ကိုကျော်ပြောတာ ဒီအကြောင်းကိုးးးးး‼️
CDM တွေကို ရည်ရွယ်ပြီး နေပြည်တော်မှာ ဇာတ်မင်းသား ‘တင်မောင်ဆန်းမင်းဝင်း’ ဦးဆောင် ကပြခဲ့တဲ့ ‘တံခါးမှူး ဒတ္ထ’ ဇာတ်တော်တဲ့၊ရည်ရွယ်ချက်ပါ ရှင်းပြသွားတယ်?




ကျွန်တော်ဂရုမစိုက်ပါ
ဘယ်သူတွေမှန်းသိရင်တောင်လက်တုန့်ပြန်နေမှာမဟုတ်
ဘာကြောင့်လဲဆိုတော့ခင်များတို့တွေအပေါ် personal အမုန်းတရားတစ်ခုမှမရှိလို့ပါပဲ
ကျွန်တော့်အသက်၆နှစ်သားထဲက ခု၄၃နှစ်ထိရုပ်ရှင်လောကထဲကျင်လည်ခဲ့တာဆိုတော့အလုပ်တွဲမလုပ်ဖူးသူမရှိသလောက်ပါ




တော်လှန်ရေးအတွက်သထိထားရမယ့်ကိစ္စတွေကိုချစ်ခင်လေးစားသူများကိုသာရွေးချယ်သတိပေးပါတယ်
ကျန်သောသူများကိုအဖက်လုပ်မနေပါအသိခြင်းခံယူချက်ကိုယ်ခြင်းစာတရားခြင်းမတူလို့ပါ
ပြောသင့်သလောက်အမုန်းခံပြောပြီးပြီကျန်တာတော့ကိုယ့်သမိုင်းနဲ့ကိုယ်ပါ
ကိုယ့်ယုံကြည်ချက်အတိုင်းဆက်လျောက်မယ်ရန်ငါပြတ်မယ် အစည်းအရုန်းမကလို့မအလတောင်စောက်ဂရုလုံးဝမစိုက်လို့လီးဖြဲပြနေတာ..ရှင်းလား..




(ဘယ်သူတွေကအစည်းအရုန်းအစည်းအဝေးတွေမှာဘာစကားပြောတာ အသံကအစရှိတယ်
ဘယ်သူတွေ စကစဆီက သိန်းလေးထောင်ကြံ့ဖွန်က သိန်း၂၀၀၀ ယူပြီးပြဇတ်ကဖို့ကြိုးစားရင်းဘယ်သူမှမပါရဲလို့ဝေလေလေဖြစ်နေတာ
ဘယ်သူတွေနေပြည်တော်မှာ CDM သင်ခန်းစာပေးဖို့တံခါးမူးဒတ္ထပြဇတ်ကနေတာ အကုန်သိတယ်
မဖေါ်ပြချင်လို့သတိပေးသင့်သလောက်ပေးနေတာ
တော်လှန်ရေးပြီးရင်မင်းတို့မျက်နှာတွေလာစိုက်ကြည့်မယ်)#Kyaw Kyaw Htay Lwin




CDM ဝန်ထမ်းတွေကို သင်ခန်းစာပေးတယ်ဆိုတဲ့ တံခါးမှူးဒတ္ထဇတ် မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားက ရိုက်ကူးထုတ်လွှင့်
ပတ္တမြားကေခိုင် စီစဥ်ပြီး၊ တင်မောင်ဆန်းမင်းဝင်းနဲ့ နန်းခင်မွှေးတို့ ထိပ်ဆုံးကပါဝင် သရုပ်ဆောင်
BVJ- စက်တင်ဘာ၄၊၂၀၂၂
ပတ္တမြားကေခိုင်က စီစဥ်ပြီး ရွှေမန်းတင်မောင်မြေး တင်မောင်ဆန်းမင်းဝင်းနဲ့ နန်းခင်မွှေးတို့ ပါဝင်ကပြတဲ့ တံခါးမှူးဒတ္ထဇတ် အထူးတင်ဆက်မှုအစီအစဥ်ကို နေပြည်တော် တပ်ကုန်းမြို့ရှိ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားမှာ မနေ့ စက်တင်ဘာ(၃)ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
တံခါးမှူးဒတ္ထဇတ်ဟာ CDMဝန်ထမ်းတွေကို သင်ခန်းစာပေးတဲ့ပုံစံမျိုး တင်ဆက်ထားတာဖြစ်ပြီး ပတ္တမြားကေခိုင်တို့အဖွဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းနေတာနဲ့ ပတ်သက်လို့ သဘင်အသိုင်းအဝန်းနဲ့ နီးစပ်တဲ့ သူတစ်ဦးက Burma VJကို အခုလိုမှတ်ချက်ပေးပါတယ်။
“အာဏာသိမ်းပြီး သူတို့ဆန္ဒပြတုန်း ကဖုန်းတွေဆက်လူတွေ လိုက်စု။ စိုင်းစိုင်းခမ်းလှိုင်ကို အုပ်စုဖွဲ့ တိုက်ခိုက်ခဲ့ကြတဲ့သူတွေ။ အခုကျတော့ သူတို့က CDMဝန်ထမ်းတွေကို သင်ခန်းစာပေးတယ် ဆိုတော့ဗျာ။သည်လောက်အပြောင်းအလဲမြနိကြတာ အံအားသင့်မိတယ်။ နန်းတော်ရှေ့ဆရာတင်ရဲ့မြေး ရွှေမန်းတင်မောင်ရဲ့မြေး ဖိုးစ်န်ရဲ့မြေး သဘင့်သားမြေး ပေါ့ပျက်ကလေးဆိုတာတယ်မှန်တာကိုး”




အာဏာသိမ်း စစ်ကောင်စီက သူတို့တရားဝင်မှုရဖို့ ပုံစံမျိုးစုံနဲ့ စည်းရုံး ကြိုးစားလုပ်ဆောင်နေပါတယ်။ စစ်ကောင်စီ စည်းရုံးနေတဲ့အထဲမှာ အနုပညာအသိုင်းအဝန်းက လူတွေလည်းပါဝင်နေပြီး ရုပ်ရှင်နဲ့ ဂီတနယ်ပယ်က လူတွေအများစုက စစ်ကောင်စီနဲ့မပူးပေါင်းဘဲ ခပ်ဝေးဝေးနေကြပေမယ့်၊ သဘင် အသိုင်းအဝန်းက လူတွေကတော့ စစ်ကောင်စီနဲ့ ပူးပေါင်းနေပြီလို့ အထက်ပါ သဘင်အသိုင်း အဝန်းနဲ့ နီးစပ်တဲ့သူက ထပ်ပြောပါတယ်။
နေပြည်တော်မှာကပြတဲ့ အဲ့ဒီဇတ်ပွဲကို စစ်ကောင်စီလက်အောက်ခံ ဝန်ကြီ း(၆)ဦးအထိ တက်ရောက် အားပေးတာကို တွေ့ရပါတယ်။
နိပတ်တော်လာဇတ်သဘင်မဟာ ခေါင်းစဥ်နဲ့ အပိုင်း(၂၀)ထိရိုက်ကူးထုတ်လွှင့်ဖို့ စီစဥ်နေပြီး ၊အဲ့ဒီဇတ် တွေအားလုံးကို MRTVနဲ့ ပတ္တမြားကေခိုင်တို့ ပူးပေါင်းပြီးတင်ဆက်မှာဖြစ်ပါတယ်။
crd