ကောက်ရိုးမီးလိုမလုပ်ကြပါနဲ့လို့ ပြည်သူတွေကို မေတ္တာရပ်ခံလိုက်တဲ့ သရုပ်ဆောင် သီဟထွန်း

ကောက်ရိုးမီးလိုမလုပ်ကြပါနဲ့လို့ ပြည်သူတွေကို မေတ္တာရပ်ခံလိုက်တဲ့ သရုပ်ဆောင် သီဟထွန်း

MRTV-4 ဇာတ်လမ်းတွဲတွေကတစ်ဆင့် နာမည်ကြီးလူကြိုက်များလာခဲ့တဲ့ သရုပ်ဆောင် မင်းသားတစ်လက်ဖြစ်တဲ့ သီဟထွန်း ကိုတော့ အားလုံးပဲသိကြမှာပါနော်။

မော်ဒယ်အဖြစ်အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပြီးနောက် ဇာတ်လမ်းတွဲတွေမှာ သဘာကျကျသရုပ်ဆောင်ခဲ့တာကြောင့် လူသိများလာခဲ့တာပါ။

နောက်ပိုင်းမှာတော့ ပရိသတ်ချစ်ခင်အားပေးရတဲ့ မင်းသားတစ်လက်ဖြစ်ခဲ့ပြီး လက်ရှိအချိန်မှာလဲ အားလုံးကချစ်ခင်အားပေးခြင်းကို ခံနေရတဲ့ အနုပညာရှင်တစ်ဦးပါပဲ။

သီဟထွန်း ဟာ အမှန်တရားဘက်တော်သားတစ်ဦးဖြစ်ပြီး အခြားသောအနုပညာရှင်တွေနဲ့အတူ အာဏာရှင်ကို တွန်းလှန်နေတာပဲ ဖြစ်ပါတယ်။

ဒါကြောင့်လဲ သူ့ကို စစ်ကောင်စီဘက်ကနေ ပုဒ်မ ၅၀၅ က နဲ့ တရားစွဲဆိုထားပြီး ဘေးကင်းရာလွတ်မြောက်နယ်မြေကို တိမ်းရှောင်နေတာပဲ ဖြစ်ပါတယ်။

ဒီလိုတိမ်းရှောင်နေရင်း တော်လှန်ရေးအတွက် ကျရာတာဝန်တွေကို ကြိုးစားထမ်း‌ဆောင်နေတာကိုလဲ တွေ့ရပါတယ်။

အာဏာရှင်ကိုတွန်းလှန်ဖို့ ဘက်ပေါင်းစုံကနေ ပါဝင်နေပြီး ကိုယ်တိုင်ကလဲ စိတ်ဓာတ်ခိုင်မာစွာနဲ့ ပြည်သူတွေကို သွေးမအေးစေဖို့ တိုက်တွန်းနေတာကိုလဲ တွေ့ရပါတယ်။

” နာကြည်း ခံပြင်းဒေါသဖြစ်ရပြန်ပြီမလား? အသက်တွေပေးရတိုင်းမှာ shock ဖြစ်ရုံခဏပဲဝမ်းနည်းနာကြည်းပြီး နောက်နေ့ ဘာမှမဖြစ်သလိုသေသွားသူကို့လဲ မေ့ဆိုတာကြီး မဖြစ်ကြပါနဲ့တော့..

စစ်ဝင်တိုက်ဖို့လည်း မတောင်းဆိုချင်ဘူး လမ်းပေါ်လည်းထွက်ဆန္ဒမပြခိုင်းဘူး ဘာမှစွန့်လွတ်ထွက်ပြေးကြောက်စရာလည်းမလိုဘူး လုပ်ပေးရမှာကဘာမှအပန်းမကြီးတဲ့ လှူနိုင်သလောက်လှူပေး click ပေး

နာကြည်းချက်ကို့ အမြဲသွေးပူနေပေး သူတို့အတွက်အခွန်ဝင်ငွေဖြစ်နေစေမယ့် နေရာတွေသွားတာလာတာမလုပ်နဲ့ သူတို့ရဲ့ ထုတ်ကုန်ပစ္စည်းမှနိသမျှကို့ တစ်သက်လုံး မဝယ်သုံးဘူးဆိုတဲ့ စိတ်ထားပေး

ဝယ်သုံးမိရင် ကိုယ်ဟာက​ိုယ်သတ်သေမယ်ဆို့တဲ့စိတ်မျိုးနဲ့ကို့ နေပေး သူတို့နဲ့ပတ်သက်ဆက်နွယိမှုမှန်သမျှကို့ မသိခဲ့ဖူးတဲလူတွေလို လူတိရစ္ဆာန်တွေ ငါတုိ့နဲ့နေလို့မရတဲ့ ဟာတွေလို့မြင်ပေး

မုန်းတီးပေး ဒါလေးတော့ လုပ်ပေးကြပါဗျ..အဲလောက်လေးကို့ပဲ မလုပ်ပေးနိုင်ကြဘူးလား သူတို့က ငါတို့ကို့ရန်ငါးပြတ် နိုင်သလောက် ငါတို့ကမပြတ်နိုင်ကြဘူးလား” လို့ သီဟထွန်း ဟာ သူရဲ့လူမှု့ကွန်ယက်‌ပေါ်မှာ ရေးသားထားပါတယ်။

Crd

Unicode

ကောက်ရိုးမီးလိုမလုပ်ကြပါနဲ့လို့ ပြည်သူတွေကို မေတ္တာရပ်ခံလိုက်တဲ့ သရုပ်ဆောင် သီဟထွန်း











ဝယ်သုံးမိရင် ကိုယ်ဟာကိုယ်သတ်သေမယ်ဆို့တဲ့စိတ်မျိုးနဲ့ကို့ နေပေး သူတို့နဲ့ပတ်သက်ဆက်နွယိမှုမှန်သမျှကို့ မသိခဲ့ဖူးတဲလူတွေလို လူတိရစ္ဆာန်တွေ ငါတို့နဲ့နေလို့မရတဲ့ ဟာတွေလို့မြင်ပေး


Crd

Leave a Reply

Your email address will not be published. Required fields are marked *