ဒီကလေးကို မြင်ဖူးနေပါတယ်လို့ မှတ်တာ၊ လမ်း ၃၀ ထိပ်က ပလုံးအိတ်တွေ ကြားက မိသားစုတွေထဲမှာ မြင်ဖူးနေတာပါ၊ ဟိုနေ့က ရွှေဆိုင်ကြော်ငြာလေးတွေ့တော့၊ အော် ဒီကလေးကံကောင်းလိုက်တာလို့တွေးနေမိသေးတာ။




ဒါပေမယ့် ဒီနေ့ မြို့ထဲသွားဖြစ်တော့ ဘာမြင်လိုက်ရလဲဆိုတော့ အဲ့ကလေးကို အဲ့ လမ်း ၃၀ ထိပ်မှာပဲ ရယ်ရယ်မောမောနဲ့ အရင်တိုင်းလေးပဲ ပြန်တွေ့မိတယ်၊ အဝတ်အစားခပ်နွမ်းနွမ်းလေးနဲ့ပါပဲ၊ တဆက်တည်းမှာပဲ ဆက်လျှောက်လာရင်း အရင်လိုင်းပေါ်မှာ နာမည်ကြီးနေတဲ့ ကချေသည် သားအမိ နှစ်ယောက်ကို ၃၄ လမ်းထိပ်မှာတွေ့လိုက်တယ်၊ ဒဿဂီရိ သီချင်းနဲ့ဘောက်လေးဖွင့်ပြီးကနေတာ၊ ဘာမှမပြောင်းလဲဘူးအရင်အတိုင်းပဲ၊ ဖုန်းနဲ့ ဗီဒီယို ရိုက်နေတဲ့သူတွေတော့များသား၊
အဲ့လိုပါပဲ လိုင်းပေါ်မှာ နာမည်ကြီးနေတဲ့ မြေအိုးလေးတွေကို ၆ လုံးပတ် လုပ်တီးနေတဲ့ မိသားစုလေးလည်း စျေးထဲ တခါခါ ပြန်ပြန်ရောက်လာတယ်၊ အဆိုကောင်းအတီးကောင်းတဲ့ မျက်မမြင်လင်မယားကိုလည်း အရင် ပုံစံအတိုင်း မပြောင်းလဲဘဲ တွေ့နေမိတုန်းပဲ။




အရင်တုန်းကတော့ လိုင်းပေါ်မှာ ပေါ်ပင်ဖြစ်သွားရင် သူတို့ဘဝလေးတွေ အဆင်ပြေသွားပြီထင်တာ၊ တကယ်အဆင်ပြေသွားတာက သူတို့ဘဝတွေကို ရိုက်ပြ ဗျူးပြတဲ့ အကောင့်တွေ၊ ပေ့တွေကပဲအဆင်ပြေသွားကြတာ၊ သူတို့ဘဝလေးတွေကတော့ အရင်တိုင်းပဲ ဖျော်ဖြေနေရတုန်းပဲ။ (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)
ပုလင်းခွံကောက်သူ ဘဝကနေပြီး အမျိုးသမီးဓာတ်ပုံဆရာမတစ်ယောက်ရဲ့ စွမ်းဆောင်မှုကြောင့် ရွှေဆိုင်ကြော်ငြာကို ပါဝင်သရုပ်ဆောင်ခွင့် ရရှိသူဘဝဆီ တက်လှမ်းရောက်ရှိလာခဲ့တဲ့ အပွားလေးဟာ လက်ရှိမှာတော့ ပုလင်းခွံတွေ ပြန်ကောက်ရတဲ့ဘဝဆီပဲ ပြန်ရောက်နေပြီလို့ လမ်း ၃၀ ပတ်ဝန်းကျင်မှာ နေထိုင်သူတွေက ပြောပါတယ်။




