တော်လှန်ရေးလုပ်ရတာကို စိတ်ပျက်နေပြီဆိုတဲ့ အကြောင်းနဲ့ပတ်သက်ပြီး ပြောလာခဲ့တဲ့ ကိုပေါက်
ဒါရိုက်တာ ကိုပေါက် ကတော့တော်လှန်ရေးကြီးမှာပြည်သူတွေနဲ့အတူအမှန်တရားဘက်ကပါဝင်ခဲ့ပြီးလမ်းထွက်ကာလူထုလှုပ်ရှားမှုတွေမှာ အားတက်သရောပါဝင်ခဲ့တာကြောင့်ပုဒ်မ၅၀၅ကဖြင့် မတရားအမှုဖွင့်ထားခြင်းခံရပြီး ဘေးကင်းရာကိုရှောင်တိမ်းနေခဲ့ရပါတယ်။အခုဆိုရင်တော့ လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေတာပဲဖြစ်ပါတယ်။




ဒါရိုက်တာ ကိုပေါက် ကတော့ တော်လှန်ရေးလုပ်ရတာကို စိတ်ပျက်နေပြီဆိုတဲ့ အကြောင်းနဲ့ပတ်သက်ပြီး ပြောလာခဲ့ပါတယ်။“ကြိုးစားအသက်ရှင်မယ် တကယ်တော့ ကျနော့ရဲ့ pro အလုပ်က ရုပ်ရှင်အနုပညာပါ။ဇာတ်လမ်းရေးဇာတ်ညွှန်းရေး ဒါရိုက်တာလုပ်သရုပ်ဆောင်လုပ် ပေါ့။နှစ်ပေါင်များစွာ လူတွေရဲ့သဘောသဘာဝ စိတ်နေသဘောထားတွေကို သရုပ်ဆောင်ရတဲ့ပညာတွေကို အဓိကထားပြီးလုပ်လာလို့လားမသိဘူး။
အဟုတ်တာလုပ်မယ့်လူတွေရဲ့ အမူအကျင့်တွေ၊မှန်မှန်ကန်ကန်လုပ်နေတဲ့လူတွေရဲ့ သဘောတရားတွေ၊အခမ်းအနား ဆက်တင်တွေနဲ့လိမ်နေတာတွေ၊နည်းပညာက်ိုအသုံးချပြီး အကွက်ကျကျအသုံးချနေတာတွေ၊အနုပညာသမားဆယ်လီတွေက တစ်ချို့အကွက်တွေကိုရိုးရိုးသားသားမမြင်တော့ အကွက်သိသူတွေရဲ့အသုံးချနေတာတွေ မြင်ရ တွေ့ရ ကြားရ သိနေရတော့ ရင်တော့လေးမိတယ်။




အဲ့ဒီအခါ ခင်ဗျားကြီး တော်လှန်ရေးကိုစိတ်ပျက်နေပြီလားလို့ မေးလာခဲ့ရင် ဖြေစရာကရှိနေပါတယ်။ကျနော်စိတ်မပျက်ပါဘူး။ ဘယ်တော့မှလည်းစိတ်ပျက်မှာမဟုတ်ပါဘူး။ဘာဖြစ်လို့လည်းဆိုတော့ ကျနော် ဒါရိုက်တာကိုပေါက်အနေနဲ့ တော်လှန်ရေးကိုအကြောင်းပြပြီး ကိုယ့်အတွက် ကိုယ့်မိသားစုအတွက် အခုအချိန်ထိခေါင်းမာနေဆဲပါ။သာသာယာယာ နေလို့ရတဲ့အခွင့်အရေးတွေ ရခဲ့ပါတယ်။
အဲ့သည်လို ရခဲ့တဲ့အခွင့်အရေးတွေကို စွန့်လွှတ်ခဲ့တဲ့ သမ်ိုင်းကြောင်းတွေ ဖြစ်စဉ်တွေကို တော်လှန်ရေးကြီးပြီးသွားတဲ့တစ်နေ့ အသေးစိတ်ရေးဖြစ်အုံးမယ်ထင်ပါတယ်။ကျနော်က ရုပ်ရှင်ပညာတွေနဲ့ပတ်သက်ပြီးဇာတ်လမ်းရေးဇာတ်ညွှန်းရေးသရုပ်ဆောင်လုပ်ဒါရိုက်တာလုပ်တဲ့ပညာတွေပဲသိခဲ့တာ။ဒါတွေပဲတတ်တာပါ။အခုတော့ တောထဲက ကျောင်းတစ်ခုမှာ ကလေးတွေကိုကျနော်အနေနဲ့ pro မဖြစ်တဲ့ ပန်းချီပညာကို ကြိုးစားသင်ပေးနေပါတယ်။




