လူ့လောကရောက်ပြီးသည်မှာ မိနစ်၁၈၀ ခန့်သာရှိသေးသည့် ကလေးငယ်သည် မိခင်နှင့်အတူ မီးနေခန်းမှထပြေးခဲ့ရ

“ခင်ဦးက စစ်ရှောင် မီးနေသည်”

အောင်ဇေယျ/People’s Spring

စစ်ကောင်စီတပ်၏ အကြမ်းဖက်မီးရှိူ့ဖျက်ဆီး​ခြင်း၊ အဓမ္မဖမ်းဆီး လူသားဒိုင်းပြုလုပ်ခြင်း၊ ပစ်ခတ်သတ်ဖြတ်ခြင်းများကြောင့်စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်ရှိ ပြည်သူတစ်သောင်းကျော်သည် စက်တင်ဘာလ ၁၉ ရက်နေ့မှစတင်ကာ တကျော့ပြန် ထွက်ပြေးတိမ်းရှောင်နေရသည်။

ထိုပြည်သူများထဲတွင် ခင်ဦးနယ်ကျေးရွာတစ်ရွာ၌ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာ၍ ကလေးမီးဖွားပြီး ၃ နာရီခန့်အကြာ ရင်သွေးငယ်ကို ချီပိုးကာ ထွက်ပြေးတိမ်းရှောင်လာရသူ သွေးနုသားနု မီးနေသည်တစ်ဦးလည်း ပါဝင်ခဲ့သည်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးမှုကြောင့် လူ့လောကရောက်ပြီးသည်မှာ မိနစ်၁၈၀ ခန့်သာရှိသေးသည့် ကလေးငယ်သည် မိခင်နှင့်အတူ မီးနေခန်းမှထပြေးခဲ့ရသည်။

မိုးနှောင်းကာလမို့ ခင်ဦးနယ်တွင် မိုးကလည်း မကြာခဏရွာတတ်ပြီး လေကလည်းတဝုန်းဝုန်းတိုက်လေ့ရှိသည်။ မိုးကာအုပ်ထားသည့် ပေါင်းမိုးလှည်းကလေးသည် သားအမိနှစ်ယောက်အတွက် လုံခြုံသော မီးနေခန်းတစ်ခုမဖြစ်ခဲ့ပါ။

“မိခင်နှင့်ကလေးငယ်ဟာ လှည်းပေါ်မိုးကာအုပ်ပြီး ထိုင်နေရပါတယ်။ ညအချိန်မိုးရွာရင်လည်း နွားလှည်းကိုမိုးကာအုပ်ပြီး ထိုင်နေရပါတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဘူးလေးရာဖရုံဆင့်သည်မှာ ထွက်ပြေးတိမ်းရှောင်လာရသည့် ပြည်သူများအတွက် သောက်သုံးရေနှင့် စားနပ်ရိက္ခါများ အခက်အခဲတွေ့နေကြခြင်းဖြစ်သည်။ သောက်သုံးရေအတွက်နာရီပေါင်းများစွာ အချိန်ပေးခပ်ရသည့် လက်ယက်တွင်းကလေးတွေကိုသာ အားကိုးနေကြရသည်။
ထို့အပြင် ဆိုခဲ့သလို မိုးမကြာခဏရွာသဖြင့် မိုးကာမလုံလောက်သည့်ပြဿနာလည်း ရင်ဆိုင်နေကြရသည်။

“ယခုအခါ စစ်ဘေးရှောင်များအတွက် အခက်အခဲမျိုးစုံကြုံတွေ့နေရပြီး လူသားချင်းစာနာထောက်ထားမှူအကူညီများ အထူးလိုအပ်နေပါတယ်။”ဟု ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။

ယမန်နေ့ စက်တင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းက စစ်ကောင်စီစစ်ကြောင်းသည် ခင်ဦးမြို့နယ် သာဂရရွာရှိ နေအိမ် ၁၀အိမ်ထက်မနည်း၊ဂွေကုန်းရွာ ၅အိမ်၊ ကံသစ်ရွာရှိ ဆိုင်ကယ်၃စီး နှင့် တောတဲနေအိမ်၅လုံးခန့် မီးရှို့ဖျက်ဆီးသွားခဲ့သည်။

(ထွက်ပြေးတိမ်းရှောင်လာသည့်မီးနေသည်နှင့်ပြည်သူများ။ ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)

Crd

Unicode

“ခင္ဦးက စစ္ေရွာင္ မီးေနသည္”

