ရှောင်တိမ်းခဲ့ရတဲ့အချိန်မှာ ကူညီကယ်ထုတ်ပေးခဲ့တဲ့ ကျေးဇူးရှင်ကို သတိတရကန်တော့လိုက်တဲ့ မင်းမော်ကွန်း
ပရိသတ်အချစ်တော် မင်းမော်ကွန်း ကတော့ အနုပညာမှာ ကျရာဇာတ်ရုပ်ကနေ သရုပ်ဆောင်နိုင်သလို အနုပညာသက်တမ်းတစ်လျှောက်မှာလည်း နာမည်ပျက်မရှိအောင် နေထိုင်ခဲ့သူဖြစ်ပါတယ်။




အနုပညာလောကမှာလည်း ဖခင်ဖြစ်သူ ဦးဇင်ဝိုင်းကိုလည်း လူတိုင်းကလေးစားအားကျရသလိုသားဖြစ်သူ မင်းမော်ကွန်း ကလည်း အမှန်တရားဘက်ကို ရဲရဲဝင့်ဝင့်နေရဲသူလည်း ဖြစ်ပါတယ်။
မင်းသား မင်းမော်ကွန်း ကတော့ လူကိုယ်တိုင်လည်း ပါဝင်ဆန္ဒထုတ်ဖော်ခဲ့ပြီး လူများနည်းတူ လူမှု့ကွန်ယက်စာမျက်နှာထက်ကနေလည်း ဆက်လက်ပြီးတော်လှန်နေဆဲပဲ ဖြစ်ပါတယ်နည်းမျိုးစုံဖြင့် ခံဝန်ကတိထိုးဖို့တွန်းအားပေးခံခဲ့ရပေမယ့် နောက်မဆုတ်ဘဲ ပန်းတိုင်ကို မရောက်ရောက်အောင် လျှောက်လှမ်းနေဆဲပါပဲနော်။




လွတ်မြောက်နယ်မြေကို ရှောင်တိမ်းခဲ့စဥ်က ကူညီပေးခဲ့တဲ့ ဘာသာခြားဖြစ်တဲ့ အစ်ကိုတစ်ယောက်ကို လူမူ့ကွန်ယက်ပေါ်ကနေ ကန်တော့ခဲ့တဲ့အကြောင်းကို မင်းမော်ကွန်း ရဲ့ မိတ်ဆွေတစ်ဦးဖြစ်တဲ့ ကိုရဲမင်းက သူ့ရဲ့လူမူ့ကွန်ယက်ပေါ်မှာ ”
၅၀၅ က ဖြင့် ဝရမ်းထုတ်ခံရလို့ ရှောင်တိမ်းခဲ့ရတဲ့ ကိုကျော်နဲ့ ကျွန်တော့်ကို လုံခြုံစိတ်ချရတဲ့ နေရာ ရောက်အောင် ကူညီကယ်ထုတ်ပေးခဲ့ဖူးသော ကျေးဇူးရှိသလို ခုချိန်ထိစောင့်ရှောက်ပေးနေဆဲ ဖြစ်သော ကျွန်တော်နဲ့ ကိုကျော်ရဲ့ ကျေးဇူးရှင် ကိုကြီးစိုးကို Video Call ဖြင့် ဂါဝရပြုကန်တော့ ခဲ့သော ပုံရိပ်လေးပါ….




ယခုလို တော်လှန်ရေးကာလမှာ လုပ်စရာတွေ ရှိသေးတာမို့ ကိုကြီးစိုးတို့ ဇနီးမောင်နှံမျက်နှာ ကို ပိတ်ထားတာပါ တော်လှန်ရေးအောင်မြင်တဲ့ တစ်နေ့ ကျွန်တော်တို့ရဲ့ ကျေးဇူးရှင်တွေကို စင် ပေါ် မှာ ကျေးဇူးပြန်ဆပ်ကန်တော့တဲ့ အချိန်ကျရင် ရှေ့ဆုံးတန်းမှာ ထားပြီးကန်တော့ရမယ့် လေးစား စရာလူကြီးလူကောင်း ပုဂ္ဂိုလ်တစ်ဦးပါ….
ထို့အပြင် ကိုကြီးစိုးဟာ အကြမ်းဖက်စစ်ကောင်စီ လက်ထဲ ကျရောက်ခါနီး NUG အစိုးရပိုင်းမှ လက်ရှိ ဒုဝန်ကြီးတစ်ဦးနဲ့ သူ့မိသားစုကို ကျွန်တော်နဲ့ ညှိနှိုင်း တိုင်ပင်ပြီး လွတ်မြောက်အောင် ကယ်ထုတ်ပေးခဲ့ဖူး သလို လုံခြုံစိတ်ချရသော နေရာတစ်ခုရသည်အထိ ကူညီပေးနိုင်ခဲ့ပါသေးတယ်….




လက်ရှိမှာလည်း အနုပညာရှင်အချို့နဲ့ CDM တွေ ထွက်ပြေးတိမ်းရှောင်လာသူတွေကို ကူညီမှုတွေ ပေးနေတဲ့ လူမျိုးမခွဲ ဘာသာမခွဲခြားတတ်တဲ့ စစ် အာဏာရှင်ကို လက်မခံသော ဘာသာခြားတစ်ဦး ဖြစ်ပါတယ်….”လို့ ရေးသားထားပါတယ်။
ကျေးဇူးရှင်ကို သိတတ်တာဟာ မင်္ဂလာတစ်ပါးပါပဲနော်။ ကျေးဇူးရှင်ကို ဂါရဝပြုဖို့မမေ့တဲ့ ကိုကျော် တို့ စိတ်ဓာတ်လေး ဟာလဲ လေးစားချီးကျူးဖွယ်ကောင်းပါတယ်။ အဆုံးထိဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။
Crd
ZAWGYI VERSION
ရှောင်တိမ်းခဲ့ရတဲ့အချိန်မှာ ကူညီကယ်ထုတ်ပေးခဲ့တဲ့ ကျေးဇူးရှင်ကို သတိတရကန်တော့လိုက်တဲ့ မင်းမော်ကွန်း
ရှောင်တိမ်းခဲ့ရတဲ့အချိန်မှာ ကူညီကယ်ထုတ်ပေးခဲ့တဲ့ ကျေးဇူးရှင်ကို ကန်တော့လိုက်တဲ့ မင်းမော်ကွန်း
















Crd