ကိုယ်လုပ်မှ ကိုယ်စားရတာ ဆိုတဲ့ လူတွေကို စကားတစ်ခွန်းထိထိမိမိ ပြောလိုက်တဲ့ လူရွှင်တော် စိန်သီး
ပရိသတ်ကြီးရေ တစ်ချိန်တုန်းက နာမည်ကြီးခဲ့တဲ့ သီးလေးသီး လူရွှင်တော်အဖွဲ့ကိုတော့ အားလုံးပဲ မှတ်မိကြအုန်းမယ် ထင်ပါတယ်။ နိုင်ငံရေးကိုပဲ
အဓိကထား ဖျော်ဖြေခဲ့တဲ့ သီးလေးသီးအဖွဲ့ကတော့ နာမည်အရမ်းကြီးခဲ့ပြီး သူတို့ရဲ့ပြက်လုံးတွေဟာလဲ ပြောစမှတ်တွက်ခဲ့ပါတယ်။ သီးလေးသီးအဖွဲ့ကိုတော့ စိန်သီး၊
ပန်းသီး၊ဇီးသီး၊ကြယ်သီး အစရှိတဲ့ လူရွှင်တော် အဖွဲ့ဝင်တွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ သီးလေးသီးအဖွဲ့ဝင်ထဲက လူရွှင်တော် စိန်သီး ဟာ လက်ရှိမှာ
လွတ်မြောက်နယ်မြေကို ရောက်ရှိနေပြီး စစ်အာဏာရှင်ကို တိုက်ထုတ်ဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။ သီးလေးသီး အဖွဲ့ဝင်တစ်ဦးဖြစ်ပေမယ့် လူရွှင်တော် စိန်သီး ကတော့
တော်လှန်ရေးအတွက် အဖွဲ့ထဲကနေ တစ်ဦးတည်းခွဲထွက်လာပြီး တော်လှန်နေတာပါ။ လူရွှင်တော် စိန်သီး ကတော့ ပြည်သူတွေ တော်လှန်ရေးနဲ့ ပတ်သက်ပြီး သွေးမအေးသွားစေဖို့
လူမှု့ကွန်ယက်ပေါ်ကနေ အမြဲတမ်းသတိပေးနေတာပါ။ ဒီတစ်ခါမှာလဲ တော်လှန်ရေးဟာ လူတိုင်းနဲ့မဆိုင် ကိုယ်လုပ်မှကိုယ်စားရတယ်လို့ ပြောထားတဲ့ လူတွေကို အခုလိပဲ
ထိထိမိမိစကားတစ်ခွန်း ပြောလိုက်ပါတယ်။ ” ေဘာ်လီမဝတ်လို့ဖမ်း ဂါဝန်ဝတ်လို့ဖမ်း စကပ်ကွဲဘောင်းဘီတိုမဝတ်ရတဲ့မကြားဖူးတဲ့အမိန့်တွေ နိုင်ငံရေးငါနဲ့မဆိုင်
ကိုယ်လုပ်မှကိုယ်စားရတာတဲ့သူများ မဆိုင်သလိုနေကြပါအုံး ကိုယ်လုပ်မှကိုယ်စားကြပါအုံး”လို့ လူရွှင်တော် စိန်သီး ကတော့ သူ့ရဲ့လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။
Zawgyi
Crd