အရင်NLDအစိုးရခေတ်မှာ ကုန်စျေးနှုန်းတွေတတ်တုန်းက ဝေဖန်ခဲ့ပြီး အဘခေတ်ကျ ပါးစပ်ပိတ်နေတဲ့ ဖိုးသောကြာကို တိုင်းကျော်ပြောပါပြီ
ပရိသတ်တွေကို ရယ်မောပျော်ရွင်အောင် ပြက်လုံးတွေနဲ့ တင်ဆက်ပေးနေကျဖြစ်တဲ့ ဟားငါးကောင်အဖွဲ့ ဟာဆိုရင် ပရိသတ်အချစ်တော် အငြိမ့်အဖွဲ့ပဲဖြစ်ပါတယ်။




ပြက်လုံးတွေကိုဖန်တီးသရုပ်ဖော်တာ တော်ရုံမက ရုပ်ရှင်ဇာတ်ကားတွေထဲမှာ ဟာသသရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ပြီး ပရိသတ်တွေကို ဖျော်ဖြေတင်ဆက်ပေးနေတာပဲ ဖြစ်ပါတယ်။
ရင်ဘတ်ချင်းတူ ညီအစ်ကိုငါးယောက်နဲ့ ဖွဲ့စည်းထားတဲ့ သူတို့အဖွဲ့ဟာဆိုရင် အမှန်တရားအတွက် လွတ်မြောက်နယ်မြေကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။




တောတွင်းတစ်နေရာဖြစ်တာကြောင့် အစားအသောက် အနေအထိုင် ခက်ခဲကြမ်းတမ်းပါတယ်။
ရာသီဥတုမမှန်တဲ့အပြင် စောင်၊ခြင်ထောင် လုံလောက်စွာမရရှိတဲ့ တောထဲမှာ ခက်ခဲစွာနေထိုင်နေကြရတာကြောင့် တစ်ခါတရံကျန်းမာရေးတွေ ထိခိုက်ကြရပါ့တယ်။




ဟားငါးကောင်အဖွဲ့ဟာ အာဏာစသိမ်းခဲ့တဲ့ အချိန်ကစပြီးတော့ ပြည်သူတွေနဲ့အစောဆုံးရပ်တည်ခဲ့တဲ့ အနုပညာရှင်တွေပဲဖြစ်ပါတယ်။
ဒါကြောင့်လဲ ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေမှာ အာဏာရှင်ကိုတွန်းလှန်ဖို့အတွက် လက်နက်ကိုင်တိုက်ပွဲဝင်ဖို့ ကြိုးစားနေတာလဲ ဖြစ်ပါတယ်။
ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေမှာ ရောက်ရှိတာဝန်ထမ်းဆောင်နေစဥ်အတွင်း ပွဲလမ်းသဘင်တွေ လုပ်နေကြတာ မြင်ရရင် စိတ်မကောင်းပါဘူးလို့လဲ ရင်ဖွင့်ထားပါသေးတယ်။
လူရွှင်တော် တိုင်းကျော် ကတော့ ဖိုးသောကြာကို ပိုစ်တင်ပြီးဒဲ့ဆော်လိုက်ပါတယ်။




ဖိုးသောကြာ ကတော့ လွန်ခဲ့တဲ့ ၂၀၁၆ တုန်းက ကန်စွန်းရွက်တစ်စည်း ၃၀၀ ၊ တစ်ဒေါ်လာကို ၁၄၀၀ ဖြစ်တာနဲ့ပတ်သက်ပြီး ဝေဖန်ခဲ့တဲ့ ပိုစ်တစ်ခုတင်ခဲ့တာကို အားလုံးပဲသိကြမှာပါ။
အဆိုပါပိုစ်ကို ပြန်လည်မျှဝေပြီး တိုင်းကျော် ဟာ “လူကြီးမင်းတို့ရေအစချီပြီး တခုခုပြောကြည့်ပါဦးလား” လို့ ပြည်သူတွေကို မေးခွန်းထုတ်လိုက်ပါတယ်။
အဆိုတော် ဖိုးသောကြာ တစ်ယောက်ကတော့ အခုလက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေအပေါ်မှာတော့ ဘာမှတုန့်ပြန်ထားခြင်းမရှိတာကို တွေ့ရပါတယ်။
Creditအရင္NLDအစိုးရေခတ္မွာ ကုန္ေစ်းႏႈန္းေတြတတ္တုန္းက ေဝဖန္ခဲ့ၿပီး အဘေခတ္က် ပါးစပ္ပိတ္ေနတဲ့ ဖိုးေသာၾကာကို တိုင္းေက်ာ္ေျပာပါၿပီ
ပရိသတ္ေတြကို ရယ္ေမာေပ်ာ္႐ြင္ေအာင္ ျပက္လုံးေတြနဲ႕ တင္ဆက္ေပးေနက်ျဖစ္တဲ့ ဟားငါးေကာင္အဖြဲ႕ ဟာဆိုရင္ ပရိသတ္အခ်စ္ေတာ္ အၿငိမ့္အဖြဲ႕ပဲျဖစ္ပါတယ္။




