ရန်ကုန်-ပြည်- မန္တလေး Express ကားပေါ်မှာဖြစ်သည် … (ဖြစ်မှ ဖြစ်ရလေ အန်တီရယ်)
ရန်ကုန်-ပြည်- မန္တလေး Express ကားပေါ်မှာဖြစ်သည် (ဖြစ်မှ ဖြစ်ရလေ အန်တီရယ်)
ကားပေါ်ရောက်ရင် အိပ်တတ်တာကြောင့် အသက် (၅၀) ဝင်းကျင်ခန့်အဒေါ်ကြီးတယောက် ရန်ကုန်-ပြည်- မန္တလေး Express ကားပေါ်တွင်ဖြစ်သည်။

ကားပေါ်ရောက်ရင် အိပ်တတ်တာကြောင့်အသက် (၅၀) ဝင်းကျင်ခန့်အဒေါ်ကြီးတယောက်မှ ယဉ်မောင်းအား ကားစတင်ထွက်ချိန်တွင် အော်ပြောလေသည်။
” ကားဆရာရေ အုတ်ဖိုတာဆုံရောက်ရင်အဒေါ့်ကိုပြောပါကွယ်”” ဟုတ်ကဲ့ ဂျီးဒေါ်ရေ”

ထိုသို့ဖြင့် ကားစီးလာရင်း အဒေါ်ကြီးမှာ အိပ်ငိုက်ပါလာတော့သည် နာရီအနဲငယ်အကြာတွင်တော့
အဒေါ်ကြီးအသံ ဟိန်းထွက်လာသည်” ကားဆရာရေ အုတ်ဖိုတာဆုံရောက်ပြီလားကွဲ့”
ယဉ်မောင်းရော စပါယ်ယာပါ အခက်တွေ့ကုန်ကြလေသည် အုတ်ဖိုတာဆုံကို အတော်လေးကျော်လွန်သွားတာကိုး
အခြားခရီးသယ်များကလည်း ဒရိုင်ဘာကို ဝိုင်းဝန်းအပြစ်တင်ပြောဆိုနေကြတော့သည် ဒရိုင်ဘာလဲ မနေသာတော့ပဲ။

” ကဲ ကဲကျနော့အပြစ်ပါဗျာ တောင်းပန်ပါတယ် နောက်ကိုပြန်မောင်းပေးပါ့မယ် ဂျီးဒေါ်ရေ”
ထို့နောက် ကားကို လေးဆယ့်ငါးမိနစ်ခန့် နောက်ကြောင်းပြန်လှည့်မောင်းခဲ့ရလေသည်။
” ကဲ ဂျီးဒေါ်ရေ အုတ်ဖိုတာဆုံ ရောက်ပါပြီဗျ ဆင်းလို့ရပါပြီ” အို ဆင်းမလို့မဟုတ်ပါဘူ းငါ့တူရယ်
ကားစထွက်တော့ သမီးကမှာလိုက်လို့ပါ အုတ်ဖိုတာဆုံရောက်ရင် နောက်ထပ်ဆေးတခွက် ထပ်သောက်ဖို့ မမေ့နဲ့ဆိုလို့ပါကွယ်”

ရယ်မောခြင်းဖြင့် ဘဝအမောတွေပြေပါစေ
unicode

CRD