ကျောင်းဆရာမတစ်ဦးဖြစ်ချင်ခဲ့သော်လည်း မသန်စွမ်းတဲ့ခြေထောက်တစ်စုံကြောင့် ဆုံးခန်းတိုင်အောင် ပညာသင်ကြားခွင့်မရဘဲ မိခင်၏ပြုစုမှုကြောင့်သာ အသက်ရှင်ခွင့်ရခဲ့သည့် ကောင်မလေး

ကျွန်ုပ်တို့သည် ဆင်းရဲချမ်းသာခြင်းကို မတွေးတောဘဲ ကျန်းမာသန်စွမ်းစွာဖြင့် အသက်ရှင်သန်ခွင့်ရနေသည်ကိုပင် ဂုဏ်ယူဝမ်းမြောက်ဖွယ်ရကောင်းနေပြီဖြစ်ပါတယ်။လူသားအချို့တို့ဆိုလျှင် မသန်စွမ်းလှသည်အခြေအနေကြောင့် လူ့ဘဝကြီးထဲတွင် ခက်ခဲစွာရှင်သန်နေကြရတာကို ဝမ်းနည်းဖွယ်ရာ တွေ့မြင်ခဲ့ရပါတယ်။

ယခုတွင်လည်း ဗီယက်နမ်နိုင်ငံ Hau Locခရိုင်တွင်နေထိုင်သော Nguyen Thi Thuyဆိုသည့်မိန်းကလေးသည် မွေးဖွာလာစဥ်ကတည်းက မသန်စွမ်းသော ခြေထောက်တစ်စုံကြောင့် လမ်းပင်မလျှောက်ခဲ့ရပေ။

ကောင်မလေးဟာ ကျောင်းဆရာမတစ်ဦးဖြစ်ချင်သော်လည်း ကျောင်းသို့ပင်မသွားနိုင်ခဲ့ဘဲနေခဲ့ရသည်။သို့သော်လည်း ကံကောင်းစွာဖြင့် မသန်းစွမ်းသူများကို ပညာသင်ကြားပေသည့်အဖွဲ့တစ်ခုကြောင့် မူလတန်းအထိပညာသင်ကြားနိုင်ခဲ့ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

Leave a Reply

Your email address will not be published. Required fields are marked *