စာသင်နေတုန်း ပ-စ်ခတ်ခံလိုက်ရတဲ့ ကလေးငယ်လေးတွေအတွက် စိတ်မကောင်းဖြစ်နေတဲ့ သရုပ်ဆောင် ဘုန်းဆက်သွင်
MRTV-4 ဇာတ်လမ်းတွဲတွေမှတစ်ဆင့် နာမည်ကြီးလူကြိုက်များလာခဲ့တဲ့ သရုပ်ဆောင် ဘုန်းဆက်သွင် ကို အားလုံးပဲ မှတ်မိကြအုန်းမယ် ထင်ပါတယ်နော်။




ပရိသတ်တွေ အားပေးမူ့ကို အများဆုံးရရှိခဲ့တဲ့ ကိုလူပျို ဇာတ်လမ်းတွဲ ကတော့ ဘုန်းဆက်သွင် ရဲ့ လူကြိုက်အများဆုံး ဇာတ်လမ်းတွဲပဲ ဖြစ်ပါတယ်။
သရုပ်ဆောင်ဘုန်းဆက်သွင် ဟာ ဖေဖော်ဝါရီလ တစ်ရက်နေ့ကတည်းက စတင်ခဲ့တဲ့ တော်လှန်ရေးတိုက်ပွဲကြီးမှာ
ယနေ့အချိန်ထိ အားမလျော့သွေးမအေးသွားဘဲ အင်တိုက်အားတိုက်ရသလောက် ကြိုးစားပါဝင်နေသူပဲ ဖြစ်ပါတယ်..။
သရုပ်ဆောင် ဘုန်းဆက်သွင် ဟာဆိုရင်တော့ ပြည်သူတွေဘက်ကနေ မားမားမတ်မတ်ရပ်တည်ခဲ့ပြီး အမှန်တရားအတွက် တိုက်ပွဲဝင်ခဲ့တာကြောင့် စစ်ကောင်စီဘက်ကနေ ၅၀၅ က နဲ့ တရားစွဲဆိုခံထားရပါတယ်။
ဒါကြောင့်လဲ စိတ်ဓာတ်ခိုင်မာပြတ်သားစွာနဲ့ ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေမှာ သွားရောက်တာဝန် ထမ်းဆောင်နေပြီး xစ်ကောင်စီကို နည်းမျိုးစုံနဲ့ တွန်းလှန်နေတာပဲ ဖြစ်ပါတယ်။




ဘုန်းဆက်သွင် လိုပဲ အခြားသောအနုပညာရှင်တွေနဲ့ ပြည်သူတွေဟာလဲ လမ်းကြောင်းမျိုးစုံ ပုံစံမျိုးစုံနဲ့ တွန်းလှန်နေကြတာပါပဲ။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်နေ့ က ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာမှာ ရွာခံကလေးငယ်များ ပညာသင်ယူရာ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းလည်းဖြစ်တဲ့ ရွာဘုန်းတော်ကြီးကျောင်းကို xစ်ရဟတ်ယာဉ်များနဲ့ ပစ်ခတ်တယ်။
ဒီလိုပစ်ခတ်မှု့တွေကြောင့် ပွဲချင်းပြီး သေဆုံးသည်မှာ စာသင်ကြားနေတဲ့ ကျောင်းသား ကလေးသူငယ် (၆) ဦးအပါအဝင် အနည်းဆုံး ပြည်သူ (၉) ဦး၊ (အငယ်ဆုံးက အသက် ၇ နှစ်အရွယ် ကလေးငယ်များ)




အပြင်းအထန် ထိခိုက်ဒဏ်ရာရသူ (၁၀) ဦးကျော်၊အဓမ္မ ဖမ်းခေါ်သွားတဲ့ ဆရာ/မ၊ ကျောင်းသူ/သား၊ ရွာသူ/သားပေါင်း (၂၀) ကျော် ရှိခဲ့ပါတယ်။ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး
” သတင်းပေးတဲ့ကောင်မှားပီကွာ ရှင်တို့မှာ သားသမီးမရှိဘူးလား။ ရှင်တို့ကလေးတွေ ရက်ရက်စက်စက် ပိုးလိုးပက်လက် အသတ်ခံထားရရင်ကောဘယ်လိုနေမလဲ။ တောင်းပန်ပါတယ် ။
စိတ်မကောင်းပါဘူး ဆိုတာလေးနဲ့ ကျေမပ်နိုင်မလားလို့ မေးချင်လိုက်တာ ကလေးတွေရေ “လို့ ဘုန်းဆက်သွင် ရဲ့လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားတာကို စိတ်မကောင်းစွာ တွေ့ရပါတယ်။
Crd