မြို့ထဲဘက်ကို ရောက်ရှိလာသူတွေထဲက အမျိုးသမီးတစ်ယောက်က ဒီကလေးကို လမ်း ၃၀ ထိပ်မှာပဲ အရင်တုန်းကအတိုင်း ပြန်တွေ့ခဲ့ရကြောင်းနဲ့ အဝတ်အစားကလည်း အရင်တုန်းကအတိုင်း ခပ်နွမ်းနွမ်းနဲ့ဖြစ်ကြောင်း မအေးအေးခိုင်အမည်ရ အမျိုးသမီးတစ်ဦးက သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်မှာ ရေးသားဖော်ပြထားပါတယ်။
ပုလင်းခွံကောက်တဲ့ဘဝကနေ ရွှေဆိုင်ကြော်ငြာသူဘဝဆီ တက်လှမ်းရောက်ရှိလာချိန်မှာ အပွားလေးအတွက် ဝမ်းသာကျေနပ်သူ၊ ဂရုဏာသက်သူတွေ အများအပြားရှိလာခဲ့ပြီး အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာထက်မှာလည်း သူ့အတွက် ပီတိဖြစ်သူ၊ သူ့အကြောင်းကို မျှဝေသူတွေ အများအပြား ရှိခဲ့ပါတယ်။
ဒါက မြန်မာပြည်မှာ ဖြစ်နေကျပဲလေ။ လူမှုကွန်ရက်မှာ နာမည်ကြီးတုန်း အဲ့ဒီအကြောင်းကို လူပြောများနေမယ်။ ပြီးရင် မေ့မေ့ပျောက်ပျောက်ဖြစ်ပြီး ဒုံရင်းဘဝဆီ ပြန်ရောက်သွားတာပါပဲ။ ကောင်းစားပြီး လူတစ်လုံး သူတစ်လုံးဖြစ်သွားသူဆိုတာ အရမ်းကို ရှားပါးပါတယ်။ သူတို့ကို လုပ်စားခံရတဲ့ဘဝတွေလို့တောင် ရင်နာနာနဲ့ ပြောဖို့ကောင်းပါတယ်။ တကယ်က ဒီကလေးလေးရဲ့ဘဝရှေ့ရေးအတွက် အုတ်မြစ်တစ်ခုကို ချမှတ်ပေးနိုင်အောင် စီစဉ်ကြရမှာပါ။




အခုကတော့ ဒီနေ့ နာမည်ကြီးပြီး နောက်တစ်နေ့မှာ အရင်ဘဝ ပြန်ရောက်နေတာတွေပဲ များပါတယ်။ ဒီအတွက် ဒီနိုင်ငံရဲ့စနစ်ကိုရော တခြားလူမှုခံယူချက်တွေကိုရော ပြင်ဆင်ရမှာပါ။ အခု အကိုမေးတဲ့မေးခွန်းက အမှန်ပါပဲ။ ဒီကလေးကို မနက်ပိုင်းရောက်ရင် ဘူတာကြီးနဲ့ လမ်း ၃၀ ထိပ်တွေမှာ ပြန်တွေ့နေရပါပြီ။ အရင်လို ခပ်နွမ်းနွမ်း အဝတ်အစားလေးတွေနဲ့ပါပဲ။ သူ့မျက်လုံးလေးတွေက အရမ်းကို အပြစ်ကင်းတယ်။ အခုလို ပြန်တွေ့ရတော့ စိတ်မကောင်းဖြစ်မိတာ အမှန်ပဲ”လို့ လမ်း ၃၀ မှာ နေထိုင်တဲ့သူတစ်ယောက်က ပြောပြပါတယ်။