ေအာင္ေဇယ်/People’s Spring

စစ္ေကာင္စီတပ္၏ အၾကမ္းဖက္မီးရွိူ႔ဖ်က္ဆီး​ျခင္း၊ အဓမၼဖမ္းဆီး လူသားဒိုင္းျပဳလုပ္ျခင္း၊ ပစ္ခတ္သတ္ျဖတ္ျခင္းမ်ားေၾကာင့္စစ္ကိုင္းတိုင္း၊ ေရႊဘိုခရိုင္၊ ခင္ဦးၿမိဳ႕နယ္ရွိ ျပည္သူတစ္ေသာင္းေက်ာ္သည္ စက္တင္ဘာလ ၁၉ ရက္ေန႔မွစတင္ကာ တေက်ာ့ျပန္ ထြက္ေျပးတိမ္းေရွာင္ေနရသည္။

ထိုျပည္သူမ်ားထဲတြင္ ခင္ဦးနယ္ေက်းရြာတစ္ရြာ၌ စစ္ေကာင္စီတပ္ စစ္ေၾကာင္းထိုးလာ၍ ကေလးမီးဖြားၿပီး ၃ နာရီခန္႔အၾကာ ရင္ေသြးငယ္ကို ခ်ီပိုးကာ ထြက္ေျပးတိမ္းေရွာင္လာရသူ ေသြးႏုသားႏု မီးေနသည္တစ္ဦးလည္း ပါဝင္ခဲ့သည္။

စစ္ေကာင္စီတပ္ စစ္ေၾကာင္းထိုးမႈေၾကာင့္ လူ႔ေလာကေရာက္ၿပီးသည္မွာ မိနစ္၁၈၀ ခန္႔သာရွိေသးသည့္ ကေလးငယ္သည္ မိခင္ႏွင့္အတူ မီးေနခန္းမွထေျပးခဲ့ရသည္။

မိုးေႏွာင္းကာလမို႔ ခင္ဦးနယ္တြင္ မိုးကလည္း မၾကာခဏရြာတတ္ၿပီး ေလကလည္းတဝုန္းဝုန္းတိုက္ေလ့ရွိသည္။ မိုးကာအုပ္ထားသည့္ ေပါင္းမိုးလွည္းကေလးသည္ သားအမိႏွစ္ေယာက္အတြက္ လုံျခဳံေသာ မီးေနခန္းတစ္ခုမျဖစ္ခဲ့ပါ။

“မိခင္ႏွင့္ကေလးငယ္ဟာ လွည္းေပၚမိုးကာအုပ္ၿပီး ထိုင္ေနရပါတယ္။ ညအခ်ိန္မိုးရြာရင္လည္း ႏြားလွည္းကိုမိုးကာအုပ္ၿပီး ထိုင္ေနရပါတယ္။”ဟု ေဒသခံတစ္ဦးက ေျပာသည္။

ဘူးေလးရာဖ႐ုံဆင့္သည္မွာ ထြက္ေျပးတိမ္းေရွာင္လာရသည့္ ျပည္သူမ်ားအတြက္ ေသာက္သုံးေရႏွင့္ စားနပ္ရိကၡါမ်ား အခက္အခဲေတြ႕ေနၾကျခင္းျဖစ္သည္။ ေသာက္သုံးေရအတြက္နာရီေပါင္းမ်ားစြာ အခ်ိန္ေပးခပ္ရသည့္ လက္ယက္တြင္းကေလးေတြကိုသာ အားကိုးေနၾကရသည္။
ထို႔အျပင္ ဆိုခဲ့သလို မိုးမၾကာခဏရြာသျဖင့္ မိုးကာမလုံေလာက္သည့္ျပႆနာလည္း ရင္ဆိုင္ေနၾကရသည္။

“ယခုအခါ စစ္ေဘးေရွာင္မ်ားအတြက္ အခက္အခဲမ်ိဳးစုံၾကဳံေတြ႕ေနရၿပီး လူသားခ်င္းစာနာေထာက္ထားမႉအကူညီမ်ား အထူးလိုအပ္ေနပါတယ္။”ဟု ခင္ဦးၿမိဳ႕နယ္သတင္းမွန္ျပန္ၾကားေရးက အသိေပးသည္။

ယမန္ေန႔ စက္တင္ဘာလ ၂၂ ရက္ေန႔ နံနက္ပိုင္းႏွင့္ မြန္းလြဲပိုင္းက စစ္ေကာင္စီစစ္ေၾကာင္းသည္ ခင္ဦးၿမိဳ႕နယ္ သာဂရရြာရွိ ေနအိမ္ ၁၀အိမ္ထက္မနည္း၊ေဂြကုန္းရြာ ၅အိမ္၊ ကံသစ္ရြာရွိ ဆိုင္ကယ္၃စီး ႏွင့္ ေတာတဲေနအိမ္၅လုံးခန႔္ မီးရွို႔ဖ်က္ဆီးသြားခဲ့သည္။

(ထြက္ေျပးတိမ္းေရွာင္လာသည့္မီးေနသည္ႏွင့္ျပည္သူမ်ား။ ဓာတ္ပုံ-ခင္ဦးၿမိဳ႕နယ္သတင္းမွန္ျပန္ၾကားေရး)

Crd

Leave a Reply

Your email address will not be published. Required fields are marked *