မြန်မာပြည်က ဆယ်လီတော်တော်များများ ပေါ်င်မှာပျော်ရွှင်ကြတာများတယ်။ အညာတရတယောက် မီဒီယာပေါ်ရောက်လာပြီဆိုရင် ဆယ်လီတွေက စာနာစိတ်အယောင်ပြပြီး လှေကားလို ချနင်းချင်ကြတယ်။ ဒါကို တချို့သူတွေကလိုက်ပြီး သာဓုခေါ်နေတာမြင်မကောင်းဘူး။




တကယ်တန်းအဲလိုလူတွေ ဘ၀ကအချနင်းခံ၊ အသုံးခံသက်သက်ပဲ။ နောက်ဆိုမေ့မေ့ပျောက်ပျောက်နဲ့ အဲခလေးဆိုတာ လူတိုင်းမသိတော့ဘူး။ ဆယ်လီဆိုတဲ့ဟာတွေပဲ ဖော်လိုဝါတွေတိုးသွားမယ်။ ကောင်းစားသွားမယ်။ တကယ်တမ်း အဲခလေးကို ကောင်းစားစေချင်ရင် သူ့ဘ၀ တိုးတက်ဖို့ ပညာတခုခုတတ်ဖို့ ဘယ်အခြေနေထိထောက်ပံ့နိင်မလဲ ဆိုတာ စဉ်းစားပေးသင့်တာ။




သူ့မိဘတွေကို ပိုကောင်းတဲ့အလုပ် ဖန်တီးပေးသင့်တာ။ ခုက ကောက်ရိုးမီးလောင်ပဲ။ ခဏပဲ။ နောက်ဆို အဲခလေးက အဲနွံထဲမှာပဲ ယက်ကန်ယက်ကန်နဲ့ ဘ၀ကိုရှေးဆက်နေရအုန်းမှာပဲ။ သူတပါးရဲ့ ဆင်းရဲနွမ်းပါးမှုဆိုတာ Self Promote လုပ်ပြီး နင်းတက်ရမယ့် လှေကားမဟုတ်ဘူး။




ဒီကာလမှာ တိုင်းပြည်က ပိုဆင်းရဲလာတယ်။ ဆင်းရဲသူတွေ ပိုများလာတယ်။ ဒါတွေကို ဖြစ်စေတဲ့ အဓိကလက်သည်တွေကို တော်လှန်တိုက်ထုတ်ဖို့ စိတ်မကူးဘဲ ဆင်းရဲသူတွေကို ကင်မရာရှေ့မှာ ကရုဏာသက်ပြနေတာဟာ အယောင်ဆောင်ကရုဏာသီးသန့်ပဲ။ ငွေတစ်သိန်းလောက် အကုန်ခံပြီး ကင်မရာတကားကားနဲ့ ကြည့်ရှုသူ သန်းချီရ၊ ပိုက်ဆံရှာစားဖို့ ကြိုးစားနေတဲ့ ကိုယ်ကျိုးရှာ အမြတ်ထုတ် အောက်တန်းစားတွေ။ (YEKUN)




သိပ် အများကြီး မပြောခြင်လို့ ဆယ်လီတွေက ဒုက္ခသည်တွေကို လိုက်ဗ် လွှင့်ပြီး လှူပေးတာကို ပရဟိတ လုပ်တာ ထင်နေကြကထဲ က စလွဲ လာတာ။ ပရဟိတ သမား ဖြစ်ဖို့ ဆိုလျှင် အလှူ ခံပြီး ပြန်လှူ တတ်ယုံလောက်နဲ့ မရဘူး ဆိုတာ ပရဟိတ ကို ခုတုံးလုပ် တတ်တဲ့ ဆယ် လီတွေ ဆယ်လီ-ူးတွေ အဲဒီအ-ူးတွေ ပေါက်ပန်းစျေး တွေကို ကိုးကွယ် အထင်ကြီးတတ်တဲ့ ဂျာဒူးဝါးလားတွေကို စေတနာ နဲ့ပါ ဆိုပြီး အာပေါက် အောင် သွားရှင်းမပြ နဲ့ မရဘူး။ အ-ဲခံရတာ ပဲ အဖတ်တင်လိမ့်မယ်။




ဂျေဝင်တာလို့ သမုတ် ခံ ရလိမ့်မယ်။ သူ့လို လုပ်နိုင်လား လို့ အမေး ခံရလိမ့်မယ်။ စာရေး တာလေးက ကေါင်း ရုပ်ကလေးက ခပ်ချောချော ဟိုနား ၅ သောင်း လောက်လှူ လိုက်ဗ် လွှင့်ပြ ဒီနား ရေသန့်ဗူး လေးနဲ့ မုန့်ထုပ်လေး လှူ လိုက်ဗ် လွှင့် ပြ တစ်ခါ နှစ်ခါ သုံးခါ လောက်ဖြစ်လာတော့ လူ တွေ စွတ် ရွတ် အထင်ကြီး ပေါ် ပင်မှာ ပျှော်ရွှင်ချင် တဲ့သူတွေက သူ့နောက်လိုက်တွေ ဖြစ် အုံလိုက်ကျင်းလိုက် နဲ့ နောက်တော့ ကျောချ တော့ ဒမြဒမြ လို့ ဝိုင်းအော် ကြ ပြန်ရော




ဘာကို အသည်းပေါက်စရာ ကေါင်းလဲ ဆိုတော့ အဲ့ဒီ ဆယ်လီ တွေ ဘာလုပ်လုပ် သူတို့ ယုံနေတုန်းက အကေါင်း အဲဒီဆယ်လီတွေ တလွဲ လုပ်လာလို့ ပြောစရာ ဆိုစရာ ဖြစ်လာပြီဆို မင်းတို့ ပရဟိတသမားတွေက ဆိုတဲ့ စကါးလုံးကြီးတွေ သုံးသုံးပြီး ဝါးလုံးရှည်နဲ့ ပါတ်ရမ်း ခံရတဲ့အခါလောက် အသည်းပေါက်စရာ ကေါင်းတာလောက် မရှိဘူး။




မင်းတို့ဘာသာ -င်ယား လို့ ဖြစ်ကြတာလေ။ ပရဟိတသမားတွေနဲ့ ဘာဆိုင်တုန်း လို့ မေးမေးပြီး အ-ွက်တွေ -ိုးပစ်ချင်တာ တကယ်။ (ချစ်တဲ့ ကိုစိုး မနောကြာဖြူ မန္တလေး)crd