အခြေခံပေါ့လေ။ကျနော်ကိုယ်ကျနော် ပြန်မေးကြည်တယ်။မင်းမှာ အရင်ကလို ရာနဲ့ချီတဲ့ ဝင်ငွေတွေလည်းမရှ်ိတော့ဘူး။လက်ရှိလည်း ဇီးရိုး။ဘာအတွက်ဒုက္ခခံနေသလဲ?သူများတွေလို ဖာသိဖာသာဖြစ်ဖြစ် သိသိသာသာဖြစ်ဖြစ် ရပ်လိုက်ပါလားပေါ့လေ။ကျနော် အဆင်မပြေပေမယ့်အခုအချိန်ထိ ကျနော် ခေါင်းမာနေဆဲပါ။ဆက်ပြီးတော့လည်း ခေါင်းမာနေအုံးမယ် ထင်ပါတယ်။ကျနော်အဆင်ပြေပါတယ်။
ခင်ဗျားတို့အဆင်မပြေမှာဘဲ ဆက်ပြီးစိုးရိမ်နေအုံးမှာပါ။ကျနော် ခင်ဗျားတို့နဲ့အတူတူမြန်မာ့မြေပေါ်မှာ ရှ်နေပါတယ်။ဒါပေမယ့်မနက်ဖြန်တော့ နိုင်ငံခြားခဏသွားအုံးမယ်နော်။အဝေးကြီးမဟုတ်ပါဘူး။ထိုင်း လောက်ပါပဲ။” လို့ ဒါရိုက်တာ ကိုပေါက် ရဲ့ လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။
Crd CeleOnly
Zawgyi
တော်လှန်ရေးလုပ်ရတာကို စိတ်ပျက်နေပြီဆိုတဲ့ အကြောင်းနဲ့ပတ်သက်ပြီး ပြောလာခဲ့တဲ့ ကိုပေါက်
ဒါ႐ိုက္တာ ကိုေပါက္ ကေတာ့ေတာ္လွန္ေရးႀကီးမွာျပည္သူေတြနဲ႔အတူအမွန္တရားဘက္ကပါဝင္ခဲ့ၿပီးလမ္းထြက္ကာလူထုလႈပ္ရွားမႈေတြမွာ အားတက္သေရာပါဝင္ခဲ့တာေၾကာင့္ပုဒ္မ၅၀၅ကျဖင့္ မတရားအမႈဖြင့္ထားျခင္းခံရၿပီး ေဘးကင္းရာကိုေရွာင္တိမ္းေနခဲ့ရပါတယ္။အခုဆိုရင္ေတာ့ လြတ္ေျမာက္နယ္ေျမမွာ ေရာက္ရွိေနတာပဲျဖစ္ပါတယ္။




ဒါ႐ိုက္တာ ကိုေပါက္ ကေတာ့ ေတာ္လွန္ေရးလုပ္ရတာကို စိတ္ပ်က္ေနၿပီဆိုတဲ့ အေၾကာင္းနဲ႔ပတ္သက္ၿပီး ေျပာလာခဲ့ပါတယ္။“ႀကိဳးစားအသက္ရွင္မယ္ တကယ္ေတာ့ က်ေနာ့ရဲ႕ pro အလုပ္က ႐ုပ္ရွင္အႏုပညာပါ။ဇာတ္လမ္းေရးဇာတ္ၫႊန္းေရး ဒါ႐ိုက္တာလုပ္သ႐ုပ္ေဆာင္လုပ္ ေပါ့။ႏွစ္ေပါင္မ်ားစြာ လူေတြရဲ႕သေဘာသဘာဝ စိတ္ေနသေဘာထားေတြကို သ႐ုပ္ေဆာင္ရတဲ့ပညာေတြကို အဓိကထားၿပီးလုပ္လာလို႔လားမသိဘူး။
အဟုတ္တာလုပ္မယ့္လူေတြရဲ႕ အမူအက်င့္ေတြ၊မွန္မွန္ကန္ကန္လုပ္ေနတဲ့လူေတြရဲ႕ သေဘာတရားေတြ၊အခမ္းအနား ဆက္တင္ေတြနဲ႔လိမ္ေနတာေတြ၊နည္းပညာက္ိုအသုံးခ်ၿပီး အကြက္က်က်အသုံးခ်ေနတာေတြ၊အႏုပညာသမားဆယ္လီေတြက တစ္ခ်ိဳ႕အကြက္ေတြကို႐ိုး႐ိုးသားသားမျမင္ေတာ့ အကြက္သိသူေတြရဲ႕အသုံးခ်ေနတာေတြ ျမင္ရ ေတြ႕ရ ၾကားရ သိေနရေတာ့ ရင္ေတာ့ေလးမိတယ္။




