အရမ်းတန်ဖိုးထားရတဲ့လက်စွပ်ကလေးကို တော်လှန်ရေးအတွက်မဲဖောက်ပြီးလျှူဒါန်းမှာမလို့ အားပေးပါဦးလို့… see more
သရုပ်ဆောင် မြတ်နိုးအေး ကတော့ နွေဦးတော်လှန် ရေးအစထဲက ပြည်သူတွေနဲ့ အတူ တစ်သားတည်းရပ်တည်ခဲ့ပြီး လမ်းမထက်မှာ အတူတကွဆန္ဒထုတ်ဖော်ခဲ့သူတစ်ဦးဖြစ်ပါတယ်။




ဒါအပြင် ဆိုရှယ်မီဒီယာတွေဖြစ်ကြတဲ့ Facebook ,
Instagram , Twitter နဲ့ Tiktok မှာ လည်း မြန်မာပြည်ရဲ့အခြေအနေတွေကို Speak out လုပ်ပေးခဲ့တာသူလဲ ဖြစ်ပါတယ်။လက်ရှိမှာ မြတ်နိုးအေး ကတော့ ပုဒ်မ ၅၀၅ နဲ့တရားစွဲဆိုခံထားရပြီးနောက် လွတ်မြောက်နယ်မြေတစ်နေရာကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။




မြတ်နိုးအေး ကတော့ မွေးနေ့အစီအစဥ်အနေနဲ့ သူမရဲ့တန်ဖိုးထားရတဲ့ လက်စွပ်လေးကို မဲစနစ်နဲ့ရောင်းချပေးနေခဲ့တာပဲ ဖြစ်ပါတယ်။သူမဟာ တော်လှန်ရေးအတွက် လွတ်မြောက်နယ်မြေမှာ ခက်ခက်ခဲခဲနေထိုင်နေပြီး နိုင်သလောက်တာဝန်တွေကို ထမ်းဆောင်နေတာပါ။
ဒါကြောင့်လဲ မြတ်နိုးအေး ကိုတော့ ပြည်သူတွေအားလုံးက အရင်ကထက်ပိုမို ချစ်ခင်အားပေးနေတာကိုလဲ တွေ့ရပါတယ်။ဒီတစ်ခါမှာလဲ လက်မှတ်အရောင်းပိတ်တော့မှာကြောင့် လခထုတ်ရက်မှာ နိုင်သလောက်ကူကြဖို့ ပြည်သူတွေကို တိုက်တွန်းလိုက်ပြန်ပါတယ်။




“လက်မှတ်အရောင်းပိတ်ဖို့ ၉ရက်ပဲ လိုပါတော့တယ်နော်.. လကုန်တုန်းလေး နိုင်သလောက် ကူကြဖို့ ထပ်တွန်းပါရစေကွယ် ” လို့ မြတ်နိုးအေး ရဲ့ လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားပါတယ်။မြန်မာပြည်ကြီး အမြန်ဆုံးအေးချမ်းပါစေ ကပ် ၃ ပါးဘေးမှ ပြည် သူပြည်သားများအားလုံး ကင်းဝေးပါစေ။
Crd
Zawgyi
အရမ်းတန်ဖိုးထားရတဲ့လက်စွပ်ကလေးကို တော်လှန်ရေးအတွက်မဲဖောက်ပြီးလျှူဒါန်းမှာမလို့ အားပေးပါဦးလို့… see more












Crd