နွေဦးတော်လှန်ရေးမှာ ပထမဆုံးအကြိမ် ထောင်ဖောက်ပြီး ထွက်ပြေးလွတ်မြောက်မှု

နွေဦးတော်လှန်ရေးမှာ ပထမဆုံးအကြိမ် ထောင်ဖောက်ပြီး ထွက်ပြေးလွတ်မြောက်မှု

RiSE News| စက်တင်ဘာ ၁၁

စစ်အာဏာရှင်စနစ် ဆန့်ကျင် တော်လှန်လို့ ပခုက္ကူထောင်မှာ အကျဉ်းချထားခံရသူ ၅ ဦး ထောင်ဖောက်ထွက်ပြေးလွတ်မြောက်မှုဟာ နွေဦးတော်လှန်ရေးမှာ ပထမဆုံးအကြိမ် ထူးခြားဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။

မကွေးတိုင်း ပခုက္ကူခရိုင်အကျဉ်းထောင်ကနေ နိုင်ငံရေးအကျဥ်းသား (၅)ဦး ကိုယ်ပိုင်အစီအစဉ်နဲ့ စက်တင်ဘာ ၁၀ရက်က ထွက်ပြေး လွတ်မြောက်လာခဲ့တာလို့ ဒေသ ပြည်သူ့ကာကွယ်ရေးတပ်တစ်ခုဖြစ်တဲ့ ပခုက္ကူ PDF ဆီက သိရပါတယ်။

RiSE News အနေနဲ့ ထွက်ပြေးလွတ်မြောက်လာသူတွေဆီကို ဆက်သွယ်မေးမြန်းနိုင်ဖို့ ကြိုးပမ်းရာမှာ ကာယကံရှင်တွေအနေနဲ့ လုံခြုံရေးအရ မပြောဆိုလိုသေးဘူးလို့ အကြောင်းပြန်ကြားပါတယ်။

ဒါ့ပြင် အခြေအနေအရပ်ရပ်ကို ထုတ်ဖော်ပြောဆိုလိုက်ရင် ထောင်တွင်းမှာ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေအပေါ် မသက်ဆိုင်ဘဲ ဖိနှိပ်တာ၊ နှိပ်စက်တာ ပြုလုပ်မှာကို စိုးရိမ်တာကြောင့်ဖြစ်ပါတယ်။

လွတ်မြောက်လာသူတွေဟာ တော်လှန်ရေး ရဲဘော် (၂)ဦး၊ တခြား နိုင်ငံရေး ပုဒ်မတွေနဲ့ မတရား ဖမ်းဆီးခံထားခြင်းခံရသူ (၃)ဦးပါဝင်ပြီး လွတ်မြောက်ဘေးကင်းရာကို ရောက်ရှိနေတယ်လို့ ပခုက္ကူ PDF ကပြောပါတယ်။

ထွက်ပြေးလာသူတွေကို ပခုက္ကူ ပကဖနဲ့ အတူ ပခုက္ကူ PDF၊ Young Force (UG)တပ်ဖွဲ့၊ ပခုက္ကူမြို့ပြပျောက်ကျားတပ်ဖွဲ့ (၂)၊ Pakokku Ranger၊ RSO(PKU)အဖွဲ့နဲ့ နယ်မြေခံ အဖွဲ့တွေပေါင်းပြီးနေရာအလိုက် တာဝန်ခွဲဝေပြီး ကယ်ထုတ်ပေးနိုင်ခဲ့ပါတယ်။

ကဏ္ဍ အသီးသီးက ပါဝင်ကူညီပေးကြတဲ့ မြို့နယ်ပကဖနဲ့ အခြားနယ်မြေခံ အဖွဲ့အစည်း၊ မဟာမိတ် တပ်ဖွဲ့တွေကို လွတ်မြောက်လာသူတွေ ကိုယ်စား အထူးကျေးဇူးတင်တယ်လို့ ပခုက္ကူ PDF က ထုတ်ပြန်ဖော်ပြပါတယ်။

#RiSE_News #ပခုက္ကူ
ပုံဟောင်းကို အသုံးပြုထားခြင်းဖြစ်ပါတယ်။

Crd

Leave a Reply

Your email address will not be published. Required fields are marked *