ငွေကြေးအခက်အခဲကြောင့် ဝင်းနှင့်ဇော်ကို မိသားစုဝင်များ ထောင်ဝင်စာ သွားမတွေ့နိုင်ဖြစ်နေ

ငွေကြေးအခက်အခဲကြောင့် ဝင်းနှင့်ဇော်ကို မိသားစုဝင်များ ထောင်ဝင်စာ သွားမတွေ့နိုင်ဖြစ်နေ

ထိုင်းနိုင်ငံတွင် တသက်တကျွန်းပြစ်ဒဏ်ဖြင့် အကျဉ်းကျခံနေရသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မီးချောင်းရေသောက်ကျေးရွာမှ ကိုဇော်လင်းနှင့် ကပီချောင်းကျေးရွာမှ ကိုဝင်းဇော်ထွန်းတို့ကို မိသားစုဝင်များမှာ ငွေကြေးအခက်အခဲကြောင့် ထောင်ဝင်စာသွားမတွေ့နိုင်သည်မှာ ၃ နှစ်ကျော်ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။

၎င်းတို့နှစ်ဦးကို မိသားစုဝင်များမှ သွားတွေ့လိုသော်လည်း ၎င်းတို့၏မိခင်များမှာ နေမကောင်းဖြစ်နေသဖြင့် ငွေကြေးအခက်အခဲရှိနေသည်။

ကိုဝင်းဇော်ထွန်း၏ အစ်ကိုဖြစ်သူ ကိုရဲဇော်ထွန်းက “ကျနော်တို့ နောက်ဆုံးသွားတွေ့ဖြစ်ခဲ့ကြတာက ကိုဗစ်မဖြစ်ခင် ၂၀၁၉ ခုနှစ်ကပါ။ အခုအမေ့မျက်စိမှာ တိမ်စွဲတဲ့ဝေဒနာဖြစ်နေတော့ ပိုခက်သွားတာပေါ့။ အခု အဲဒီမျက်စိကိုကုသဖို့တောင် ပိုက်ဆံမရှိဘူး။ ကျနော့်ညီဆီကို သွားတွေ့ဖို့ဆိုတာက အလှူငွေတွေရှိမှ၊ ပြီးတော့ လိုက်ပို့ပေးမယ့်သူတွေရှိမှ သွားတွေ့လို့ရမှာပါ”ဟု ပြောသည်။

လက်ရှိတွင် ကိုဝင်းဇော်ထွန်း၏မိခင်မှာ မျက်စိဝေဒနာ ကုသမှု ခံယူရန်အတွက် ကျောက်ဖြူမြို့တွင် ဆေးကုမှုခံယူနေရကြောင်းလည်း သိရသည်။

အလားတူ ကိုဇော်လင်း၏မိခင်ဖြစ်သူမှာလည်း ခေါင်းကိုက်ခြင်း၊လည်ပင်းအကျိတ်အခဲတို့ဖြစ်နေသည်ဟု ကိုဇော်လင်း၏ အစ်ကိုဖြစ်သူ ကိုဇော်ဝင်းကပြောသည်။

“အမေက အခုဆို စကားတောင် ကောင်းကောင်းမပြောနိုင်တော့ဘူး။ ခေါင်းမူး၊ခေါင်းကိုက်တဲ့ရောဂါအပြင် လည်းပင်းမှာလည်း အကျိတ်အခဲဖြစ်နေတော့ ပိုဆိုးတာပေါ့။ ဒီကြားထဲ သူ့သားကိုပဲ သတိရနေတယ်။ အဲဒီစိတ်နဲ့ပဲ နေမကောင်းဖြစ်နေတယ်ထင်တယ်”ဟု ကိုဇော်ဝင်းကပြောသည်။

မိခင်ဖြစ်သူ နေမကောင်းဖြစ်နေသည့်အတွက် ညီဖြစ်သူ ကိုဇော်လင်းကို အမြန်ဆုံးလွတ်မြောက်စေချင်ပြီဟု ကိုဇော်ဝင်းကပြောသည်။

“ငွေကြေးအခက်အခဲနဲ့ စိတ်ဒုက္ခတွေကြားမှာ အမေ့ခမျှာလည်း ပင်ပန်းနေပြီ။ ကျနော်ကတော့ သောကရောက်နေတဲ့ အမေ့ကိုကြည့်ပြီး ဇော်လင်းကိုရော ဝင်းဇော်ထွန်းကိုပါ အမြန်ပြန်လွှတ်ပေးကြပါလို့ပဲ တောင်းဆိုချင်တယ်”ဟု ကိုဇော်ဝင်းကဆိုသည်။

ကိုဇော်လင်း၏ မိခင်ဖြစ်သူ ဒေါ်ဖြူရွှေနုက “သွားချင်တိုင်း သွားလို့မရဘူး။ ပိုက်ဆံမရှိပါဘူး။ ကျမနေမကောင်းဖြစ်နေတဲ့အတွက် ဖြစ်နိုင်ရင် ကျမသားလေးကို အမြန်ဆုံးလွှတ်ပေးစေချင်တာ”ဟု တောင်းဆိုသည်။

