NUG ၏ နွေဦးတော်လှန်ရေးမော်ကွန်းသစ် စီမံကိန်းမြေကွက် ၄၀၀ နေ့တွင်းချင်း ရောင်းကုန်
ရန်ကုန်၊ စက်တင်ဘာ ၁
လူငယ့်ခေတ်




NUG အစိုးရ၏ တော်လှန်ရေးရန်ပုံငွေအတွက် ရောင်းချသည့် မရမ်းကုန်းမြို့နယ် သံသုမာလမ်းမပေါ်ရှိ လက်ရှိ တပ်မတော် လေ့ကျင့်ရေးသင်တန်းကျောင်းအဖြစ် အသုံးပြုနေသည့် မြေအား ပေ(၄၀) ပေ(၆၀) အကွက် ၄၀၀ ပိုင်းကာ နွေဦးမော်ကွန်းသစ် စီမံကိန်းအဖြစ် ယနေ့စတင်ရောင်းချခဲ့ရာ နေ့တွင်းချင်း ရောင်းကုန်ခဲ့ကြောင်း သိရသည်။
ရောင်းချရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ အဆိုပါ မြေကွက် (၄၀၀)မှာ စတင်ရောင်းချမှု ၁၅ နာရီအတွင်း ရောင်းကုန်သွားခြင်း ဖြစ်ကြောင်း၊ ယင်းမြေတစ်ကွက်လျှင် ဒေါ်လာ (၃၂၀၀၀) ဖြင့် ရောင်းချခြင်းဖြစ်ကာ ဝယ်ယူသူမှ မြေတန်ဖိုး (၄၀)ရာခိုင်နှုန်း ဖြစ်သည့် ဒေါ်လာ (၁၂၈၀၀) ကို သုံးလအရစ်ကျဖြင့် ရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။




ကျန် (၆၀)ရာခိုင်နှုန်းအား တော်လှန်ရေးအလွန်ကာလ၊ စီမံကိန်း ပြင်ဆင်ချိန်၌ ပေးသွင်းရမည် ဖြစ်သည်။
အဆိုပါမြေကွက်ရောင်းမှု အစီအစဉ်တွင် မင်းဓမ္မလမ်းမပေါ်ရှိ နွေဦးရိပ်မွန်မှ ပေ ၆၀ x ပေ ၈၀ အကွက် ၁၀၀၊ သံသုမာလမ်းရှိ နွေဦးမော်ကွန်းသစ် ပေ ၆၀ x ပေ ၈၀ အကွက် (၂၀၀)နှင့် ယခုရောင်းကုန်သည့် နွေဦးမော်ကွန်းသစ် အကွက် ၄၀၀တို့ ပါဝင်သည်။




ယင်းမြေကွက်များဝယ်ယူရာတွင် ဝယ်သူ ၃ ဦးအထိ အများဆုံး စပ်တူ ဝယ်ယူနိုင်ပြီး မြေပိုင်ဆိုင်မှု စာချုပ်တွင် ၃ ဦးနာမည်ကို ထည့်သွင်းပေးမည်ဟုဆိုသည်။
အရစ်ကျ ပေးချေရင်း ပမာဏ ပြည့်အောင် မပေးချေနိုင်ပါက မြေပိုင်ခွင့် မရဘဲ တော်လှန်ရေးလွန် ကာလတွင် ပေးသွင်းခဲ့သော ငွေပမာဏ အတိုင်း ပြန်လည်ထုတ်ပေးမည်ဟုလည်း ထုတ်ပြန်ထားသည်။




အဆိုပါမြေကွက်များအား နိုင်ငံခြားသားများလည်း ဝယ်ယူနိုင်ပြီး တော်လှန်ရေးအလွန် ကာလတွင် နိုင်ငံခြားသား ပိုင်ဆိုင်မှု ခွင့်ပြုသည့် သီးသန့် အမိန့်ဒီဂရီ ဥပဒေများ ပြဌာန်းပေးမည်ဟုဆိုသည်။
လက်ရှိတွင် စီမံကိန်း နေရာ၌ မြေကွက်နံပါတ်နှင့် အကွက် ရိုက်ထားခြင်း မရှိသေးဘဲ တော်လှန်ရေးအလွန်ကာလ စီမံကိန်း ပြင်ဆင်ချိန်တွင် မြေကွက် နံပါတ်ပါသည့် အစီအစဉ် အတိအကျ ထွက်လာမည်ဟု သိရသည်။




ယင်းမြေမှာ မြေဂရန် အမျိုးအစားမှာ နှစ် ၆၀ မြေငှါးဂရန်ဖြစ်ပြီး ဂရန်ပြည့်ချိန်တွင် အစိုးရ၏ သဘောတူညီချက်ဖြင့် ထပ်ဆောင်း အငှါးကာလ ၁၀ နှစ် အပြင် ထပ်ပေါင်း ၁၀ နှစ် တိုးခွင့် ရှိမည်ဟုဆိုသည်။
Crd
Unicode
NUG ၏ ေႏြဦးေတာ္လွန္ေရးေမာ္ကြန္းသစ္ စီမံကိန္းေျမကြက္ ၄၀၀ ေန႔တြင္းခ်င္း ေရာင္းကုန္
ရန္ကုန္၊ စက္တင္ဘာ ၁
လူငယ့္ေခတ္




