KBZ Pay တွေကို ပြည်တွင်းသီးသန့်ပဲ အသုံးပြုနိုင်

KBZ Pay အကောင့်တွေကို ပြည်တွင်းမှာသာ အသုံးပြုနိုင်ပြီး ပြည်ပ နိုင်ငံတွေမှာ အသုံးပြုနိုင်မှာ မဟုတ်ကြောင်း စက်တင်ဘာ ၁၅ ရက်နေ့ကစလို့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့နေပေမဲ့ KBZ Pay Service ကတော့ ပုံမှန်အတိုင်း ဆက်လက်အသုံးပြုနိုင်တယ်လို့ ဒီကနေ့ စက်တင်ဘာ ၁၅ ရက်နေ့ ညနေပိုင်းက ထုတ်ပြန်လိုက်ပါတယ်။

ပြည်ပ နိုင်ငံတွေ ‌ရောက်သွားတဲ့အခါမှာလည်း KBZ Pay အကောင့်ဖွင့်ထားတဲ့ ဖုန်းနံပါတ်နဲ့ ချိတ်ဆက်ထားတဲ့ မြန်မာနိုင်ငံက တယ်လီကွန်း အော်ပရေတာကနေ Roaming ဖွင့်ပြီး OTP ကုဒ် တောင်းခံ ပြီး ပုံမှန် အတိုင်း ဆက်လက် အသုံးပြုနိုင်တယ်လို့ အသိပေး အကြောင်းကြားစာထဲမှာ ပါရှိပါတယ်။ ဒါပေမဲ့ Roaming SMS ရယူဖို့အတွက် သုံးစွဲတဲ့ ဖုန်းနံပါတ်နဲ့ ရောက်ရှိနေတဲ့ နိုင်ငံပေါ် မူတည်ပြီး ကန့်သတ်ချက်နဲ့ သတ်မှတ်ချက်တွေ ရှိနိုင်တယ်လို့ လည်း သိရပါတယ်။

ဒါနဲ့ပတ်သက်လို့ လက်ရှိမှာ ထိုင်းနိုင်ငံကိုရောက်ရှိနေတဲ့ Kay Pay အသုံးပြုသူတစ်ဦးက ” လက်ရှိအချိန် အထိ သုံးလို့တော့ရနေသေးတယ်။ OTP ကုဒ်လည်း ကျတယ်။

ဆင်းမ် ကဒ် မပါလာလို့ OTP ကုဒ် မကျရင်လည်း ကေပေးသုံးဖို့ထည့်ထားတဲ့ဖုန်းကို ပို့တဲ့ နံပါတ် ပြန်ထည့်လို့ရတယ်” လို့ ပြောပါတယ်။

မနေ့က စက်တင်ဘာ ၁၄ ရက်နေ့က စလို့ နိုင်ငံခြားကနေ MPT SIM card ကို roaming ဖွင့်ပြီး K pay ရဲ့ OTP Code တောင်းလိုက်တာနဲ့ တပြိုင်နက် ပြည်ပ နိုင်ငံတွေမှာ အသုံးပြုခွင့်မရှိကြောင်း အီးမေးလ် စာ ပို့ပေးပြီး ကိုယ့် K pay account အတွင်းမှာ ရှိတဲ့ ငွေတွေကို ဘဏ်အကောင့်ထဲကို ချက်ချင်းလွှဲပြောင်းလိုက်တယ်လို့ လူမှုကွန်ရက်မှာတော့ ပျံ့နှံ့ခဲ့တဲ့နောက် လူထုအကြားစိုးရိမ်မှုတွေ ရှိနေကြတာပါ။

ဒါနဲ့ပတ်သတ်ပြီး Kay Pay Service Team ကို ဖုန်းဆက်မေးကြည့်တော့ ” ပြည်ပမှာ အသုံးပြုနိုင်ပါတယ်။

ကေပေးဖွင့်ထားတဲ့ ဆင်းမ်ကဒ်လေးကိုယူသွားမယ်။ Data Roaming လည်း ဖွင့်ထားမယ်ဆိုရင် OTP ကုဒ်လည်း ကျမယ်ဆိုရင် သုံးလို့ရပါတယ်။ ” လို့ ပြောပါတယ်။

