ငါ အကုန်ပြတ်ပစ်လို့နောင်တတစက်မှရစရာမရှိဘူးလို့ပြောလာတဲ့ ကိုကျော်

တော်လှန်ရေးကြီးမှာ တသက်လုံးသိလာတဲ့ လူရင်း၊ ဆွေမျိုး၊ မိတ်ဆွေဆိုတာတွေကို ရန်၊ ငါ အကုန်ပြတ်ပစ်လို့ နောင်တတစက်မှရစရာမရှိဘူးလို့ပြောလာတဲ့ ကိုကျော်

ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းမော်ကွန်းကတော့ နွေဦးတော်လှန်ရေးကြီးမှာ ပြည်သူနဲ့အတူ ရပ်တည်ခဲ့ပြီး အာဏာသိမ်းမှုကို လက်မခံဘဲ ဆန့်ကျင်ဆန္ဒပြခဲ့တာလည်းဖြစ်ပါတယ်။

လက်ရှိမှာတော့ သရုပ်ဆောင် မင်းမော်ကွန်းက သြစီကိုရောက်နေပြီး တော်လှန်ရေးကြီးမှာ ထောက်ပို့အနေနဲ့ ပါဝင်နေတာလည်းဖြစ်ပါတယ်။

ဒီနေ့မှာတော့ ဩစီရောက်ရှိနေသာ သရုပ်ဆောင်မင်းမော်ကွန်းက

တော်လှန်ရေးကြီးမှာ တသက်လုံးသိလာတဲ့ လူရင်း၊ ဆွေမျိုး၊ မိတ်ဆွေဆိုတာတွေဟာ အဓမ္မဖက်သိသိသာသာတမျိုး၊ မသိမသာတမျိုး၊ ကြားလိုလို၊ ချောင်လိုလိုနေပြလို့ ရန်၊ ငါ အကုန်ပြတ်ပစ်တာ..နောင်တတစက်မှကိုမရှိတာ

စိတ်တူ၊ ကိုယ်တူ၊ အတွေးမြင်တူ၊ ရပ်တည်ချက်တူပြီး တော်လှန်ရေးရည်မှန်းချက်တူတဲ့သူတွေနဲ့ တဖြည်းဖြည်းနီးလာလိုက်တာ..ခုချိန် ဘဝဟာ ဘယ်လောက်အဓိပ္ပါယ်ပြည့်ဝပျော်ရွှင်ရတယ်ဆိုတာပြောမပြတတ်ဘူး

စစ်မှန်မှူတွေ၊ လေးနက်မှူတွေ၊ လူပီသမှူတွေ၊ ကိုယ်ချင်းစာမှူတွေ၊ အနစ်နာခံမှူတွေ၊ ကိုယ်ကျိုးမဖက်မှူတွေ၊ အများအကျိုးကြည့်မှူတွေ..စတဲ့ စတဲ့

လူ့တန်ဖိုးအမြင့်ဆုံးဆိုတဲ့ရပ်ဝန်းမှာ တန်ဖိုးမြင့်လူတန်းစားတစ်ရပ်နဲ့ အဆင့်မြင့်မြင့်နေရတာလောက် ပြည့်စုံခြင်းမရှိတော့ဘူး..

ဒီတန်ဖိုးတွေကို ခုချိန်ထိ ဘီယာဆိုင်ထိုင်၊ အလှပုံတင်၊ ခရီးထွက်ပျော်ရွှင်၊ တစ်ပြားလှူ တစ်လငိုတွေ၊ တစ်ပြားမှမလှူ ဇွတ်ပျော်ရွှင်တွေ၊ ငါနဲ့မဆ်ုင်ဆိုပြီးဘေးထိုင်တဲ့ လူတန်းစားတစ်ရပ်ကတော့ ဘယ်တော့မှလက်လှမ်းမီမှာမဟုတ်..

ခုရောက်ရှိရာအရပ်က အပျော်ရွှင်ရဆုံးနဲ့ တန်ဖိုးအပြည့်ဆုံးပဲ..တန်ဖိုးထားရလွန်းတယ်

လို့သူ့ရဲ့လွန်မှူကွန်ယက်အကောင့်မှာရေးသားခဲ့တာပဲဖြစ်ပါတယ် ကိုကျော်ကိုချစ်တဲ့ပရိတ်သတ်ကြီးလည်း ကိုကျော်ကိုပြောချင်တာရှိရင် အောက်မှာ comment ပေးခဲ့လို့ရပါတယ်။

အဆုံးထိဖတ်ရူပေးတဲ့ပရိတ်သတ်ကြီးလည်း ကျန်းမာရွှင်လန်းစေကြောင်းဆုမွန်တောင်းအပ်ပါသည်ရှင်။

Crd

Leave a Reply

Your email address will not be published. Required fields are marked *