လူမှုရေးပြစ်ဒဏ် Soical Punishment နဲ့ ယုန်လေး ခွဲခြား၍မရ

လူမှုရေးပြစ်ဒဏ် Soical Punishment နဲ့ ယုန်လေး ခွဲခြား၍မရ

” လူတစ်ယောက်ဟာ တစ်နေကုန်ဘာမှမကျွေးပဲ အခန်းတစ်ခန်းထဲအကြမ်းဖက်ပိတ်လှောင်ခံထားရတယ်ဆိုကြပါစို့၊

နောက်တစ်နေ့မနက်ကျ ထိုသူကိုအခန်းထဲထည့်ပြီးအကြမ်းဖက်ပိတ်လှောင်ထားသူ လူဆိုးက ကြက်ဥပြုတ်တစ်လုံးလာကျွေးတယ်၊အဲ့ဒီအခါ ပိတ်လှောင်ခံထားရတဲ့သူက သူ့ကိုအစာလာကျွေးတဲ့လူဆိုးကို မနေ့ကအစာငတ်ခံခဲ့ရတာကိုမေ့ပြီး ကျေးဇူးအခါခါတင်နေပါပြီ”

အထက်ပါဖြစ်စဥ်မျိုးကိုစိတ်ပညာအရ”Stockholm Syndrome” လို့ခေါ်ပါတယ်။

ကျွန်မတို့အားလုံးရော ကျွန်မတို့ကို ဒုက္ခပေး (သို့) ဒုက္ခပေးတဲ့အုပ်စုကိုပံ့ပိုးဝန်းရံနေသူတွေကို ကျေးဇူး တင်လေးစားနေမိပြီလား

ယုန်လေးဟာ ပြည်သူလူထုအားလုံးသိရှိပြီးဖြစ်တဲ့အတိုင်း အာဏာမသိမ်းမီကာလက ” ငါတို့အားလုံးရဲ့မြေ ” အကြမ်းဖက် စစ်တပ်ဝါဒဖြန့်ချီရေး၊

နိမိတ်ပုံပြသီချင်းကို တင်ဆက်ခဲ့သည့်အပြင် ယခုအကြမ်းဖက်စစ်တပ်လော်ဘီ ရွှေရူပါဦးတို့နှင့် ယခင်ကပင်တွဲဖက်၍ လှုပ်ရှားမှုများလည်းပြုလုပ်ခဲ့ဖူးသည်။

ထို့ပြင် ၂၀၂၁၊၂၂ တပ်တွင်းသင်္ကြန်ပွဲများတွင်လည်း အားရပါးရဖျော်ဖြေအားပေးခဲ့သည်။

မြန်မာပြည်ဟစ်ဟော့လောက၏ ပထမမျိုးဆက်ကိုစတင်ခဲ့သော ACID အဖွဲ့ဝင် Nitric Acid (ခေါ်) ကိုဖြိုးဇေယျာသော် ထောင်တွင်းလူသတ်မှုကျူးလွန်ခံခဲ့ရသောအခါတွင်လည်း နှုတ်ဆိတ်နေခဲ့သလို ဟစ်ဟော့အနုပညာရှင်၊

အတတ်ပညာရှင်အသိုင်းအဝိုင်း နှင့် ရုပ်ရှင်အနုပ ညာလောကတွင်လည်း ဘောင်မဝင်သော လူ့ဗာလဖြစ်သည်။

ယခုလိုတိုင်းပြည်ကို အဝီစိသို့ရောက်အောင် ဆွဲခေါ် ခဲ့သူ အကြမ်းဖက်သူပုန်များကို အားပေးထောက်ခံခဲ့သူမှာလည်း ယုန်လေးဖြစ်သည်။

ထိုသူများကြောင့် ကုန်းကောက်စရာမရှိအောင်ဖြစ်သူများကို ကူညီသယောင်နှင့် မိမိ၏ကျဆင်းသောပုံရိပ်ကိုမြှင့်တင် ကျေးဇူးတင်ခံချင်သူမှာလည်း ယုန်လေးဖြစ်သည်။

နိဒါန်းတွင်ဖော်ပြခဲ့သောဖြစ်စဥ်ကဲ့သို့ ကျွန်မတို့အား လုံးရော ကျွန်မတို့ကို ဒုက္ခပေး(သို့) ဒုက္ခပေးတဲ့အုပ်စု ကိုပံ့ပိုးဝန်းရံနေသူတွေကို ကျေးဇူးတင်လေးစားနေမိပြီလား ???

Crd

Leave a Reply

Your email address will not be published. Required fields are marked *