ပခုက္ကူတံတား စစ်ဆေးရေးဂိတ်အား အမျိုးသမီးရဲဘော်ပါဝင်သည့် PDFသုံးဦးဝင်တိုက်
မောင်းပြန်သေနတ်ဝယ်ယူရန် ငွေမတတ်နိုင်သဖြင့် စစ်ကောင်စီဂိတ်ကို အသက်စွန့် ဝင်တိုက်ပြီး မောင်းပြန်နှစ်လက်ရယူနိုင်ခဲ့
ပခုကၠဴ၊ စက္တင္ဘာ ၅
လူငယ့်ခေတ်

မောင်းပြန်သေနတ်ဝယ်ယူရန် ငွေကြေးမတတ်နိုင်သည့်အတွက် ပခုက္ကူဧရာဝတီတံတားရှိ စစ်ကောင်စီဂိတ်စခန်းကို အသက်စွန့်၍ တိုက်ခိုက်ခဲ့ရာ မောင်းပြန် ၂ လက်ရရှိခဲ့သည်ဟု ပခုက္ကူမြို့ပြပြောက်ကျားတပ် ဖွဲ့ – တပ်ဖွဲ့ ၂ တာဝန်ရှိသူ ရဲဘော်ရန်နောင်က ပြောသည်။
စက်တင်ဘာလ ၄ ရက် နေ့လည်ပိုင်းတွင် မောင်းပြန်ပိုင်ဆိုင်ရေး မစ်ရှင်ကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အဆိုပါမစ်ရှင်အတွက် တော်လှန်ရေးရဲဘော် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး တစ်ဦးက တစ်လအကြာကြိုတင်ပြင်ဆင်ခဲ့ရသည်ဟု ၎င်းကပြောသည်။

” စစ်သားတွေ သေစေချင်တာထက်မောင်းပြန် ပိုင်ချင်တာဗျ။ မောင်းပြန်တွေက ကျပ် သိန်း ၁၆၀ လောက်ဖြစ်နေတော့ ကျွန် တော်တို့ မဝယ်နိုင်ဘူး” ဟုရဲဘော်ရန်နောင်က ပြောသည်။
ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့ – တပ်ဖွဲ့ ၂ မှ ရဲဘော် ၂ ဦးသည် အစောင့် ၇ ယောက်ရှိသည့် စစ်ကောင်စီဂိတ်စခန်းကို ပစ္စတိုနှစ်လက်ဖြင့် ပစ်ခတ်ခဲ့ပြီး ရဲဘော်တစ်ဦးသည် သေဆုံးသူ စစ်ကောင်စီတပ်ဖွဲ့ဝင်လက်မှ သေနက်ကို အသက်စွန့်၍ ကောက်ယူခဲ့ခြင်းဖြစ်သည်။
” စကစ ဘက်က ပြန်ပစ်တာတွေ ရှိပါတယ်။ ရဲဘော်တွေ ဘေးကင်းခဲ့ပေမဲ့ မစ်ရှင် မှာ SIG ပစ္စတိုတစ်လက်၊ လက်ပစ်ဗုံးတစ်လုံးနဲ့ ဆိုင်ကယ် နှစ်စီးဆုံးရှုံးခဲ့ပါတယ်ဗျ”

ဟု ၎င်းကပြောသည်။
အဆိုပါ မစ်ရှင်တွင် ပစ်ခတ်သည့် ပစ္စတို ၂ လက်လုံး ကျည်ညှပ်သွားခဲ့သော်လည်း တော်လှန်ရေးရဲဘော်သည် အစီအစဉ်အတိုင်း မောင်းပြန်သေနတ်ကို အရယူနိုင်ခဲ့သည်။
မောင်းပြန်သေနတ်ရရှိရေး မစ်ရှင်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦး သေဆုံးခဲ့ပြီး တစ်ဦး ဒဏ်ရာရရှိခဲ့သည်။
Lungekhit
မောင်းပြန်သေနတ်ဝယ်ယူရန် ငွေမတတ်နိုင်သဖြင့် စစ်ကောင်စီဂိတ်ကို အသက်စွန့် ဝင်တိုက်ပြီး မောင်းပြန်နှစ်လက်ရယူနိုင်ခဲ့
ပခုက္ကူ၊ စက်တင်ဘာ ၅

လူငယ့်ခေတ်
မောင်းပြန်သေနတ်ဝယ်ယူရန် ငွေကြေးမတတ်နိုင်သည့်အတွက် ပခုက္ကူဧရာဝတီတံတားရှိ စစ်ကောင်စီဂိတ်စခန်းကို အသက်စွန့်၍ တိုက်ခိုက်ခဲ့ရာ မောင်းပြန် ၂ လက်ရရှိခဲ့သည်ဟု ပခုက္ကူမြို့ပြပြောက်ကျားတပ် ဖွဲ့ – တပ်ဖွဲ့ ၂ တာဝန်ရှိသူ ရဲဘော်ရန်နောင်က ပြောသည်။
စက်တင်ဘာလ ၄ ရက် နေ့လည်ပိုင်းတွင် မောင်းပြန်ပိုင်ဆိုင်ရေး မစ်ရှင်ကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အဆိုပါမစ်ရှင်အတွက် တော်လှန်ရေးရဲဘော် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး တစ်ဦးက တစ်လအကြာကြိုတင်ပြင်ဆင်ခဲ့ရသည်ဟု ၎င်းကပြောသည်။
” စစ်သားတွေ သေစေချင်တာထက်မောင်းပြန် ပိုင်ချင်တာဗျ။ မောင်းပြန်တွေက ကျပ် သိန်း ၁၆၀ လောက်ဖြစ်နေတော့ ကျွန် တော်တို့ မဝယ်နိုင်ဘူး” ဟုရဲဘော်ရန်နောင်က ပြောသည်။

ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့ – တပ်ဖွဲ့ ၂ မှ ရဲဘော် ၂ ဦးသည် အစောင့် ၇ ယောက်ရှိသည့် စစ်ကောင်စီဂိတ်စခန်းကို ပစ္စတိုနှစ်လက်ဖြင့် ပစ်ခတ်ခဲ့ပြီး ရဲဘော်တစ်ဦးသည် သေဆုံးသူ စစ်ကောင်စီတပ်ဖွဲ့ဝင်လက်မှ သေနက်ကို အသက်စွန့်၍ ကောက်ယူခဲ့ခြင်းဖြစ်သည်။
” စကစ ဘက်က ပြန်ပစ်တာတွေ ရှိပါတယ်။ ရဲဘော်တွေ ဘေးကင်းခဲ့ပေမဲ့ မစ်ရှင် မှာ SIG ပစ္စတိုတစ်လက်၊ လက်ပစ်ဗုံးတစ်လုံးနဲ့ ဆိုင်ကယ် နှစ်စီးဆုံးရှုံးခဲ့ပါတယ်ဗျ” ဟု ၎င်းကပြောသည်။