ျပက္လုံးေတြကိုဖန္တီးသ႐ုပ္ေဖာ္တာ ေတာ္႐ုံမက ႐ုပ္ရွင္ဇာတ္ကားေတြထဲမွာ ဟာသသ႐ုပ္ေဆာင္အျဖစ္ ပါဝင္သ႐ုပ္ေဆာင္ၿပီး ပရိသတ္ေတြကို ေဖ်ာ္ေျဖတင္ဆက္ေပးေနတာပဲ ျဖစ္ပါတယ္။
ရင္ဘတ္ခ်င္းတူ ညီအစ္ကိုငါးေယာက္နဲ႕ ဖြဲ႕စည္းထားတဲ့ သူတို႔အဖြဲ႕ဟာဆိုရင္ အမွန္တရားအတြက္ လြတ္ေျမာက္နယ္ေျမကို ေရာက္ရွိေနတာပဲ ျဖစ္ပါတယ္။




ေတာတြင္းတစ္ေနရာျဖစ္တာေၾကာင့္ အစားအေသာက္ အေနအထိုင္ ခက္ခဲၾကမ္းတမ္းပါတယ္။
ရာသီဥတုမမွန္တဲ့အျပင္ ေစာင္၊ျခင္ေထာင္ လုံေလာက္စြာမရရွိတဲ့ ေတာထဲမွာ ခက္ခဲစြာေနထိုင္ေနၾကရတာေၾကာင့္ တစ္ခါတရံက်န္းမာေရးေတြ ထိခိုက္ၾကရပါ့တယ္။




ဟားငါးေကာင္အဖြဲ႕ဟာ အာဏာစသိမ္းခဲ့တဲ့ အခ်ိန္ကစၿပီးေတာ့ ျပည္သူေတြနဲ႕အေစာဆုံးရပ္တည္ခဲ့တဲ့ အႏုပညာရွင္ေတြပဲျဖစ္ပါတယ္။
ဒါေၾကာင့္လဲ ခက္ခဲၾကမ္းတမ္းတဲ့ လြတ္ေျမာက္နယ္ေျမမွာ အာဏာရွင္ကိုတြန္းလွန္ဖို႔အတြက္ လက္နက္ကိုင္တိုက္ပြဲဝင္ဖို႔ ႀကိဳးစားေနတာလဲ ျဖစ္ပါတယ္။
ခက္ခဲၾကမ္းတမ္းတဲ့ လြတ္ေျမာက္နယ္ေျမမွာ ေရာက္ရွိတာဝန္ထမ္းေဆာင္ေနစဥ္အတြင္း ပြဲလမ္းသဘင္ေတြ လုပ္ေနၾကတာ ျမင္ရရင္ စိတ္မေကာင္းပါဘူးလို႔လဲ ရင္ဖြင့္ထားပါေသးတယ္။
လူ႐ႊင္ေတာ္ တိုင္းေက်ာ္ ကေတာ့ ဖိုးေသာၾကာကို ပိုစ္တင္ၿပီးဒဲ့ေဆာ္လိုက္ပါတယ္။




ဖိုးေသာၾကာ ကေတာ့ လြန္ခဲ့တဲ့ ၂၀၁၆ တုန္းက ကန္စြန္း႐ြက္တစ္စည္း ၃၀၀ ၊ တစ္ေဒၚလာကို ၁၄၀၀ ျဖစ္တာနဲ႕ပတ္သက္ၿပီး ေဝဖန္ခဲ့တဲ့ ပိုစ္တစ္ခုတင္ခဲ့တာကို အားလုံးပဲသိၾကမွာပါ။
အဆိုပါပိုစ္ကို ျပန္လည္မွ်ေဝၿပီး တိုင္းေက်ာ္ ဟာ လူႀကီးမင္းတို႔ေရအစခ်ီၿပီး တခုခုေျပာၾကည့္ပါဦးလား လို႔ ျပည္သူေတြကို ေမးခြန္းထုတ္လိုက္ပါတယ္။
အဆိုေတာ္ ဖိုးေသာၾကာ တစ္ေယာက္ကေတာ့ အခုလက္ရွိျဖစ္ေပၚေနတဲ့ အေျခအေနေတြအေပၚမွာေတာ့ ဘာမွတုန႔္ျပန္ထားျခင္းမရွိတာကို ေတြ႕ရပါတယ္။
Credit