ပရိသတ်ကြီးရေ မော်ဒယ်မလေး ဟန်နီနွေဦး ဟာ နိုင်ငံခြားဘာသာတက္ကသိုလ်ကျောင်းသူတစ်ဦးဖြစ်ပြီး ဂျာမန်ဘာသာရပ်ကို အထူးပြုသင်ကြားနေသူဖြစ်ပါတယ်။
သူမဟာ ဘောလုံးအားကစားကို ဝါသနာပါသူလေးဖြစ်တာကြောင့် ကျောင်းတွင်းဘောလုံးအသင်းရဲ့ ခေါင်းဆောင်အဖြစ် တာဝန်ယူထားသူလေးပါ။
ဒါအပြင် သူများနဲ့မထူတဲ့ ချောမောလှပမှု့တွေကို ပိုင်ဆိုင်ထားတာကြောင့် ယောက်ကျားလေးပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှု့ကို အပြည့်အဝရရှိထားသူလေးလဲ ဖြစ်ပါတယ်။
သူမရဲ့မြန်မာဆန်ဆန် ဆင်ယင်မှု့တွေစတိုင်လေးတွေကလဲ မိန်းကလေးပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှု့ကို ရရှိထားပါသေးတယ်။
မြန်မာနိုင်ငံရဲ့ လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေအရ ပြည်သူတွေနဲ့အတူတူ ရပ်တည်ခဲ့တဲ့ အနုပညာရှင်တွေထဲမှာ မော်ဒယ် ဟန်နီနွေဦး တစ်ယောက်လဲအပါအဝင် ဖြစ်ပါတယ်။
သူမဟာပြည်သူတွေနဲ့အတူ လမ်းပေါ်ထွက်ဆန္ဒပြခဲ့တာကြောင့် ပုဒ်မ ၅၀၅ ကနဲ့ တရားစွဲဆိုခံရပြီးနောက် လွတ်မြောက်နယ်မြေကို ရောက်ရှိခဲ့တာပဲ ဖြစ်ပါတယ်။
လှပနုနယ်လွန်းသူ မိန်းကလေးငယ်လေးဟာ ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေကို ရောက်ရှိတာဝန်ထမ်းဆောင်နေတာကြောင့် ပရိသတ်တွေ တအံတသြဖြစ်ခဲ့ကြရပါတယ်။
သူမဟာ တော်လှန်ရေးအတွက် အခြေခံxစ်ပညာသင်တန်းကို တတ်ရောက်နေတာပြီး တော်လှန်ရေးအတွက် တာဝန်တွေကိုထမ်းဆောင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။
ဟန်နီနွေဦး ဟာ ကျောင်းသားလက်ရုံးတပ်တော် အခြေခံxစ်ပညာသင်တန်း ကို တတ်ရောက်အောင်မြင်ခဲ့၍ သင်တန်းဆင်းခဲ့ပြီဖြစ်ပါတယ်။
ရဲဘော်တိုင်းကို လေးစားသမှုနဲ့ လုံးဝလုံးဝ ချဲ့ကားရေးကြတာတွေမလုပ်ကြဖို့ ကျနော် ထပ်မေတ္တာရပ်ခံချင်ပါတယ် ဗျ”လို့ ဟန်နီနွေဦး ဟာ သူ့ရဲ့လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားပါတယ်။
Crd