လခထုတ်ရက်မှာ နိုင်သလောက် ကူကြဖို့ ပြည်သူတွေကို တိုက်တွန်းလိုက်တဲ့ မြတ်နိုးအေး
လခထုတ်ရက်မှာ နိုင်သလောက်ကူကြဖို့ ပြည်သူတွေကို တိုက်တွန်းလိုက်တဲ့ မြတ်နိုးအေး
သရုပ်ဆောင် မြတ်နိုးအေး ကတော့ နွေဦးတော်လှန်ရေးအစထဲက ပြည်သူတွေနဲ့ အတူ တစ်သားတည်း ရပ်တည်ခဲ့ပြီး
လမ်းမထက်မှာ အတူတကွဆန္ဒထုတ်ဖော်ခဲ့သူတစ်ဦး ဖြစ်ပါတယ် ။ ဒါအပြင် ဆိုရှယ်မီဒီယာတွေဖြစ်ကြတဲ့ Facebook ,
Instagram , Twitter နဲ့ Tiktok မှာ လည်း မြန်မာပြည်ရဲ့အခြေအနေတွေကို Speak out လုပ်ပေးခဲ့တာသူလဲ ဖြစ်ပါတယ် ။
လက်ရှိမှာ မြတ်နိုးအေး ကတော့ ပုဒ်မ ၅၀၅ နဲ့တရားစွဲဆိုခံထားရပြီးနောက် လွတ်မြောက်နယ်မြေတစ်နေရာကို ရောက်ရှိနေတာပဲ
ဖြစ်ပါတယ် ။ မြတ်နိုးအေး ကတော့ မွေးနေ့အစီအစဥ်အနေနဲ့ သူမရဲ့တန်ဖိုးထားရတဲ့ လက်စွပ်လေးကို မဲစနစ်နဲ့ရောင်းချပေး
နေခဲ့တာပဲ ဖြစ်ပါတယ် ။ သူမဟာ တော်လှန်ရေးအတွက် လွတ်မြောက်နယ်မြေမှာ ခက်ခက်ခဲခဲနေထိုင်နေပြီး နိုင်သလောက်
တာဝန်တွေကို ထမ်းဆောင်နေတာပါ ။ ဒါကြောင့်လဲ မြတ်နိုးအေး ကိုတော့ ပြည်သူတွေအားလုံးက အရင်ကထက် ပိုမို
ချစ်ခင်အားပေးနေတာကိုလဲ တွေ့ရပါတယ် ။ သူမ ကတော့ ပြည်သူတွေကို နေ့စဥ် Click ဖို့အတွက်နဲ့ တော်လှန်ရေးအတွက်
သွေးမအေးသွားဖို့ လူမှု့ကွန်ယက်ပေါ်ကနေ တိုက်တွန်းနေတာကိုလဲ တွေ့ရပါတယ် ။ ဒီတစ်ခါမှာလဲ လက်မှတ်အရောင်း
ပိတ်တော့မှာကြောင့် လခထုတ်ရက်မှာ နိုင်သလောက်ကူကြဖို့ ပြည်သူတွေကို တိုက်တွန်းလိုက်ပြန်ပါတယ်။b “လက်မှတ်
အရောင်းပိတ်ဖို့ ၉ရက်ပဲ လိုပါတော့တယ်နော်.. လကုန်တုန်းလေး နိုင်သလောက် ကူကြဖို့ ထပ်တွန်းပါရစေကွယ် ” လို့ a
မြတ်နိုးအေး ရဲ့ လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားပါတယ် ။မြန်မာပြည်ကြီး အမြန်ဆုံးအေးချမ်းပါစေ ၊ ကပ် ၃ ပါးဘေးမှ ပြည်သူ ပြည်သားများ အားလုံး ကင်းဝေးပါစေ ။
Zawgyi
Crd
Leave a Reply
Your email address will not be published. Required fields are marked *