ယနေ့ မော်ဒယ် ဒေါက်တာ နန်းမွေ့စံကိုပြစ်ဒဏ်ချမှတ်ပြီး သင်ဇာဝင့်ကျော်ကိုတော့……See More

မော်ဒယ် နန်းမွေ့စံကို အီလက်ထရောနစ် ဆက်သွယ် ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃ (က) ဖြင့် စစ်ခုံရုံးက ထောင်ဒဏ် ၆ နှစ်ချမှတ်၊ သင်ဇာဝင့်ကျော် အမှုစစ်ဆေးနေဆဲ

ရန်ကုန်၊ စက်တင်ဘာ ၂၇

မော်ဒယ်သရုပ်ဆောင် နန်းမွေ့စံတို့ကို အီလက်ထရောနစ် ဆက်သွယ် ဆောင် ရွက်ရေး ဥပဒေပုဒ်မ ၃၃ (က) ဖြင့် စစ်ခုံရုံးက ထောင်ဒဏ် ၆ နှစ်ချမှတ်လိုက်ကြောင်း စစ်ကောင်စီသတင်းဌာနNOMက သတင်းထုတ်ပြန်သည်။

နန်းမွေ့စံသည် မြောက်ဒဂုံတွင် နေထိုင်ပြီး မြောက်ဒဂုံသည် စစ်အုပ်ချုပ်ရေး ကြေညာထားကြောင်း၊ ထို့ကြောင့် အီလက်ထရောနစ်အက်ဥပဒေပုဒ်မ ၃၃ ဖြင့် တရားစွဲဆိုခံထားရသော နန်းမွေစံအမှုကို စစ်ခုံရုံးက ယနေ့တွင် ထောင်ဒဏ် ၆ မှတ်ချခြင်းဖြစ် ကြောင်း၊ သင်ဇာဝင့်ကျော်ကို အရပ်ဘက် မရမ်းကုန်းမြို့နယ်တရားရုံးတွင် ဆက်လက် အမှုစစ်ဆေးဆဲဖြစ်ကြောင်း NOM က ဆိုသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် နန်းမွေ့စံ၏ မိသားစုကို ဆက်သွယ်လျက်ရှိပြီး အဆက်အသွယ်မရရှိသေးပေ။

သင်ဇာဝင့်ကျော်နှင့် နန်းမွေ့စံတို့ကို အလုပ်နှင့်ထောင်ဒဏ် ၇ နှစ် ချမှတ်နိုင်သော အီလက်ထရောနစ် ဆက်သွယ် ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃ (က) ဖြင့် စစ်ကောင်စီက ဩဂုတ်လ ၅ ရက်နေ့တွင် အမှုဖွင့် ဖမ်းဆီးခဲ့ကြောင်း အကြမ်း ဖက် စစ်ကောင်စီက ကြေညာသည်။

သင်ဇာဝင့်ကျော်နှင့် နန်းမွေ့စံတို့ကို ဖမ်းဆီးရာတွင် စစ်ကောင်စီက အဓိက အကြောင်းပြမှုမှာ သင်ဇာဝင့်ကျော်နှင့်နန်းမွေ့စံတို့သည် မြန်မာယဉ်ကျေးမှုနှင့် မညီသော လိင်အသားပေး ဓာတ်ပုံနှင့်ဗီဒီယိုများကို အမေရိကန်နိုင်ငံရှိ Website တစ်ခုထံသို့ အခကြေးငွေ ရယူ၍ ဖြန့်ချိသဖြင့် အရေးယူခြင်းဖြစ်ကြောင်း ကြေညာထားသည်။

အီလက်ထရောနစ် ဆက်သွယ် ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃ (က) သည် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၇ နှစ် ချမှတ်နိုင်သော ပုဒ်မတစ်ခုဖြစ်သည်။

သင်ဇာဝင့်ကျော်နှင့်နန်းမွေ့စံတို့ နှစ်ဦးစလုံးသည် ယမန်နှစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သည့်အတွက် စစ်ကောင်စီနှင့်စစ်လော်ဘီများ၏ အငြိုးထားခြင်းခံရသော မော်ဒယ်သရုပ်ဆောင်များဖြစ်ကြသည်။

Khit Thit Media

Unicode

Crd

Leave a Reply

Your email address will not be published. Required fields are marked *