ကနီသားတွေ စခကို မုန့်ဟင်းခါး ၁၀ပွဲကျွေး ( ရုပ်သံ)

ကနီသားတွေလက်စွမ်းထက်နေပြီဆိုတာကို လက်တွေ့ပြသနေသည့် (ရုပ်သံ)

ကနီမှာ စစ်ကောင်စီရေယာဉ်တန်း တိုက်ခိုက်ခံရပြီး ၁၀ ဦးထက်မနည်းထိခိုက် (ရုပ်/သံ)
ကနီ၊ စက်တင်ဘာ ၅၊ ၂၀၂၂။
ဗီဒီယိုဖိုင်ကို အောက်ဆုံးတွင်ဖော်ပြထားပါသည်
မင်းကင်းနယ်ဘက်ကစုန်ဆင်းလာတဲ့ စစ်ကောင်စီရေယာဉ်တွေကို စစ်ကိုင်းတိုင်း၊ ကနီမြို့နဲ့ ချိုင်ကြားပွတ်လုံးဒေသကြားမှာ နယ်မြေခံအဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီအင်အား ၁၅၀ ခန့်ပါဝင်တဲ့ စစ်သင်္ဘာတစီးနဲ့ ဖလပ်မော်တော် ၆ စီးဟာ မင်းကင်းမြို့မှာညအိပ်ပြီး ကနီမြို့ကိုထွက်လာစဉ် စက်တင်ဘာ ၄ ရက် မနေ့ကညနေ ၄ နာရီခွဲမှာ တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

“ကနီနဲ့ ချိုင်ကြားပွတ်လုံးဒေသမှာ အမြဲတမ်းလိုလိုပစ်ခတ်တယ်၊ အကြိမ် ၂၀ မကတော့ဘူး၊ ခါတိုင်းက စက်လက်နက် အကြီးအသေး၊ စစ်သင်္ဘာနဲ့ပစ်တာမျိုးရှိတယ်၊ ဒီတခါတော့ လက်နက်ငယ်လောက်ပဲပြန်ပစ်တယ်၊ ဆိပ်ကမ်းမှာဆင်းတဲ့အခါ ပါလာတဲ့စစ်သားတွေကို တွဲပြီးခေါ်သွားရတာတွေရှိတယ်၊ ဒဏ်ရာရအများပြားရှိတယ်”လို့ ရွှေတြိဂံတပ်ရင်းရဲ့ တာဝန်ရှိသူကပြောပါတယ်။

အပြန်လှန်ပစ်ခတ်မှု ၁၅ မိနစ်ခန့်ဖြစ်ပွားခဲ့ပြီး၊ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ၁၀ ဦးဝန်းကျင် ဒဏ်ရာရရှိခဲ့တယ်လို့ တပ်တွင်းသတင်းပေးတွေရဲ့ ပြောဆိုချက်အရသိရပြီး၊ သေဆုံးစာရင်းအတိကျကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ရွှေတြိဂံတပ်ရင်း (GTF)၊ (GTFတပ်ခွဲ ၂) ယက္ခညီနောင်အဖွဲ့၊ (GTF တပ်ခွဲ ၄) စစ်ကျွန်မခံမြွေဆိုးတစ်သိုက်နဲ့ ရွှေကုက္ကိုအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

#မြေလတ်အသံ

zawgyi







ဗီဒီယိုဖိုင်ကို အောက်ဆုံးတွင်ဖော်ပြထားပါသည်

#မွလေတျအသံ

Leave a Reply

Your email address will not be published. Required fields are marked *