စိတ်ဓာတ်တွေ ပြိုလဲသွားလို့မဖြစ်ဘူးလို့ ကိုယ့်ကိုကိုယ် အားပေးလိုက်တဲ့ အဆိုတော် မေ
LOST ဆိုတဲ့ တေးသီချင်းနဲ့ လူငယ် ပရိတ်သတ်ကြားမှာ နာမည်ကြီး ရေပန်းစားခဲ့ပြီး ချိုသာတဲ့ အသံလေးကို ပိုင်ဆိုင်ထားတဲ့ မေ ဆိုတဲ့ အဆိုတော်ကောင်မလေး ကိုတော့ အားလုံးပဲ သိကြမှာပါ။




အားကိုးမယ်နော် ဆိုတဲ့ အဆိုတော် ဘရိတ်ကီနဲ့အတူသီဆိုထားတဲ့ သင်္ကြန်တေးသီချင်းလေးနဲ့ ပရိတ်သတ်အားပေးမှု စတင်ရရှိခဲ့တဲ့ မေ ဟာ အခုဆိုရင်တော့ အောင်မြင်တဲ့ အဆိုတော်တစ်ယောက်ဖြစ်လို့နေပါပြီ။
သူမသီဆိုထားတဲ့သီချင်းလေးတွေဟာ လူငယ်ပရိသတ်တွေကြားမှာ အရမ်းကိုနာမည်ကြီး ကျော်ကြားခဲ့ပြီး အားလုံးကကြိုက်နှစ်သက်လက်ခံခဲ့ကြပါတယ်။




သူမဟာ အဆိုတော်တစ်ဦးအဖြစ် ရပ်တည်နေတဲ့အပြင် ရုပ်ရှင်ဇာတ်ကားတွေမှာလဲ ပါဝင်သရုပ်ဆောင်ပြီး ပရိသတ်တွေရဲ့အချစ်တွေကို ခံယူထားသူလေးပါ။
အဆိုတော် မေ ဟာ နွေဦးတော်လှန်ရေးမှာလဲ ပြည်သူတွေနဲ့အတူ အမှန်တရားဘက်ကနေ ရပ်တည်ခဲ့တဲ့ အနုပညာရှင်တစ်ဦးလဲ ဖြစ်ခဲ့ပါတယ်။
ဒါကြောင့်လဲ ပုဒ်မ ၅၀၅ က နဲ့ တရားစွဲဆိုခံထားရပြီး မိသားစုနဲ့ဝေးရာ ဘေးကင်းရာကို တိမ်းရှောင်နေရပါတယ်။




သူမ ကတော့ ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ ဂီတကြယ်ပွင့် ရော့ခ်အဆိုတော် ရေမွန် နဲ့ အချစ်ဆုံးသူငယ်ချင်းတွေလဲ ဖြစ်ပါသေးတယ်။
အဆိုတော် မေ ကတော့ စိတ်ဓာတ်တွေ ပြိုလဲကျလို့မဖြစ်ဘူးဆိုပြီး ကိုယ့်ကိုကိုယ် အားပေးလိုက်တာကို တွေ့ရပါတယ်နော်။
” ကျန်တာတွေ ပြိုလဲလို့ရတယ် စိတ်ဓါတ်တွေပြိုလဲလို့မဖြစ်ဘူး.. သီချင်းလေးထဲကနေပဲ အားပေးလိုက်ပါတယ် အားလုံးကို..”လို့ မေ ရဲ့ လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားပါတယ်။




ပရိသတ်ကြီးရေ အဆိုတော် မေ ကတော့ စိတ်ဓာတ်တွေပြိုလဲလို့မဖြစ်ကြောင်းကို သီချင်းလေးထဲကနေ အားပေးလိုက်တာပဲ ဖြစ်ပါတယ်။
Crd
Unicode
















Crd