







ဘေးကင်းကြပါစေ




Su Su San မင်း ဂွတ် သီး
credit
unicode
အံအားသင့်ဖွယ် မုန်တိုင်းနှစ်လုံးဆင့်ဖြစ်ပွား
Hannamnor စူပါမုန်းတိုင်းသည် အိုကီနာဝါကျွန်းစုတွေကိုဝင်ရောက်တိုက်ခတ်ပြီး




မြောက်ဖက်ချိုးကွေ့ကာ ဂျပန်နိုင်ငံနှင့် တောင်ကိုရီးယာတောင်ပိုင်းကြားကိုဦးတည်မှာဖြစ်လို့
နှစ်နိုင်ငံလုံးမုန်တိုင်းအန္တရာယ်ရှိပြီး နောက်ထပ် 98W ကလည်း 20ktဖြင့် မုန်တိုင်းဖြစ်ဖို့အလားအလာကောင်းနေပါတယ်
ဖိလစ်ပိုင်နိုင်ငံကတော့ Gardo PH ဟုအမည်ပေးထားပြီး သီအိုရီအရကတော့ Hinnamnor မုန်တိုင်းကြီးရဲ့
သွားရာလမ်းကိုလိုက်ပါသွားမှာဖြစ်လို့ တောင်ကိုရီးယား ဂျပန်နှစ်နိုင်ငံလုံးကိုသက်ရောက်မှာဖြစ်ပါတယ်




မုန်တိုင်းနှစ်ခုပေါင်းဆုံနိုင် မဆုံနိုင်ကိုတော့ ပြောဖို့စောနေပါသေးတယ် ထိုင်ဝမ်နိုင်ငံအရှေ့ပိုင်း
အနည်းငယ်သက်ရောက်မှုရှိနိုင်ပေမယ့် ဖိလစ်ပိုင်ကတော့ မုန်တိုင်းအန္တရာယ်ကလွတ်မြောက်သွားဖွယ်ရှိပါတယ်
ဘေးကင်းကြပါစေ
EASTERLY WIND ရက်ကြိုခန့်မှန်းချက်
၂၀၂၂ စက်တင်ဘာလ ၅ရက်နေ့ ၆ရက်နေ့များတွင် တောင်တရုတ်ပင်လယ်ပြင်မှLow cell သည်




အရှေ့လေစီးကြောင်းမှ ဗိယက်နမ်တောင်ပိုင်း ကဗ္ဘောဒီးယား ထိုင်းနိုင်ငံတွေမှာ မိုးရွာသွန်းနိုင်သလို
မြန်မာနိုင်ငံ တနင်္သါရီတိုင်း မွန်ပြည်နယ် ကရင်ပြည်နယ် ဧရာဝတီတိုင်း ရန်ကုန်တိုင်းနှင့် ရှမ်းပြည်နယ်တွေမှာမိုးရွာနိုင်သလို
စက်တင်ဘာလ ၆ရက်နေ့ ၇ရက်နေ့ မြန်မာနိုင်ငံအလယ်ပိုင်းပါမိုးသက်ရောက်နိုင်ပါတယ်
ပိုမိုတိကျသေချာစေရန်အတွက် weather data အချက်အလက်များဝယ်ယူကာ




သေချာစိစစ်တွက်ချက်ပြီး Update weather forecast ထပ်မံခန့်မှန်းပေးသွားပါမယ်
ISSUED TIME 30/08/2022 AT 6:45PM(MMT)
Su Su San မင်း ဂွတ် သီး
credit