NUG အစိုးရ၏ ေတာ္လွန္ေရးရန္ပုံေငြအတြက္ ေရာင္းခ်သည့္ မရမ္းကုန္းၿမိဳ႕နယ္ သံသုမာလမ္းမေပၚရွိ လက္ရွိ တပ္မေတာ္ ေလ့က်င့္ေရးသင္တန္းေက်ာင္းအျဖစ္ အသုံးျပဳေနသည့္ ေျမအား ေပ(၄၀) ေပ(၆၀) အကြက္ ၄၀၀ ပိုင္းကာ ေႏြဦးေမာ္ကြန္းသစ္ စီမံကိန္းအျဖစ္ ယေန႔စတင္ေရာင္းခ်ခဲ့ရာ ေန႔တြင္းခ်င္း ေရာင္းကုန္ခဲ့ေၾကာင္း သိရသည္။
ေရာင္းခ်ေရးအဖြဲ႕၏ ထုတ္ျပန္ခ်က္အရ အဆိုပါ ေျမကြက္ (၄၀၀)မွာ စတင္ေရာင္းခ်မႈ ၁၅ နာရီအတြင္း ေရာင္းကုန္သြားျခင္း ျဖစ္ေၾကာင္း၊ ယင္းေျမတစ္ကြက္လၽွင္ ေဒၚလာ (၃၂၀၀၀) ျဖင့္ ေရာင္းခ်ျခင္းျဖစ္ကာ ဝယ္ယူသူမွ ေျမတန္ဖိုး (၄၀)ရာခိုင္ႏႈန္း ျဖစ္သည့္ ေဒၚလာ (၁၂၈၀၀) ကို သုံးလအရစ္က်ျဖင့္ ေရာင္းခ်ေပးျခင္းျဖစ္ေၾကာင္း သိရသည္။




က်န္ (၆၀)ရာခိုင္ႏႈန္းအား ေတာ္လွန္ေရးအလြန္ကာလ၊ စီမံကိန္း ျပင္ဆင္ခ်ိန္၌ ေပးသြင္းရမည္ ျဖစ္သည္။
အဆိုပါေျမကြက္ေရာင္းမႈ အစီအစဥ္တြင္ မင္းဓမၼလမ္းမေပၚရွိ ေႏြဦးရိပ္မြန္မွ ေပ ၆၀ x ေပ ၈၀ အကြက္ ၁၀၀၊ သံသုမာလမ္းရွိ ေႏြဦးေမာ္ကြန္းသစ္ ေပ ၆၀ x ေပ ၈၀ အကြက္ (၂၀၀)ႏွင့္ ယခုေရာင္းကုန္သည့္ ေႏြဦးေမာ္ကြန္းသစ္ အကြက္ ၄၀၀တို႔ ပါဝင္သည္။
ယင္းေျမကြက္မ်ားဝယ္ယူရာတြင္ ဝယ္သူ ၃ ဦးအထိ အမ်ားဆုံး စပ္တူ ဝယ္ယူနိုင္ၿပီး ေျမပိုင္ဆိုင္မႈ စာခ်ဳပ္တြင္ ၃ ဦးနာမည္ကို ထည့္သြင္းေပးမည္ဟုဆိုသည္။




အရစ္က် ေပးေခ်ရင္း ပမာဏ ျပည့္ေအာင္ မေပးေခ်နိုင္ပါက ေျမပိုင္ခြင့္ မရဘဲ ေတာ္လွန္ေရးလြန္ ကာလတြင္ ေပးသြင္းခဲ့ေသာ ေငြပမာဏ အတိုင္း ျပန္လည္ထုတ္ေပးမည္ဟုလည္း ထုတ္ျပန္ထားသည္။
အဆိုပါေျမကြက္မ်ားအား နိုင္ငံျခားသားမ်ားလည္း ဝယ္ယူနိုင္ၿပီး ေတာ္လွန္ေရးအလြန္ ကာလတြင္ နိုင္ငံျခားသား ပိုင္ဆိုင္မႈ ခြင့္ျပဳသည့္ သီးသန္႔ အမိန္႔ဒီဂရီ ဥပေဒမ်ား ျပဌာန္းေပးမည္ဟုဆိုသည္။




လက္ရွိတြင္ စီမံကိန္း ေနရာ၌ ေျမကြက္နံပါတ္ႏွင့္ အကြက္ ရိုက္ထားျခင္း မရွိေသးဘဲ ေတာ္လွန္ေရးအလြန္ကာလ စီမံကိန္း ျပင္ဆင္ခ်ိန္တြင္ ေျမကြက္ နံပါတ္ပါသည့္ အစီအစဥ္ အတိအက် ထြက္လာမည္ဟု သိရသည္။
ယင္းေျမမွာ ေျမဂရန္ အမ်ိဳးအစားမွာ ႏွစ္ ၆၀ ေျမငွါးဂရန္ျဖစ္ၿပီး ဂရန္ျပည့္ခ်ိန္တြင္ အစိုးရ၏ သေဘာတူညီခ်က္ျဖင့္ ထပ္ေဆာင္း အငွါးကာလ ၁၀ ႏွစ္ အျပင္ ထပ္ေပါင္း ၁၀ ႏွစ္ တိုးခြင့္ ရွိမည္ဟုဆိုသည္။
Crd