Online ပေါ်တွင်ပျံ့နှံ့နေတဲ့သတင်းကြောင့် ပရိတ်သတ်တွေဆီက ဝေဖန်ပြစ်တင်ခံလိုက်ရတဲ့ အနုပညာရှင်များ
















Credit.
Online ပေါ်တွင်ပျံ့နှံ့နေတဲ့သတင်းကြောင့် ပရိတ်သတ်တွေဆီက ဝေဖန်ပြစ်တင်ခံလိုက်ရတဲ့ အနုပညာရှင်များ
အဆိုတော် ယုန်လေးကတော့ အာဏာသိမ်းမှု မဖြစ်ပွားခင်မှာ “ငါတို့အားလုံးရဲ့မြေ” သီချင်းကြောင့် ပရိသတ်ဝေဖန်မှုကို ပြင်းပြင်းထန်ထန် ခံခဲ့ရတာပဲဖြစ်ပါတယ်။
ယုန်လေးကအာဏာသိမ်းမှုဖြစ်စဉ်မှာလည်း ပြည်သူတွေဘက်က ပါသယောင်ယောင်နဲ့ သတင်းပေးဖြစ်နေတာကြောင့်




ပရိသတ်ပြည်သူတွေရဲ့ ဝေဖန်မှုကို ပြင်းပြင်းထန်ထန်ခံခဲ့ရတာပဲဖြစ်ပါတယ်။
အဲ့ဒီအတွက် ယုန်လေးဟာ ပြည်သူတွေ Boycott လုပ်ခံခဲ့ရပြီး ယုန်လေးနဲ့ ပတ်သက်တဲ့ အနုပညာရှင် တွေအားလုံးကိုလည်း Boycott စာရင်းထဲ ထည့်သွင်းနေကြတာပဲဖြစ်ပါတယ်။
မနေ့က စက်တင်ဘာလ (၁) ရက်နေ့မှာလည်း ယုန်လေးဟာ သိန်း (၂၉၀) မတည်ပြီး ချို့တဲ့သူတွေအတွက် အလှူလုပ်မယ်ဆိုပြီး




သူနဲ့အတူတူ လှူဒါန်းခဲ့သူများစာရင်းကိုလည်း ချပြခဲ့ပါတယ်။ အဆိုပါ စာရင်းမှာ ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့က (၅) သိန်း၊ ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာက (၁) သိန်း၊ ထက်အောင်ရှိုင်း (၁) သိန်း၊ အောင်လေး (၁) သိန်း၊
ထူးအယ်လင်း (၅) သိန်း၊ ဂုဏ်ရည်အေးကျော် (၂) သိန်း၊ ဘုဏ်းသိုက် (၁) သိန်း၊ ယွန်းဝင့်လွှာအောင် (၂) သိန်းဆိုပြီး ပါဝင်ခဲ့ပါတယ်။




အခြားသောသူတွေကတော့ စစ်တပ်ထောက်ခံသူတွေ အဖြစ် ပရိသတ်သိပြီးသားဖြစ်ပေမယ့် ဖြိုးလေး၊ ဝါဆိုမိုးဦး၊ ကျော်ထွဋ်ဆွေ၊ နန်းသူဇာ၊ အောင်လေးနဲ့ ထက်အောင်ရှိုင်းတို့က
ပြည်သူတွေ Boycott လုပ်ထားတဲ့ ယုန်လေးရဲ့ အလှူမှာ ပါဝင်ခဲ့တာကြောင့်




ပရိသတ်ဝေဖန်ခံနေရပြီး Boycott လုပ်ခံရဖို့လည်းရှိနေတာပဲဖြစ်ပါတယ်။
Credit.