သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ကိုယ်စားပြုခွင့်ပေးဖို့ ကုလသမဂ္ဂကို ထောင်တွင်း နိုင်ငံရေးအကျဥ်းသားတွေ အိတ်ဖွင့်ပေးစာနဲ့ထုတ်ဖော်တောင်းဆို
အခု စက်တင်ဘာ ၁၃ ရက်စလို့ စတင်ကျင်းပနေတဲ့ ကုလသမဂ္ဂရဲ့ ၇၇ ကြိမ်မြောက် အထွေထွေညီလာခံမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုသာ မြန်မာပြည်သူတွေရဲ့ကိုယ်စားပြု သံအမတ်ကြီးအဖြစ် လက်ခံအတည်ပြုပေးဖို့ အကျဥ်းထောင်တွင်းက နိုင်ငံရေးအကျဥ်းသားတွေက အိတ်ဖွင့်ပေးစာနဲ့ ထုတ်ဖော်တောင်းဆိုလိုက်ပါတယ်။




မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားအကျဥ်းသူများမဟာမိတ်တပ်ပေါင်းစု (Myanmar Political Prisoners Alliance)-MPPA) က အခုလို အိတ်ဖွင့်ပေးစာနဲ့ အခုလို တောင်းဆို လာတာလည်းဖြစ်ပါတယ်။
ကုလအနေနဲ့လည်း လူသားချင်းစာနာသောအားဖြင့် စစ်ကောင်စီက စေလွှတ်တဲ့ ကိုယ်စားလှယ်နဲ့ အဆိုပြုအထောက်အထားတွေကို ငြင်းပယ်ပြီး မြန်မာပြည်သူ သန်း ၅၀ နဲ့ ဖမ်းဆီးခံ နိုင်ငံရေး အကျဥ်းသားတွေရဲ့ တောင်းဆိုချက်ကို လျစ်လျူမရှုဘဲ ဦးကျော်မိုးထွန်းကိုသာ မြန်မာကိုယ်စားလှယ်အဖြစ် ဆက်လက် တာဝန်ထမ်းဆောင်ခွင့်ပြုမယ်လို့ မျှော်လင့် ကြောင်းကိုလည်း တောင်းဆိုချက်မှာ ဖော်ပြထားပါတယ်။




ဒါ့အပြင် မြန်မာပြည်သူတွေကို စာနာသောအားဖြင့် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေလုပ်နေတဲ့အပေါ် No Fly Zone အဖြစ် တရားဝင်ကြေညာပေးဖို့ နဲ့ မြန်မာစစ်ဘေးရှောင်တွေအတွက် လုံခြုံရေးတပ်ဖွဲ့တွေ စေလွှတ်ပေးဖို့ စတဲ့အချက်တွေကိုလည်း နိုင်ငံရေးအကျဥ်းသား၊ အကျဥ်းသူမဟာမိတ်တပ်ပေါင်းစုက ထုတ်ပြန်တောင်းဆိုလာကြပါတယ်။
အခုကျင်းပနေတဲ့ ကုလအထွေထွေညီလာခံရဲ့အရည်အချင်းစစ်ကော်မတီက အာဏာသိမ်း စစ်တပ်ကို ကိုယ်စားပြုခွင့် ပေးမှာလား၊ NUG ရဲ့ လျှောက်ထားမှုကို လက်ခံမှာလား ဆိုတာကို အထွေထွေ ညီလာခံကနေ ခန့်အပ်ဖွဲ့စည်းလိုက်တဲ့ အရည်အချင်းစစ် ကော်မတီက ဆုံးဖြတ်ပေးဖို့ ရှိနေပါတယ်။




သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလညီလာခံမှာ ဆက်တက်ကိုယ်စားပြုခွင့်ရရေး နိုင်ငံတဝန်းက စစ်အာဏာသိမ်းတာကိုဆန့်ကျင်တဲ့ သပိတ်စစ်ကြောင်းတွေမှာလည်း ထည့်သွင်း ဆန္ဒပြတောင်းဆိုနေကြပါတယ်။
ဘီဘီစီမြန်မာပိုင်
ဓါတ်ပုံ- Getty Images
Crd
Unicode
သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းကို ဆက္လက္ကိုယ္စားျပဳခြင့္ေပးဖို႔ ကုလသမဂၢကို ေထာင္တြင္း နိုင္ငံေရးအက်ဥ္းသားေတြ အိတ္ဖြင့္ေပးစာနဲ႔ထုတ္ေဖာ္ေတာင္းဆို
အခု စက္တင္ဘာ ၁၃ ရက္စလို႔ စတင္က်င္းပေနတဲ့ ကုလသမဂၢရဲ့ ၇၇ ႀကိမ္ေျမာက္ အေထြေထြညီလာခံမွာ ကုလသမဂၢဆိုင္ရာ ျမန္မာအျမဲတမ္းကိုယ္စားလွယ္ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းကိုသာ ျမန္မာျပည္သူေတြရဲ့ကိုယ္စားျပဳ သံအမတ္ႀကီးအျဖစ္ လက္ခံအတည္ျပဳေပးဖို႔ အက်ဥ္းေထာင္တြင္းက နိုင္ငံေရးအက်ဥ္းသားေတြက အိတ္ဖြင့္ေပးစာနဲ႔ ထုတ္ေဖာ္ေတာင္းဆိုလိုက္ပါတယ္။




ျမန္မာနိုင္ငံလုံးဆိုင္ရာ နိုင္ငံေရးအက်ဥ္းသားအက်ဥ္းသူမ်ားမဟာမိတ္တပ္ေပါင္းစု (Myanmar Political Prisoners Alliance)-MPPA) က အခုလို အိတ္ဖြင့္ေပးစာနဲ႔ အခုလို ေတာင္းဆို လာတာလည္းျဖစ္ပါတယ္။
ကုလအေနနဲ႔လည္း လူသားခ်င္းစာနာေသာအားျဖင့္ စစ္ေကာင္စီက ေစလႊတ္တဲ့ ကိုယ္စားလွယ္နဲ႔ အဆိုျပဳအေထာက္အထားေတြကို ျငင္းပယ္ၿပီး ျမန္မာျပည္သူ သန္း ၅၀ နဲ႔ ဖမ္းဆီးခံ နိုင္ငံေရး အက်ဥ္းသားေတြရဲ့ ေတာင္းဆိုခ်က္ကို လ်စ္လ်ဴမရႈဘဲ ဦးေက်ာ္မိုးထြန္းကိုသာ ျမန္မာကိုယ္စားလွယ္အျဖစ္ ဆက္လက္ တာဝန္ထမ္းေဆာင္ခြင့္ျပဳမယ္လို႔ ေမၽွာ္လင့္ ေၾကာင္းကိုလည္း ေတာင္းဆိုခ်က္မွာ ေဖာ္ျပထားပါတယ္။




ဒါ့အျပင္ ျမန္မာျပည္သူေတြကို စာနာေသာအားျဖင့္ စစ္ေကာင္စီက ေလေၾကာင္းတိုက္ခိုက္မႈေတြလုပ္ေနတဲ့အေပၚ No Fly Zone အျဖစ္ တရားဝင္ေၾကညာေပးဖို႔ နဲ႔ ျမန္မာစစ္ေဘးေရွာင္ေတြအတြက္ လုံျခဳံေရးတပ္ဖြဲ႕ေတြ ေစလႊတ္ေပးဖို႔ စတဲ့အခ်က္ေတြကိုလည္း နိုင္ငံေရးအက်ဥ္းသား၊ အက်ဥ္းသူမဟာမိတ္တပ္ေပါင္းစုက ထုတ္ျပန္ေတာင္းဆိုလာၾကပါတယ္။
အခုက်င္းပေနတဲ့ ကုလအေထြေထြညီလာခံရဲ့အရည္အခ်င္းစစ္ေကာ္မတီက အာဏာသိမ္း စစ္တပ္ကို ကိုယ္စားျပဳခြင့္ ေပးမွာလား၊ NUG ရဲ့ ေလၽွာက္ထားမႈကို လက္ခံမွာလား ဆိုတာကို အေထြေထြ ညီလာခံကေန ခန္႔အပ္ဖြဲ႕စည္းလိုက္တဲ့ အရည္အခ်င္းစစ္ ေကာ္မတီက ဆုံးျဖတ္ေပးဖို႔ ရွိေနပါတယ္။




သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းကို ကုလညီလာခံမွာ ဆက္တက္ကိုယ္စားျပဳခြင့္ရေရး နိုင္ငံတဝန္းက စစ္အာဏာသိမ္းတာကိုဆန႔္က်င္တဲ့ သပိတ္စစ္ေၾကာင္းေတြမွာလည္း ထည့္သြင္း ဆႏၵျပေတာင္းဆိုေနၾကပါတယ္။
ဘီဘီစီျမန္မာပိုင္
ဓါတ္ပုံ- Getty Images
Crd