ဒီကေလးကို ျမင္ဖူးေနပါတယ္လို႔ မွတ္တာ၊ လမ္း ၃၀ ထိပ္က ပလုံးအိတ္ေတြ ၾကားက မိသားစုေတြထဲမွာ ျမင္ဖူးေနတာပါ၊ ဟိုေန႔က ေရႊဆိုင္ေၾကာ္ျငာေလးေတြ႕ေတာ့၊ ေအာ္ ဒီကေလးကံေကာင္းလိုက္တာလို႔ေတြးေနမိေသးတာ။




ဒါေပမယ့္ ဒီေန႔ ၿမိဳ႕ထဲသြားျဖစ္ေတာ့ ဘာျမင္လိုက္ရလဲဆိုေတာ့ အဲ့ကေလးကို အဲ့ လမ္း ၃၀ ထိပ္မွာပဲ ရယ္ရယ္ေမာေမာနဲ႔ အရင္တိုင္းေလးပဲ ျပန္ေတြ႕မိတယ္၊ အဝတ္အစားခပ္ႏြမ္းႏြမ္းေလးနဲ႔ပါပဲ၊ တဆက္တည္းမွာပဲ ဆက္ေလၽွာက္လာရင္း အရင္လိုင္းေပၚမွာ နာမည္ႀကီးေနတဲ့ ကေခ်သည္ သားအမိ ႏွစ္ေယာက္ကို ၃၄ လမ္းထိပ္မွာေတြ႕လိုက္တယ္၊ ဒႆဂီရိ သီခ်င္းနဲ႔ေဘာက္ေလးဖြင့္ၿပီးကေနတာ၊ ဘာမွမေျပာင္းလဲဘူးအရင္အတိုင္းပဲ၊ ဖုန္းနဲ႔ ဗီဒီယို ရိုက္ေနတဲ့သူေတြေတာ့မ်ားသား၊
အဲ့လိုပါပဲ လိုင္းေပၚမွာ နာမည္ႀကီးေနတဲ့ ေျမအိုးေလးေတြကို ၆ လုံးပတ္ လုပ္တီးေနတဲ့ မိသားစုေလးလည္း ေစ်းထဲ တခါခါ ျပန္ျပန္ေရာက္လာတယ္၊ အဆိုေကာင္းအတီးေကာင္းတဲ့ မ်က္မျမင္လင္မယားကိုလည္း အရင္ ပုံစံအတိုင္း မေျပာင္းလဲဘဲ ေတြ႕ေနမိတုန္းပဲ။
အရင္တုန္းကေတာ့ လိုင္းေပၚမွာ ေပၚပင္ျဖစ္သြားရင္ သူတို႔ဘဝေလးေတြ အဆင္ေျပသြားၿပီထင္တာ၊ တကယ္အဆင္ေျပသြားတာက သူတို႔ဘဝေတြကို ရိုက္ၿပ ဗ်ဴးျပတဲ့ အေကာင့္ေတြ၊ ေပ့ေတြကပဲအဆင္ေျပသြားၾကတာ၊ သူတို႔ဘဝေလးေတြကေတာ့ အရင္တိုင္းပဲ ေဖ်ာ္ေျဖေနရတုန္းပဲ။ (မူရင္းေရးသားသူအား ေလးစားမႈျဖင့္ – bkr)




ပုလင္းခြံေကာက္သူ ဘဝကေနၿပီး အမ်ိဳးသမီးဓာတ္ပုံဆရာမတစ္ေယာက္ရဲ့ စြမ္းေဆာင္မႈေၾကာင့္ ေရႊဆိုင္ေၾကာ္ျငာကို ပါဝင္သ႐ုပ္ေဆာင္ခြင့္ ရရွိသူဘဝဆီ တက္လွမ္းေရာက္ရွိလာခဲ့တဲ့ အပြားေလးဟာ လက္ရွိမွာေတာ့ ပုလင္းခြံေတြ ျပန္ေကာက္ရတဲ့ဘဝဆီပဲ ျပန္ေရာက္ေနၿပီလို႔ လမ္း ၃၀ ပတ္ဝန္းက်င္မွာ ေနထိုင္သူေတြက ေျပာပါတယ္။