၂၀၁၄ ခုနှစ်က ထိုင်းနိုင်ငံ၊ (လိပ်ကျွန်း)၌ ဗြိတိန်သျှနိုင်ငံသား ခရီးသွားစုံတွဲနှစ်ဦး အသတ်ခံရမှုနှင့်ပတ်သက်၍ ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းထွန်းတို့နှစ်ဦးကို လူသတ်မှု၊ မုဒိမ်းမှု စသည်တို့ကိုကျူးလွန်ခဲ့ကြောင်း စွပ်စွဲကာ အမှု ၇ ခုဖြင့် တရားစွဲဆိုပြီး ကော်စမွီတရားရုံးက ၂၀၁၅ ခုနှစ်တွင် သေဒဏ်ချက်မှတ်ခဲ့သည်။

ယင်းနောက် သေဒဏ်ချခံရမှုအပေါ် ၎င်းတို့၏ အကျိုးဆောင်ရှေ့နေများက ခရိုင်တရားရုံးနှင့် ဗဟိုတရားရုံးတို့တွင် အယူခံအဆင့်ဆင့်တက်ခဲ့ကြသော်လည်း ၂၀၁၉ ခုနှစ်တွင် နောက်ဆုံးတင်ခဲသည့်အယူခံမှာ ထပ်မံရှုံးနိမ့်ခဲ့သည်။

ဝင်းနှင့်ဇော်တို့နှစ်ဦးကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၅ ရက်နေ့တွင် ထိုင်းဘုရင်၏ လွတ်ငြိမ်းခွင့်ဖြင့် သေဒဏ်မှတစ်ဆင့် တစ်သက်တစ်ကျွန်းပြစ်ဒဏ်သို့ လျှော့ပေါ့သတ်မှတ်ခဲ့ပြီး လက်ရှိ ထိုင်းနိုင်ငံတွင် အကျဉ်းကျခံနေရခြင်းဖြစ်သည်။

Photo– Thoo Chit

Crd

Unicode

ေငြေၾကးအခက္အခဲေၾကာင့္ ဝင္းႏွင့္ေဇာ္ကို မိသားစုဝင္မ်ား ေထာင္ဝင္စာ သြားမေတြ႕ႏိုင္ျဖစ္ေန

ထိုင္းႏိုင္ငံတြင္ တသက္တကြၽန္းျပစ္ဒဏ္ျဖင့္ အက်ဥ္းက်ခံေနရသည့္ ရခိုင္ျပည္၊ ေက်ာက္ျဖဴၿမိဳ႕နယ္၊ မီးေခ်ာင္းေရေသာက္ေက်း႐ြာမွ ကိုေဇာ္လင္းႏွင့္ ကပီေခ်ာင္းေက်း႐ြာမွ ကိုဝင္းေဇာ္ထြန္းတို႔ကို မိသားစုဝင္မ်ားမွာ ေငြေၾကးအခက္အခဲေၾကာင့္ ေထာင္ဝင္စာသြားမေတြ႕ႏိုင္သည္မွာ ၃ ႏွစ္ေက်ာ္ခန႔္ရွိၿပီျဖစ္ေၾကာင္း သိရသည္။

၎တို႔ႏွစ္ဦးကို မိသားစုဝင္မ်ားမွ သြားေတြ႕လိုေသာ္လည္း ၎တို႔၏မိခင္မ်ားမွာ ေနမေကာင္းျဖစ္ေနသျဖင့္ ေငြေၾကးအခက္အခဲရွိေနသည္။

ကိုဝင္းေဇာ္ထြန္း၏ အစ္ကိုျဖစ္သူ ကိုရဲေဇာ္ထြန္းက “က်ေနာ္တို႔ ေနာက္ဆုံးသြားေတြ႕ျဖစ္ခဲ့ၾကတာက ကိုဗစ္မျဖစ္ခင္ ၂၀၁၉ ခုႏွစ္ကပါ။ အခုအေမ့မ်က္စိမွာ တိမ္စြဲတဲ့ေဝဒနာျဖစ္ေနေတာ့ ပိုခက္သြားတာေပါ့။ အခု အဲဒီမ်က္စိကိုကုသဖို႔ေတာင္ ပိုက္ဆံမရွိဘူး။ က်ေနာ့္ညီဆီကို သြားေတြ႕ဖို႔ဆိုတာက အလႉေငြေတြရွိမွ၊ ၿပီးေတာ့ လိုက္ပို႔ေပးမယ့္သူေတြရွိမွ သြားေတြ႕လို႔ရမွာပါ”ဟု ေျပာသည္။

လက္ရွိတြင္ ကိုဝင္းေဇာ္ထြန္း၏မိခင္မွာ မ်က္စိေဝဒနာ ကုသမႈ ခံယူရန္အတြက္ ေက်ာက္ျဖဴၿမိဳ႕တြင္ ေဆးကုမႈခံယူေနရေၾကာင္းလည္း သိရသည္။

