မြောင်နယ် ကျောက်ရစ်စခန်းထဲက စစ်အုပ်စုကို စခန်းအပြင်ထွက်လာချိန် တို-က်ခို-က်၊
မြောင်နယ် ကျောက်ရစ်စခန်းထဲက စစ်အုပ်စုကို စခန်းအပြင်ထွက်လာချိန် တို-က်ခို-က်၊ သုံးယောက်ေ-သ
MFP ၊ စက္တင္ဘာ – ၁၇
စစ်ကိုင်းတိုင်း မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းနှင့် နနွင်းကိုင်းရွာအနီးမှာ မနေ့မနက်ပိုင်းက ဒဏ်ရာရ စကစကို လိုက်ပို့ပြီး ပြန်လာတဲ့ စစ်အုပ်စုကို ဒေသကာကွယ်ရေး တပ်တွေက ပြောက်ကျားနည်းနဲ့ ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စကစ သုံးယောက် သေတယ်လို့ 27 Revolution Force – မြင်းခြံ က သတင်း ထုတ်ပြန်ပါတယ်။
စက်တင်ဘာ(၁၆)ရက် မနက်ပိုင်းက မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းထဲ အထိုင်ချနေတဲ့ စကစတွေဟာ ဒဏ်ရာရထားတဲ့ စကစ အရာရှိကို နနွင်းကိုင်းရွာ ဆိပ်ကမ်းဘက် လိုက်ပို့ပေးပြီး ကျောက်ရစ်ရဲစခန်းဘက် ပြန်လာနေကြောင်း သတင်းရတာကြောင့် ဒေသကာကွယ်ရေး တပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“နနွင်းကိုင်းကျေးရွာမှ ကျောက်ရစ်ရဲစခန်းသို့ အပြန် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ကြားဖြတ် တိုက်ခိုက်ခဲ့ပါသည်။ ထိုတိုက်ခိုက်မှုတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သား သုံးဦးကို ငရဲသို့ စရိတ်ငြိမ်း ပို့ဆောင်ပေးနိုင်ခဲ့သည်” လို့ 27 Revolution Force – မြင်းခြံ က ဖော်ပြပါတယ်။
တိုက်ပွဲအပြီး စစ်အုပ်စုဘက်က ရမ်းကား ပစ်ခတ်လို့ နနွင်းကိုင်းရွာက ဒေသခံ အမျိုးသမီးတစ်ဦး လက်နက်ကြီး ထိမှန် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
စကစ သုံးယောက် သေတဲ့ တိုက်ခိုက်မှုကို 27 Revolution Force-မြင်းခြံ ၊ 11 Brothers Revolution Forces၊ မြင်းခြံခရိုင် တပ်ရင်းအမှတ် (၂) People Defence Force -Taloke၊ MGN Ranger၊၊ MGN-21၊ မြင်းခြံခရိုင် တပ်ရင်း (၃) – မြေလတ် PDF၊ စစ်ကိုင်းခရိုင် တပ်ရင်း အမှတ်(၄) – Myaung Special People’s Defense Force – MSPDF၊ Myaung Phoenix People Defence Force – MPPDF ၊ MDY-PDF နှင့် ကျေးရွာတပ်ပေါင်းစု(မြောင်) စတဲ့ မဟာမိတ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
Crd
Unicode
MFP ၊ စက္တင္ဘာ – ၁၇
Crd
Leave a Reply
Your email address will not be published. Required fields are marked *