ၿမိဳ႕ထဲဘက္ကို ေရာက္ရွိလာသူေတြထဲက အမ်ိဳးသမီးတစ္ေယာက္က ဒီကေလးကို လမ္း ၃၀ ထိပ္မွာပဲ အရင္တုန္းကအတိုင္း ျပန္ေတြ႕ခဲ့ရေၾကာင္းနဲ႔ အဝတ္အစားကလည္း အရင္တုန္းကအတိုင္း ခပ္ႏြမ္းႏြမ္းနဲ႔ျဖစ္ေၾကာင္း မေအးေအးခိုင္အမည္ရ အမ်ိဳးသမီးတစ္ဦးက သူမရဲ့လူမႈကြန္ရက္စာမ်က္ႏွာထက္မွာ ေရးသားေဖာ္ျပထားပါတယ္။
ပုလင္းခြံေကာက္တဲ့ဘဝကေန ေရႊဆိုင္ေၾကာ္ျငာသူဘဝဆီ တက္လွမ္းေရာက္ရွိလာခ်ိန္မွာ အပြားေလးအတြက္ ဝမ္းသာေက်နပ္သူ၊ ဂ႐ုဏာသက္သူေတြ အမ်ားအျပားရွိလာခဲ့ၿပီး အြန္လိုင္းလူမႈကြန္ရက္စာမ်က္ႏွာထက္မွာလည္း သူ႔အတြက္ ပီတိျဖစ္သူ၊ သူ႔အေၾကာင္းကို မၽွေဝသူေတြ အမ်ားအျပား ရွိခဲ့ပါတယ္။
ဒါက ျမန္မာျပည္မွာ ျဖစ္ေနက်ပဲေလ။ လူမႈကြန္ရက္မွာ နာမည္ႀကီးတုန္း အဲ့ဒီအေၾကာင္းကို လူေျပာမ်ားေနမယ္။ ၿပီးရင္ ေမ့ေမ့ေပ်ာက္ေပ်ာက္ျဖစ္ၿပီး ဒုံရင္းဘဝဆီ ျပန္ေရာက္သြားတာပါပဲ။ ေကာင္းစားၿပီး လူတစ္လုံး သူတစ္လုံးျဖစ္သြားသူဆိုတာ အရမ္းကို ရွားပါးပါတယ္။ သူတို႔ကို လုပ္စားခံရတဲ့ဘဝေတြလို႔ေတာင္ ရင္နာနာနဲ႔ ေျပာဖို႔ေကာင္းပါတယ္။ တကယ္က ဒီကေလးေလးရဲ့ဘဝေရွ႕ေရးအတြက္ အုတ္ျမစ္တစ္ခုကို ခ်မွတ္ေပးနိုင္ေအာင္ စီစဥ္ၾကရမွာပါ။
အခုကေတာ့ ဒီေန႔ နာမည္ႀကီးၿပီး ေနာက္တစ္ေန႔မွာ အရင္ဘဝ ျပန္ေရာက္ေနတာေတြပဲ မ်ားပါတယ္။ ဒီအတြက္ ဒီနိုင္ငံရဲ့စနစ္ကိုေရာ တျခားလူမႈခံယူခ်က္ေတြကိုေရာ ျပင္ဆင္ရမွာပါ။ အခု အကိုေမးတဲ့ေမးခြန္းက အမွန္ပါပဲ။ ဒီကေလးကို မနက္ပိုင္းေရာက္ရင္ ဘူတာႀကီးနဲ႔ လမ္း ၃၀ ထိပ္ေတြမွာ ျပန္ေတြ႕ေနရပါၿပီ။ အရင္လို ခပ္ႏြမ္းႏြမ္း အဝတ္အစားေလးေတြနဲ႔ပါပဲ။ သူ႔မ်က္လုံးေလးေတြက အရမ္းကို အျပစ္ကင္းတယ္။ အခုလို ျပန္ေတြ႕ရေတာ့ စိတ္မေကာင္းျဖစ္မိတာ အမွန္ပဲ”လို႔ လမ္း ၃၀ မွာ ေနထိုင္တဲ့သူတစ္ေယာက္က ေျပာျပပါတယ္။
crd