အလားတူ ကိုေဇာ္လင္း၏မိခင္ျဖစ္သူမွာလည္း ေခါင္းကိုက္ျခင္း၊လည္ပင္းအက်ိတ္အခဲတို႔ျဖစ္ေနသည္ဟု ကိုေဇာ္လင္း၏ အစ္ကိုျဖစ္သူ ကိုေဇာ္ဝင္းကေျပာသည္။

“အေမက အခုဆို စကားေတာင္ ေကာင္းေကာင္းမေျပာႏိုင္ေတာ့ဘူး။ ေခါင္းမူး၊ေခါင္းကိုက္တဲ့ေရာဂါအျပင္ လည္းပင္းမွာလည္း အက်ိတ္အခဲျဖစ္ေနေတာ့ ပိုဆိုးတာေပါ့။ ဒီၾကားထဲ သူ႔သားကိုပဲ သတိရေနတယ္။ အဲဒီစိတ္နဲ႔ပဲ ေနမေကာင္းျဖစ္ေနတယ္ထင္တယ္”ဟု ကိုေဇာ္ဝင္းကေျပာသည္။

မိခင္ျဖစ္သူ ေနမေကာင္းျဖစ္ေနသည့္အတြက္ ညီျဖစ္သူ ကိုေဇာ္လင္းကို အျမန္ဆုံးလြတ္ေျမာက္ေစခ်င္ၿပီဟု ကိုေဇာ္ဝင္းကေျပာသည္။

“ေငြေၾကးအခက္အခဲနဲ႔ စိတ္ဒုကၡေတြၾကားမွာ အေမ့ခမွ်ာလည္း ပင္ပန္းေနၿပီ။ က်ေနာ္ကေတာ့ ေသာကေရာက္ေနတဲ့ အေမ့ကိုၾကည့္ၿပီး ေဇာ္လင္းကိုေရာ ဝင္းေဇာ္ထြန္းကိုပါ အျမန္ျပန္လႊတ္ေပးၾကပါလို႔ပဲ ေတာင္းဆိုခ်င္တယ္”ဟု ကိုေဇာ္ဝင္းကဆိုသည္။

ကိုေဇာ္လင္း၏ မိခင္ျဖစ္သူ ေဒၚျဖဴေ႐ႊႏုက “သြားခ်င္တိုင္း သြားလို႔မရဘူး။ ပိုက္ဆံမရွိပါဘူး။ က်မေနမေကာင္းျဖစ္ေနတဲ့အတြက္ ျဖစ္ႏိုင္ရင္ က်မသားေလးကို အျမန္ဆုံးလႊတ္ေပးေစခ်င္တာ”ဟု ေတာင္းဆိုသည္။

၂၀၁၄ ခုႏွစ္က ထိုင္းႏိုင္ငံ၊ (လိပ္ကြၽန္း)၌ ၿဗိတိန္သွ်ႏိုင္ငံသား ခရီးသြားစုံတြဲႏွစ္ဦး အသတ္ခံရမႈႏွင့္ပတ္သက္၍ ကိုဝင္းေဇာ္ထြန္းႏွင့္ ကိုေဇာ္လင္းထြန္းတို႔ႏွစ္ဦးကို လူသတ္မႈ၊ မုဒိမ္းမႈ စသည္တို႔ကိုက်ဴးလြန္ခဲ့ေၾကာင္း စြပ္စြဲကာ အမႈ ၇ ခုျဖင့္ တရားစြဲဆိုၿပီး ေကာ္စမြီတရား႐ုံးက ၂၀၁၅ ခုႏွစ္တြင္ ေသဒဏ္ခ်က္မွတ္ခဲ့သည္။

ယင္းေနာက္ ေသဒဏ္ခ်ခံရမႈအေပၚ ၎တို႔၏ အက်ိဳးေဆာင္ေရွ႕ေနမ်ားက ခ႐ိုင္တရား႐ုံးႏွင့္ ဗဟိုတရား႐ုံးတို႔တြင္ အယူခံအဆင့္ဆင့္တက္ခဲ့ၾကေသာ္လည္း ၂၀၁၉ ခုႏွစ္တြင္ ေနာက္ဆုံးတင္ခဲသည့္အယူခံမွာ ထပ္မံရႈံးနိမ့္ခဲ့သည္။

ဝင္းႏွင့္ေဇာ္တို႔ႏွစ္ဦးကို ၂၀၂၀ ျပည့္ႏွစ္ ဒီဇင္ဘာ ၅ ရက္ေန႔တြင္ ထိုင္းဘုရင္၏ လြတ္ၿငိမ္းခြင့္ျဖင့္ ေသဒဏ္မွတစ္ဆင့္ တစ္သက္တစ္ကြၽန္းျပစ္ဒဏ္သို႔ ေလွ်ာ့ေပါ့သတ္မွတ္ခဲ့ၿပီး လက္ရွိ ထိုင္းႏိုင္ငံတြင္ အက်ဥ္းက်ခံေနရျခင္းျဖစ္သည္။

Photo– Thoo Chit

Crd

Leave a Reply

Your email address will not be published. Required fields are marked *