တောထဲမှာ ဖြတ်သန်းနေထိုင်နေရတဲ့ ဘဝနေထိုင်မှု့တွေကို ထုတ်ဖော်ပြသလိုက်တဲ့ RUSSELL

တောထဲမှာ ဖြတ်သန်းနေထိုင်နေရတဲ့ ဘဝနေထိုင်မှု့တွေကို ထုတ်ဖော်ပြသလိုက်တဲ့ RUSSELL

သရုပ်ဆောင် Russell ကတော့ အမှန်တရားကိုချစ်မြတ်နိုးသူတစ်ဦးဖြစ်ပြီး ဒီမိုကရေစီကို လိုလားသူတစ်ဦးဖြစ်တာကြောင့် အာဏာရှင်ကိုတွန်းလှန်ဖို့ ကြိုးစားနေတဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။

Russell ဟာ သူတတ်ကျွမ်းထားတဲ့ အင်္ဂလိပ်ဘာသာစကားနဲ့ မြန်မာပြည်မှာ ဖြစ်ပေါ်နေတဲ့အခြေအနေတွေကို နိုင်ငံပေါင်းစုံကလူတွေသိရှိအောင် ပြောပြပေးနေတာကိုလဲ တွေ့ရပါတယ်။

ဒီလိုမျိုး စစ်ကောင်စီဖြုတ်ချဖို့ နည်းမျိုးစုံနဲ့‌ တော်လှန်ဖို့ကြိုးစားနေတဲ့ Russell ကိုတော့ ပုဒ်မ ၅၀၅ က နဲ့ တရားစွဲဆိုထားပြီး

လက်ရှိအချိန်မှာတော့ မိသားစုလေးနဲ့ အိမ်ကိုပစ်ပြီး ဘေးကင်းရာကို ထွက်ပြေးတိမ်းရှောင်နေရတာလဲ ဖြစ်ပါတယ်။

တိမ်းရှောင်နေရင်း မိခင်ဖြစ်သူကွယ်လွန်သွားခဲ့တာတောင် လိုက်ပါပို့ဆောင်ခွင့် နဲ့ နောက်ဆုံးအကြိမ် ကန်တော့ခွင့် မရလိုက်ခဲ့ပါဘူး။

Russell ကတော့ လွတ်မြောက်နယ်မြေမှာ နေထိုင်ရင်း တော်လှန်ရေးတာဝန်တွေကို ကြိုးစားထမ်းဆောင်နေတာကိုလဲ တွေ့ရပါတယ်။

မြို့ပြမှာနေထိုင်ခဲ့တဲ့ Russell ဟာ လက်ရှိအချိန်မှာ အနေအထိုင်ခက်ခဲပေမယ့်လဲ ရိုးရိုးရှင်းရှင်းနေထိုင်ရတဲ့ အရသာကိုကြိုက်နှစ်သက်ပါတယ်တဲ့။

ဒါကြောင့်လဲ လွတ်မြောက်နယ်မြေက ရိုးရှင်းတဲ့အမှတ်တရာတွေကို ဓာတ်ပုံနဲ့တကွ ထုတ်ဖော်ပြသလာခဲ့ပါတယ်နော်။

ကဲ…ပရိသတ်ကြီးရေ Russell ရဲ့ ဓာတ်ပုံလေးတွေကို ပရိသတ်တွေလဲ ပြန်လည်ခံစားကြည့်ရှု့လို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။

Crd

Unicode

ေတာထဲမွာ ျဖတ္သန္းေနထိုင္ေနရတဲ့ ဘဝေနထိုင္မႈ႕ေတြကို ထုတ္ေဖာ္ျပသလိုက္တဲ့ Russell

သ႐ုပ္ေဆာင္ Russell ကေတာ့ အမွန္တရားကိုခ်စ္ျမတ္ႏိုးသူတစ္ဦးျဖစ္ၿပီး ဒီမိုကေရစီကို လိုလားသူတစ္ဦးျဖစ္တာေၾကာင့္ အာဏာရွင္ကိုတြန္းလွန္ဖို႔ ႀကိဳးစားေနတဲ့ အႏုပညာရွင္တစ္ဦး ျဖစ္ပါတယ္။

Russell ဟာ သူတတ္ကြၽမ္းထားတဲ့ အဂၤလိပ္ဘာသာစကားနဲ႔ ျမန္မာျပည္မွာ ျဖစ္ေပၚေနတဲ့အေျခအေနေတြကို ႏိုင္ငံေပါင္းစုံကလူေတြသိရွိေအာင္ ေျပာျပေပးေနတာကိုလဲ ေတြ႕ရပါတယ္။

ဒီလိုမ်ိဳး စစ္ေကာင္စီျဖဳတ္ခ်ဖို႔ နည္းမ်ိဳးစုံနဲ႔‌ ေတာ္လွန္ဖို႔ႀကိဳးစားေနတဲ့ Russell ကိုေတာ့ ပုဒ္မ ၅၀၅ က နဲ႔ တရားစြဲဆိုထားၿပီး

လက္ရွိအခ်ိန္မွာေတာ့ မိသားစုေလးနဲ႔ အိမ္ကိုပစ္ၿပီး ေဘးကင္းရာကို ထြက္ေျပးတိမ္းေရွာင္ေနရတာလဲ ျဖစ္ပါတယ္။

တိမ္းေရွာင္ေနရင္း မိခင္ျဖစ္သူကြယ္လြန္သြားခဲ့တာေတာင္ လိုက္ပါပို႔ေဆာင္ခြင့္ နဲ႔ ေနာက္ဆုံးအႀကိမ္ ကန္ေတာ့ခြင့္ မရလိုက္ခဲ့ပါဘူး။

Russell ကေတာ့ လြတ္ေျမာက္နယ္ေျမမွာ ေနထိုင္ရင္း ေတာ္လွန္ေရးတာဝန္ေတြကို ႀကိဳးစားထမ္းေဆာင္ေနတာကိုလဲ ေတြ႕ရပါတယ္။

ၿမိဳ႕ျပမွာေနထိုင္ခဲ့တဲ့ Russell ဟာ လက္ရွိအခ်ိန္မွာ အေနအထိုင္ခက္ခဲေပမယ့္လဲ ႐ိုး႐ိုးရွင္းရွင္းေနထိုင္ရတဲ့ အရသာကိုႀကိဳက္ႏွစ္သက္ပါတယ္တဲ့။

ဒါေၾကာင့္လဲ လြတ္ေျမာက္နယ္ေျမက ႐ိုးရွင္းတဲ့အမွတ္တရာေတြကို ဓာတ္ပုံနဲ႔တကြ ထုတ္ေဖာ္ျပသလာခဲ့ပါတယ္ေနာ္။

ကဲ…ပရိသတ္ႀကီးေရ Russell ရဲ႕ ဓာတ္ပုံေလးေတြကို ပရိသတ္ေတြလဲ ျပန္လည္ခံစားၾကည့္ရႈ႕လို႔ရေအာင္ ေဖာ္ျပေပးလိုက္ပါတယ္။

Crd

Leave a Reply

Your email address will not be published. Required fields are marked *