးေတြ ဘာမွမျမင္ရေတာ့ပဲ

တစ္ေလာကလုံးေမွာင္မဲ သြားေလေတာ့သည္ …။

အဲ့သည့္ေတာ့မွ

သူတို႔လဲ အသိတရားဝင္လာၾကၿပီး

`အဖိုးရယ္သားတို႔ မွားသြားပါတယ္ ။

သားတို႔ကိုခြင္ လႊတ္ေပးပါ´´ လို႔ေအာ္ၾကဒါေပါ့။

အဲခ်ိန္မွာ

ဘိုးေတာ္ျပန္ေျပာ လိုက္တဲ့စကားက

`မသာေတြ ငါဘာမွ မလုပ္ရေသးဘူး ….

မင္းတို႔ ပေထြးEPC က မီးျဖတ္လိုက္တာကြ၊

ငါလဲ ဘာမွမျမင္ရေတာ့ဘူး ……´

အားလုံးရီေမာ ေပ်ာ္႐ႊင္ႏိုင္ပါေစဗ်ာ…။

အားလုံး စိတ္ေသာကေရာက္ေနခ်ိန္မွာ ခဏတာေလာက္ ရီေမာေပ်ာ္႐ႊင္ေစခ်င္လို႔ တင္လိုက္ျခင္းျဖစ္ပါသည္။

မဆဲရဖူးေနာ္။ ဟာသေလးကို ႏွစ္သက္တယ္ဆိုရင္ ျပန္လည္ပီး မွ်ေဝလိုက္ပါ။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္

ခရက္ဒစ္

Leave a Reply

Your email address will not be published. Required fields are marked *