ဆက်စီမော်ဒယ်လ် တစ်ယောက်အဖြစ် ရပ်တည်နေတဲ့ ရှင်ယွန်းမြတ်ကတော့ သင်ဇာဝင့်ကျော် အဖမ်းခံရမှုမှာ သူ့နာမည်တပ်လို့ဆိုပြီး
တနေ့က သင်ဇာဝင့်ကျော်ကို နတ်ပြည်တက်ပြီး သာယာနေစဥ်က တစ်ခွန်း မဟဘဲ၊ ငရဲရောက်မှ ဖော်ကောင်လုပ်တာ်ဆိုပြီး ပြစ်တင်ပြောဆိုမှုများ ပြုလုပ်ခဲ့သလို




အခုတစ်ခါမှာဆိုရင်လည်း ရှင်ယွန်းမြတ်က ပြည်သူ့အချစ်တော် မင်းသားကြီးမင်းမော်ကွန်းကို သူ့လာဆူရင် သူ့အကြောင်းပြောရင် ငြိမ်ခံနေမှာ မဟုတ်ဘူးဆိုပြီး
ပြင်းပြင်းထန်ထန် ပြောဆိုမှုတွေ ပြုလုပ်လို့ လာခဲ့တာကို တွေ့ရပါ တယ်နော်။ ရှင်ယွန်းဖြတ်ရဲ့ ပို့စ်တစ်ခုအောက်မှာ ပရိတ်သတ်တစ်ဦးက




“ကိုကျော်ကျော်ဌေးလွင်ရေ ဆူပေးပါအုန်း သူ့ကို” ဆိုပြီးတော့ မှတ်ချက် ရေးသား လာရာတွင် ဆက်ဆီမော်ဒယ် ရှင်ယွန်းမြတ် က “ငါ့ နာမည်တပ်ပြီး လာဆူရင်
သူ့အကြောင်းလည်း live လွှင့်ပြီး ပြောမှာ ငါက၊ ငါက အေးဆေး နေတဲ့သူနော် ဘယ်သူ့ အတင်းအဖျင်းမှ စိတ်မဝင်စားဘူး၊ ငါ့ကို လာဆူရင် ငါက ငြိမ်ခံနေမယ့်အထဲ မပါဘူး။




အောက်ဖဲမလှန်တတ်ဘူး၊ ငါ့ လာနာမည် တပ်ရဲတပ်ကြည့်၊ ငါလည်း Liveလွှင့်ပြီး တလုံးချင်း ပြောပြအုံးမှာ၊ သူ့စိတ်ဓါတ်ကို
အနုပညာအရ respect ထားတယ်၊ ပညာကို လေးစားတယ်၊ ကျန်တဲ့ ကိစ္စပဲ ပြောမှာ၊ ငါ့အကြောင်း တစွန်းတစ အစအနတောင် မရေးနဲ့ အေးဆေးနေ၊
လိမ်စား ညာစား လိမ်တတ် ညာတတ်တဲ့အထဲ ငါ မပါဘူး၊ ဟုတ်တာ မှန်တာပဲ ပြောတယ်” ဆိုပြီး မင်းမော်ကွန်းအား မဆီမဆိုင် ပြင်းထန်စွာ မှတ်ချက်ပြုပြီး
အဆိုပါပရိသတ်ရဲ့ ပြောဆိုချက်ကို တုန့်ပြန် လာခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်အချစ်တော် မင်းသားဖြစ်တဲ့ မင်းမော်ကွန်းရဲ့ ပရိသတ်တွေကတော့




မော်ဒယ်လ် ရှင်ယွန်းမြတ်ရဲ့ ပြောဆိုမှုတွေအပေါ် မကျေမနပ် ဖြစ်နေကြပြီး ပြည်သူချစ်တဲ့ မင်းသားကို မတန်မရာတွေ လာပြောနေတယ်ဆိုပြီး
မကျေမနပ်ဖြစ်ကာ ရှင်ယွန်းမြတ်ကို မေတ္တာပို့နည်းပေါင်းစုံနဲ့ ကိုယ့် အနေအထား ကိုယ်သိဖို့ တုန့်ပြန်ပြောဆို ပေါက်ကွဲနေ ကြတာကို တွေ့ရပါတယ်နော်။




Credit