ဗြိတိန်ဘုရင်မကြီး အဲလိဇဘက် ကွယ်လွန်ပြီ




ရန်ကုန်၊ စက်တင်ဘာ
ဗြိတိသျှပြည်ထောင်စုကို ဆယ်စုနှစ် ၇ ခုကြာ အုပ်စိုးခဲ့သည့် ဗြိတိန်ဘုရင်မကြီး Elizabeth II သည် အသက် ၉၆ နှစ်အရွယ်တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း Buckingham နန်းတော်က ကြေညာလိုက်ပြီဖြစ်သည်။




ဖခင်ဖြစ်သူ ဂျော့ခ်ျ VI ကွယ်လွန်ပြီးနောက် ၁၉၅၂ ခုနှစ်တွင် အဲလိဇဘက်သည် ထီးနန်း နန်းတက်ခဲ့ပြီး




ကမ္ဘာလုံးဆိုင်ရာ အုံကြွမှုနှင့် ပြည်တွင်းအရှုပ်တော်ပုံများကို ကြံ့ကြံ့ခံကာ ဘုရင်စနစ်ကို သိသိသာသာ ခေတ်မီအောင် လုပ်ဆောင်ခဲ့သူလည်းဖြစ်သည်။




စကော့တလန်ရှိ Balmoral ရဲတိုက်တွင် သူ၏ကျန်းမာရေးအတွက် စိုးရိမ်နေရသည်ဟု ဆရာဝန်များက ထုတ်ဖော်ပြောဆိုပြီးနောက်




သေဆုံးသွားပြီ ဆိုသော ကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
crd