အင်းစိန်ထောင်အထူးတရားရုံး တရားသူကြီးစီးလာသောကား အင်းစိန်ဈေးနှင့် မီးသတ်အနီးတွင်…

ရန်ကုန်၊ ဩဂုတ် ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့ နယ်၊ အင်းစိန်ဈေးနှင့် လဟာပြင်ဈေးအကြား တွင် ဩဂုတ်လ ၃၀ ရက် မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်အချိန်
အင်းစိန်ထောင် အထူးတရားရုံးမှ တရားသူကြီး စီးနင်းလာသော ကား ပစ်ခတ်ခံရကြောင်း စစ်ဘက်သတင်းရင်းမြစ် NOM နှင့် ဒေသခံများက ပြောဆိုသည်။
ယနေ့ ဩဂုတ်လ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီဝန်းကျင်တွင် ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အင်းစိန်ဈေးအနီးမှ ပြည်သူများနှင့် လမ်းသွားလမ်းလာများက ပစ်ခတ်သံများကြားရကြောင်း သတင်းပေးပို့ကြပြီး

စစ်တပ်နှင့်ရဲကားများ မြင်ရကြောင်း သတင်းပေးပို့ကြသည်။
“ကားပေါ်က အခြားကားတစ်ခုကို ပစ်နေတာ။ အချက် ၁၀ ချက်ကျော်မယ်။ တဒိုင်းဒိုင်းနဲ့ ။ ကျနော်တို့လည်း ဘာမှန်းမသိလို့ ဝပ်နေရတယ်” ဟု အင်းစိန်ဈေးအနီးတွင် ဆံပင်ရှည်ဝယ်ယူသော ဒိုင်တစ်ဦးက ပြောသည်။
စစ်တပ်သတင်းရင်းမြစ် NOM ကမူ အင်းစိန်ဗဟိုအကျဉ်းထောင် အထူးတရား ရုံးမှ တရားသူကြီးစီးလာသည့်ကားကို ပရိုဘောက်စ်ကားဖြင့် လိုက်လံပစ်ခတ်ရာမှ

အခြားကားတစ်စီး ထိမှန်ပြီး လူ ၁ ဦးဒဏ်ရာရရှိသည်ဟု ရေးသားဖော်ပြထားသည်။
“ပရိုဘောက်ပေါ်ကနေပစ်တာ။ ဘောက်ကားပေါ်က လူထိတယ်ပြောတယ်” ဟု အင်းစိန်ဒေသခံတစ်ဦးကဆိုသည်။
ဓာတ်ပုံ- ပစ်ခတ်မှုဖြစ်သော အင်းစိန်ဈေးဘက်သို့ ဆက်သွယ်ထားသော အင်းစိန် ကုန်းကျော်တံတား။

Source – ခေတ်သစ်
Zawgyi Version ဖြင့်ဖတ်ရန်