စစ်တပ်ထောက်ခံသူ ယုန်လေးရဲ့ အလှူမှာ ငွေကျပ် (၅)သိန်း လှူဒါန်းခဲ့တဲ့ ဖြိုးလေး နဲ့ ဝါဆိုမိုးဦး တို့ ချစ်သူနှစ်ဦး
စစ်တပ်ထောက်ခံတဲ့ အဆိုတော်ယုန်လေးက ယမန်နေ့က သူ့ရဲ့ လူမှုကွန်ယက်မှာ ဆင်းရဲနွမ်းပါးသူတွေကို
ကူညီချင်တဲ့အတွက် အလှူငွေကောက်ခံမယ့် ဗီဒီယိုဖိုင်နဲ့အတူ
သူ့ကို လှူထားတဲ့ အနုပညာရှင်စာရင်းကို ဖော်ပြခဲ့ပါတယ်။
အဲဒီအနုပညာရှင်စာရင်းမှာ ဖြုးလေးနဲ့ ဝါဆိုမိုးဦးတို့ချစ်သူနှစ်ဦးဟာ (၅)သိန်းလှူဒါန်းထားကြတာပဲဖြစ်ပါတယ်။
ဝါဆိုမိုးဦး စုံတွဲဟာ ဆန္ဒပြပွဲတွေမှာ ရှေ့ဆုံးကပါခဲ့ကြပေမယ့် စစ်တပ်ထောက်ခံတဲ့ ယုန်လေးရဲ့
အလှူမှာပါဝင်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှုကိုခံနေရတာပဲဖြစ်ပါတယ် ။အနုပညာရှင်တချို့က
သူတို့အလှူကို ပြန်ဖြေရှင်းနေကြတာကြောင် ယုန်လေးကလည်း မနေ့က ရေးသားခဲ့တဲ့အနုပညာရှင်စာရင်းတွေကို
သူ့ရဲ့လူမှုကွန်ယက်မှာ ပြန်ဖျက်သွားခဲ့ပါတယ်။
စစ်တပ်ထောက်ခံတဲ့ အဆိုတော်ယုန်လေးက စစ်အာဏာသိမ်းပြီးတဲ့ ကာလအတန်ကြာပျောက်နေတဲ့သူဖြစ်ပေမယ့်
စစ်ကောင်စီက အနုပညာရှင်တွေနဲ့ တွေ့ဆုံတဲ့ပွဲတွေမှာတော့ သူ့ကိုမြင်တွေ့ရလေ့ရှိပြီး ယခုအခါမှာလည်း
သူ့ရဲ့ ပြိုင်ကားကိုရောင်းချပြီး အလှူတွေလုပ်ချင်လို့ အလှူငွေထည့်ဝင်ပေးဖို့တောင်းဆိုတဲ့
ဗီဒီယိုဖိုင်နဲ့ ပြန်လည်ပေါ်ပေါက်လာခဲ့တာပဲဖြစ်ပါတယ်။
Crd
zawgyi,
စစ်တပ်ထောက်ခံသူ ယုန်လေးရဲ့ အလှူမှာ ငွေကျပ် (၅)သိန်း လှူဒါန်းခဲ့တဲ့ ဖြိုးလေး နဲ့ ဝါဆိုမိုးဦး တို့ ချစ်သူနှစ်ဦး
Crd