CDM ဆရာမ ထောင်ဒဏ် ၃ နှစ်ချမှတ်ခံရသော်လည်း တရားခွင်မှ ပြန်အထွက် လက်သုံးချောင်း…See More

CDM ဆရာမ ထောင်ဒဏ် ၃ နှစ်ချမှတ်ခံရသော်လည်း တရားခွင်မှ ပြန်အထွက် လက်သုံးချောင်း…see more

ရန်ကုန်၊ စက်တင်ဘာ ၂ ,Khit Thit

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်မှ CDM ကျောင်း ဆရာမ ဒေါ်စန္ဒာမိုးကို ဩဂုတ်လ ၃၁ ရက်နေ့တွင် ပုဒ်မ ၅၀၅ (က) ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ်ချမှတ်ခံလိုက်ရကြောင်း မိတ်ဆွေများနှင့် ပညာရေးအသိုင်းအ၀ိုင်းက ပြောဆိုသည်။

CDM ကျောင်းဆရာမ ဒေါ်စန္ဒာမိုးကို PDF တွေကိုထောက်ပံ့သည်ဟုဆိုကာ စစ်တပ်က ဖမ်းသွားခြင်းဖြစ်ကြောင်း၊ ပထမအကြိမ် လူမှုရေး မကျေနပ်ချက်ဖြင့် တိုင်ကြားမှု ကြောင့် အချုပ်ထဲတွင် ၃ ရက်နေပြီး ပြန်လည် လွတ်မြောက်ခဲ့ကြောင်း၊

ဒုတိယအကြိမ် တွင်မူ PDF ထောက်ပံ့သည်ဆိုသော သတင်း ပေးတိုင်ကြားမှုဖြင့် အဖမ်းခံရပြီး ထောင်ဒဏ် ၃ နှစ်နှင့် အလုပ်ကြမ်း ချမှတ်ခံရခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဆရာမက အမိန့်ချခံရပြီး တရားရုံးကထွက်လာတဲ့အခါ လက်သုံးချောင်းထောင်လို့ ခေါင်းမော့ ရင်ကော့ပြီး ထွက်လာခဲ့တယ်။ ပုဒ်မ ၅၀၅ (က)နဲ့ အလုပ် ကြမ်းနှင့် ထောင်ဒဏ်၃နှစ် အချခံရတာ။

ဆရာမက ပြည်သူတွေကို သတင်းစကားပါးတာက ဘယ်လိုပဲ ထောင်ဒဏ် ချမှတ်ခံရပေမယ့် တညီတညွတ်တည်း ကြိုးစားကြဖို့ တရားခွင်အပြီး လက်သုံးချောင်းထောင် ပြီး ဆန္ဒထုတ်ဖော်သွားတာပါ” ဟု မိတ်ဆွေက ပြောသည်။

CDM ကျောင်းဆရာမ ဒေါ်စန္ဒာမိုးသည် မူလတန်းပြ ကျောင်းဆရာမတစ်ဦးဖြစ်ပြီး လက်ရှိတွင် မကွေးဒေါင်းနေအကျဉ်းထောင်တွင် ထောင်သွင်းအကျဉ်းကျခြင်းခံထားရကြောင်း သိရှိရသည်။

Crd

Leave a Reply

Your email address will not be published. Required fields are marked *