အဲ့ဒီအခါ ခင္ဗ်ားႀကီး ေတာ္လွန္ေရးကိုစိတ္ပ်က္ေနၿပီလားလို႔ ေမးလာခဲ့ရင္ ေျဖစရာကရွိေနပါတယ္။က်ေနာ္စိတ္မပ်က္ပါဘူး။ ဘယ္ေတာ့မွလည္းစိတ္ပ်က္မွာမဟုတ္ပါဘူး။ ဘာျဖစ္လို႔လည္းဆိုေတာ့ က်ေနာ္ ဒါ႐ိုက္တာကိုေပါက္အေနနဲ႔ ေတာ္လွန္ေရးကိုအေၾကာင္းျပၿပီး ကိုယ့္အတြက္ ကိုယ့္မိသားစုအတြက္ အခုအခ်ိန္ထိေခါင္းမာေနဆဲပါ။
သာသာယာယာ ေနလို႔ရတဲ့အခြင့္အေရးေတြ ရခဲ့ပါတယ္။ အဲ့သည္လို ရခဲ့တဲ့အခြင့္အေရးေတြကို စြန္႔လႊတ္ခဲ့တဲ့ သမ္ိုင္းေၾကာင္းေတြ ျဖစ္စဥ္ေတြကို ေတာ္လွန္ေရးႀကီးၿပီးသြားတဲ့တစ္ေန႔ အေသးစိတ္ေရးျဖစ္အုံးမယ္ထင္ပါတယ္။က်ေနာ္က ႐ုပ္ရွင္ပညာေတြနဲ႔ပတ္သက္ၿပီးဇာတ္လမ္းေရးဇာတ္ၫႊန္းေရးသ႐ုပ္ေဆာင္လုပ္ဒါ႐ိုက္တာလုပ္တဲ့ပညာေတြပဲသိခဲ့တာ။




ဒါေတြပဲတတ္တာပါ။အခုေတာ့ ေတာထဲက ေက်ာင္းတစ္ခုမွာ ကေလးေတြကိုက်ေနာ္အေနနဲ႔ pro မျဖစ္တဲ့ ပန္းခ်ီပညာကို ႀကိဳးစားသင္ေပးေနပါတယ္။အေျခခံေပါ့ေလ။က်ေနာ္ကိုယ္က်ေနာ္ ျပန္ေမးၾကည္တယ္။မင္းမွာ အရင္ကလို ရာနဲ႔ခ်ီတဲ့ ဝင္ေငြေတြလည္းမရွ္ိေတာ့ဘူး။လက္ရွိလည္း ဇီး႐ိုး။ဘာအတြက္ဒုကၡခံေနသလဲ?သူမ်ားေတြလို ဖာသိဖာသာျဖစ္ျဖစ္ သိသိသာသာျဖစ္ျဖစ္ ရပ္လိုက္ပါလားေပါ့ေလ။
က်ေနာ္ အဆင္မေျပေပမယ့္အခုအခ်ိန္ထိ က်ေနာ္ ေခါင္းမာေနဆဲပါ။ဆက္ၿပီးေတာ့လည္း ေခါင္းမာေနအုံးမယ္ ထင္ပါတယ္။က်ေနာ္အဆင္ေျပပါတယ္။ခင္ဗ်ားတို႔အဆင္မေျပမွာဘဲ ဆက္ၿပီးစိုးရိမ္ေနအုံးမွာပါ။က်ေနာ္ ခင္ဗ်ားတို႔နဲ႔အတူတူျမန္မာ့ေျမေပၚမွာ ရွ္ေနပါတယ္။ဒါေပမယ့္မနက္ျဖန္ေတာ့ ႏိုင္ငံျခားခဏသြားအုံးမယ္ေနာ္။
အေဝးႀကီးမဟုတ္ပါဘူး။ထိုင္း ေလာက္ပါပဲ။” လို႔ ဒါ႐ိုက္တာ ကိုေပါက္ ရဲ႕ လူမႈ႕ကြန္ယက္ေပၚမွာ ေရးသားထားတာကို ေတြ႕ရပါတယ္။
Crd CeleOnly