KBZ Pay အေကာင့္ေတြကို ျပည္တြင္းမွာသာ အသုံးျပဳနိုင္ၿပီး ျပည္ပ နိုင္ငံေတြမွာ အသုံးျပဳနိုင္မွာ မဟုတ္ေၾကာင္း စက္တင္ဘာ ၁၅ ရက္ေန႔ကစလို႔ လူမႈကြန္ရက္စာမ်က္ႏွာေတြမွာ ပ်ံ႕ႏွံ့ေနေပမဲ့ KBZ Pay Service ကေတာ့ ပုံမွန္အတိုင္း ဆက္လက္အသုံးျပဳနိုင္တယ္လို႔ ဒီကေန႔ စက္တင္ဘာ ၁၅ ရက္ေန႔ ညေနပိုင္းက ထုတ္ျပန္လိုက္ပါတယ္။

ျပည္ပ နိုင္ငံေတြ ‌ေရာက္သြားတဲ့အခါမွာလည္း KBZ Pay အေကာင့္ဖြင့္ထားတဲ့ ဖုန္းနံပါတ္နဲ႔ ခ်ိတ္ဆက္ထားတဲ့ ျမန္မာနိုင္ငံက တယ္လီကြန္း ေအာ္ပေရတာကေန Roaming ဖြင့္ၿပီး OTP ကုဒ္ ေတာင္းခံ ၿပီး ပုံမွန္ အတိုင္း ဆက္လက္ အသုံးျပဳနိုင္တယ္လို႔ အသိေပး အေၾကာင္းၾကားစာထဲမွာ ပါရွိပါတယ္။

ဒါေပမဲ့ Roaming SMS ရယူဖို႔အတြက္ သုံးစြဲတဲ့ ဖုန္းနံပါတ္နဲ႔ ေရာက္ရွိေနတဲ့ နိုင္ငံေပၚ မူတည္ၿပီး ကန႔္သတ္ခ်က္နဲ႔ သတ္မွတ္ခ်က္ေတြ ရွိနိုင္တယ္လို႔ လည္း သိရပါတယ္။

ဒါနဲ႔ပတ္သက္လို႔ လက္ရွိမွာ ထိုင္းနိုင္ငံကိုေရာက္ရွိေနတဲ့ Kay Pay အသုံးျပဳသူတစ္ဦးက ” လက္ရွိအခ်ိန္ အထိ သုံးလို႔ေတာ့ရေနေသးတယ္။ OTP ကုဒ္လည္း က်တယ္။ ဆင္းမ္ ကဒ္ မပါလာလို႔ OTP ကုဒ္ မက်ရင္လည္း ေကေပးသုံးဖို႔ထည့္ထားတဲ့ဖုန္းကို ပို႔တဲ့ နံပါတ္ ျပန္ထည့္လို႔ရတယ္” လို႔ ေျပာပါတယ္။

မေန႔က စက္တင္ဘာ ၁၄ ရက္ေန႔က စလို႔ နိုင္ငံျခားကေန MPT SIM card ကို roaming ဖြင့္ၿပီး K pay ရဲ့ OTP Code ေတာင္းလိုက္တာနဲ႔ တၿပိဳင္နက္ ျပည္ပ နိုင္ငံေတြမွာ အသုံးျပဳခြင့္မရွိေၾကာင္း အီးေမးလ္ စာ ပို႔ေပးၿပီး ကိုယ့္ K pay account အတြင္းမွာ ရွိတဲ့ ေငြေတြကို ဘဏ္အေကာင့္ထဲကို ခ်က္ခ်င္းလႊဲေျပာင္းလိုက္တယ္လို႔ လူမႈကြန္ရက္မွာေတာ့ ပ်ံ႕ႏွံ့ခဲ့တဲ့ေနာက္ လူထုအၾကားစိုးရိမ္မႈေတြ ရွိေနၾကတာပါ။

ဒါနဲ႔ပတ္သတ္ၿပီး Kay Pay Service Team ကို ဖုန္းဆက္ေမးၾကည့္ေတာ့ ” ျပည္ပမွာ အသုံးျပဳနိုင္ပါတယ္။ ေကေပးဖြင့္ထားတဲ့ ဆင္းမ္ကဒ္ေလးကိုယူသြားမယ္။ Data Roaming လည္း ဖြင့္ထားမယ္ဆိုရင္ OTP ကုဒ္လည္း က်မယ္ဆိုရင္ သုံးလို႔ရပါတယ္။ ” လို႔ ေျပာပါတယ္။

crd

Leave a Reply

Your email address will not be published. Required fields are marked *