စကစဘက်က သင့်ရဲ့တည်နေရာကို လုံး၀ သိစေနိုင်တဲ့ နည်းပညာ
မိမိဖုန်းနံပါတ် ဘယ်မှာ ရှိနေတယ်ဆိုတာ အလွယ် တကူ သိနိုင်တဲ့အကြောင်း ပြန်တင်ပြပေးလိုက်ပါတယ် ။
မေး။ ။ ဖုန်းကို GPS ပိတ်ထားတယ်။ အဲဒီတော့ တည်နေရာ ကိူရှာတွေ့နိုင်သေးလား???




ဖြေ ။ ။ ရပါတယ်။ သင့်တည်နေရာကို အတိအကျ အချိန်မရွေး ကြည့်လို့ရပါတယ်။ ဘယ်ဖုန်းလိုင်းသုံးသူကိုမဆို ကြည့်လို့ရပါတယ်။
နံပါတ် ၁ နည်းလမ်းက သင်နဲ့အနီးဆုံး တာဝါ တွေကတဆင့်ပါ။ Triangulation နည်းနဲ့ပါ။ Sim ကဒ်ထည့်ပြီး ဖုန်းဖွင့်လိုက်တာနဲ့ သင့်တည်နေရာကို သင်နဲ့အနီးဆုံး တာဝါ ၃ ခုက သိရှိသွားပါတယ်။
အဲဒီတော့ ဒီဖုန်းက ဘယ်တွေသွား၊ ဘယ်ကိုရောက် ဘယ်မှာ ညအိပ်နေလည်းစတဲ့ သင့်ဖုန်းရဲ့ လှုပ် ရှား မှုတိုင်းကို သိနေပါပြီ။
အဲဒီတော့ သင် GPS ပိတ်ထားပေမယ့် သင့်တည် နေရာကို ဖုန်းဖွင့်ထားသမျှကာလပတ်လုံး အချိန်မရွေး ကြည့်လို့ရပါတယ်။




မေး (၂) ။ ။ ငါက ဘာကောင်မှမဟုတ်တာ။ မြန်မာပြည်မှာ ဖုန်းသုံးသူ သန်းနဲ့ချီရှိတယ်။ ငါ့ကို ဘာလို့ လိုက်ရှာမှာလဲ??
ဖြေ ။ ။ သူတို့ကလည်း တကူးတက မရှာပါဘူး။ ဒါပေမယ့် စက်မှာ အလိုလျောက် ပေါ်လာတာပါ။
သူတို့ဆီ စာရင်းပေါက်ပြီးသား ဆရာကြီးတွေရဲ့ နံပါတ်တွေနဲ့ အဆက်အသွယ် ရှိဖူးလျှင် လည်း ကောင်း၊
ပို့နေတဲ့ မက်ဆေ့ (အင်တာနက် Apps မဟုတ်ဘဲ ဖုန်းလိုင်း မက်ဆေ့) မှာ Key words (သတိထားစရာစကားလုံး၊ ဥပမာ NUG, သေနတ်, စခ) တွေ ခဏခဏ ပါရင် သော်လည်းကောင်း၊




AI ကနည်းနည်းမြင့်ရင် ဖုန်းပြောတဲ့ စကားတွေထဲမှာ Key words တွေ ခဏ ခဏ ပြောမိလျှင်သော်လည်းကောင်း၊
AI စက်က သင့်ကို သတ်မှတ်ပြီး စက်ရောလူပါ စောင့်ကြည့်တော့မှာပါ။
အဲဒီတော့ ဖုန်းအသုံးပြုသူ သန်းပေါင်းများစွာရှိပေမယ့် အထူးပြုထားသူများနှင့် ဆက်သွယ်တတ်သူ၊ ထူးခြားဖြစ်စဉ် စကားလုံးများနှင့် ဆက်သွယ်တတ်သူ အဖြစ် သင်က ထင်းထင်းကြီးပေါ်နေမှာပါ။
( အရေးကြီး လျို့ ဝှက် သုံး လိုရင်ဖုန်းသပ်သပ် တစ်လုံးနဲ့ sim ကဒ် တစ်ခုထားပါ။ ပြီးတော့ ပိတ်ထားပါ။ လိုမှဖွင့်ပါ။ ဖွင့်တဲ့အချိန် အိမ်မှာ မဖွင့်ပါနဲ့။ ကိုယ့်ကို ပြန်မနွယ်နိုင်မယ့် နေရာမှာ ဖွင့်ပါ။ သုံးပြီး ပိတ်ပါ။ )




ဒါပေမယ့် ဒီဖုန်းက ဆက်သွယ်ဖို့ အတွက်မဟုတ်ပါ။ ဒီဖုန်းနဲ့ ဘယ်တော့မှ မခေါ်မပြော မက်ဆေ့ မပို့ပါနဲ့။ ပိုပြီး စိတ်ချရတဲ့ အင်တာနက် ဆက်သွယ်မှု အကောင့်တွေဖွင့်ဖို့ အတွက်သာ သုံးပါ။
အားလုံး ဘေးရန်ကင်းကွာကြပါစေ။
Credit