ကိုယ်တိုင်ရေးဆွဲထားတဲ့ ပန်းချီကားရောင်းရငွေနဲ့ အဆင်မပြေတဲ့မိသားစုတွေကို ဆန်အိတ်တွေလှူဒါန်းခဲ့တဲ့ ပိုင်တံခွန်

Unicode

ကိုယ်တိုင်ရေးဆွဲထားတဲ့ ပန်းချီကားရောင်းရငွေနဲ့ အဆင်မပြေတဲ့မိသားစုတွေကို ဆန်အိတ်တွေလှူဒါန်းခဲ့တဲ့ ပိုင်တံခွန်

နိုင်ငံကျော်သရုပ်ဆောင် ပိုင်တံခွန်ကတော့ တစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုရရှိထားသူဖြစ်ပါတယ်။ ပိုင်တံခွန်ဟာ လက်ရှိမှာလည်း သူ့ရဲ့အနုပညာအလုပ်တွေကိုလုပ်ကိုင်နေသလို တစ်ဖက်မှာလည်း သူ့စိတ်အေးချမ်းရာ ပန်းချီဆွဲခြင်း၊ တိရစ္ဆာန်လေးတွေကိုမွေးမြူခြင်းအလုပ်တို့ကို အချိန်ပေးလုပ်ကိုင်နေလျက်ရှိတာပဲဖြစ်ပါတယ်။

လတ်တလောမှာလည်း ပိုင်တံခွန်က သူ့ရဲ့ပန်းချီကားတွေကို ပြန်လည်ရောင်းချနေလျက်ရှိတာပဲဖြစ်ပါတယ်။မနေ့က စက်တင်ဘာလ (၇) ရက်နေ့မှာလည်း ပိုင်တံခွန်က ကိုယ်တိုင်ရေးဆွဲထားတဲ့ ပန်းချီကားရောင်းရငွေနဲ့ အဆင်မပြေတဲ့မိသားစုတွေကို ဆန်အိတ်လှူဒါန်းခဲ့တာကို တွေ့ရပါတယ်။

ပိုင်တံခွန်က ညမျိုးချုပ်ချိန်မှ ဆန်လှူမယ့်နေရာကိုရောက်ရှိသွားပြီး ပရိသတ်တွေကို ဆန်အိတ်တွေဝေငှပေးနေခဲ့တာကို အခုလိုမျိုးပဲ တွေ့ရပါတယ်။ပိုင်တံခွန်ကတော့ ကိုယ်တိုင်ရေးဆွဲထားတဲ့ ပန်းချီကားရောင်းရငွေကို အကျိုးရှိရှိ အသုံးချခဲ့တာပဲဖြစ်ပါတယ်။

ပိုင်တံခွန်တစ်ယောက် ရှေ့လျှောက်လည်း ဒီထက်မက လှူနိုင်တန်းနိုင်သွားပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Crd

Zawgyi

ကိုယ်တိုင်ရေးဆွဲထားတဲ့ ပန်းချီကားရောင်းရငွေနဲ့ အဆင်မပြေတဲ့မိသားစုတွေကို ဆန်အိတ်တွေလှူဒါန်းခဲ့တဲ့ ပိုင်တံခွန်





Crd

Leave a Reply

Your email address will not be published. Required fields are marked *