တော်လှန်ရေးအတွက် စီးဆင်းမယ့် End Game ဂိမ်းမှာ ဇာတ်ကောင်တစ်ယောက်အနေနဲ့ ထည့်သွင်းခံခဲ့ရတဲ့ ဇေယျာသော်
ACID အဖွဲ့ရဲ့ အဆိုတော်တစ်ယောက်လည်းဖြစ်သလို နိုင်ငံရေးလှုပ်ရှားသူတစ်ယောက်လည်းဖြစ်တဲ့ ဇေယျာသော်ကတော့ သူချစ်တဲ့တိုင်းပြည်တာဝန်တွေကို ထမ်းဆောင်ရင်း ဂုဏ်သိက္ခာရှိရှိ ကွယ်လွန်သွားခဲ့ပြီပဲဖြစ်ပါတယ်။




ဇေယျာသော်ကွယ်လွန်ခြင်းအတွက် တစ်နိုင်ငံလုံးက ပြည်သူတွေက စိတ်မကောင်းဖြစ်ကြသလို ဇေယျာသော်ရဲ့ အနီးကပ်မိသားစုဝင်တွေကတော့ ပိုပြီး သတိရနေကြတာပဲဖြစ်ပါတယ်။
တိုင်းပြည်အတွက် အသက်ကိုစွန့်သွားခဲ့လို့ နည်းအမျိုးမျိုးနဲ့ ဂုဏ်ပြုခံနေရတဲ့ ဇေယျာသော်ဟာ ဒီတစ်ခါမှာလည်း တော်လှန်ရေးရန်ပုံငွေအတွက် လူငယ်တွေဖန်တီးထားတဲ့ End Game ဂိမ်းမှာ ဇာတ်ကောင်တစ်ယောက်အနေနဲ့ ထည့်သွင်းခံထားရတာကို တွေ့ရပါတယ်။




End Game ဂိမ်းမှာ ပါဝင်တဲ့ ဇေယျာသော်ပုံစံတူဇာတ်ကောင်ကို ဇေယျာသော်ရဲ့အမျိုးသမီး T-Zin က သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြသလာခဲ့ပါတယ်။ဇေယျာသော်ကတော့ အသက်သေသွားခဲ့ပြီဆိုပေမယ့် တိုင်းပြည်အတွက်သူ့ရဲ့စွန့်လွှတ်အနစ်နာခံမှုနဲ့ သူ့ရဲ့ ဂုဏ်သတင်းကတော့ ပျောက်ကွယ်သွားခြင်းမရှိသေးပါဘူး။
ဇေယျာသော်သာရှိသေးရင် သူ့ရဲ့ပုံစံတူ ဂိမ်းဇာတ်ကောင်လေးကိုကြည့်ပြီး ဝမ်းသာနေမယ်ဆိုတာ သေချာပါတယ်။
MyanmCelebrit
Crd
Unicode








MyanmCelebrit
Crd